《ကံကြမ္မာစေရာ [OC] (Completed)》Ep_21
Advertisement
Uni
အချိန်က မနက်၇နာရီ။ ကျင့်သားရနေပြီဖြစ်သော ဘုန်းမြတ်၏ မျက်လုံးအစုံတို့သည် အလိုအလျောက် နိုးထလာခဲ့သည်။ဒီနေ့မနက် ၉နာရီမှာ operation တစ်ခုရှိတာကြောင့် အခုကထဲကပြင်ဆင်ပြီး ဆေးရုံကို သွားရမည်ဖြစ်သည်။မြမှူးကိုကြည့်လိုက်တော့ ဘုန်းမြတ်ရဲ့ လက်ကိုခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။နေမကောင်းများ ဖြစ်နေလားဆိုပြီး နဖူးကို စမ်းကြည့်တော့ ကိုယ်ပူနေခြင်းမရှိတာကြောင့် စိတ်အေးသွားရသည်။ညက မြမှူး၀တ်ထားသော အင်္ကျီကို ဆွဲဖြဲထားတာမို့လို့ ၀တ်ဆင်ရလွယ်ကူစေရန် ဘုန်းမြတ်ရဲ့ ရှပ်အင်္ကျီလက်ရှည် တစ်ထည်ကိုသာ ပြန်၀တ်ထားပေးပြီး အပေါ်က စောင်ထပ်ခြုံပေးထားလိုက်သည်။
ညက ဘုန်းမြတ် သောင်းကျန်းထားသော မြမှူးကိုယ်ပေါ်ရှိအရာများသည် အခုမှ ပိုပြီးထင်ရှားလာသည်။မြမှူးရဲ့နှုတ်ခမ်းဖူးဖူးလေးမှာလဲ သွေးစများစို့ကာ သွေးခြေပင်ဥနေပြီဖြစ်သည်။စိတ်ရှိတိုင်းသာ ဆိုရင် ဒီနေ့တစ်နေကုန် မြမှူးအနားမှာပဲ နေချင်နေပေမဲ့ အခုက ဆေးရုံကို မသွားလို့မဖြစ်သည့် အခြေအနေမို့ သွားရပေဦးမည်။ကလေးတစ်ယောက်လို အိပ်မောကျနေသော သူမကို မနှိုးရက်တာမို့ နဖူးကို ဖိနမ်းလိုက်ပြီး မနက်ခင်းက်ုနှုတ်ဆက်ကာ ရေချိုးခန်းထဲကို၀င်ခဲ့သည်။
ရေချိုးနေရင်း ညကအကြောင်းကို ပြန်စဥ်းစားမိတော့ မနေ့ညကအရက်တန်ခိုးကြောင့် မြမှူးအပေါ်ကြမ်းကြမ်းတမ်းတမ်းတွေများ လုပ်မိသေးလားဆိုတာ ပြန်စဥ်းစားနေရသည်။first time ကို နာကျင်မှူများအဖြစ် အမှတ်မရစေချင်၍ တစ်ကြိမ်သာအတူနေခဲ့တာကြောင့် မြမှူးသိပ်တော့အပြင်းအထန် မခံစားရလောက်တာတော့ ကျိန်းသေသည်။အခုတော့ ရေအမြန်ချိုးပြီး ဆေးရုံရှိအလုပ်တွေ အကုန်အပြီးသတ်ကာ မြမှူးဆီအမြန်ပြန်လာဖို့ပဲ စိတ်ကစောနေသည်။
×××××××××××××××
မြမှူး အိပ်ယာကနိုးတော့ ကုတင်ပေါ်အနည်းငယ်လှုပ်လိုက်တာနဲ့ကို တစ်ကိုယ်လုံးနာကျင်နေသည်။အထူးသဖြင့် အကိုညက တစ်ချိန်လုံး ဆွဲညှစ်ထားသော ရင်သားများက ပိုပြီးအထိမခံနိုင်ဖြစ်နေသည်။စားပွဲပေါ်က နာရီကိုကြည့်လိုက်တော့ နေ့လည် ၁နာရီပင်ထိုးနေပြီ။အိမ်တစ်ခုလုံး တိတ်ဆိတ်နေ၍ အကိုအိမ်မှာ မရှိတာကိုသိလိုက်သည်။စောင်ကိုခွာပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ အကို့ရှပ်အင်္ကျီအဖြူလက်ရှည်တစ်ထည်သာ၀တ်ထားပြီး လည်ပင်းကကြယ်သီး နှစ်လုံးလောက်ဖြုတ်ထားတာကြောင့် ၀တ်ရတာသက်တောင့်သက်သာတော့ ရှိပေမဲ့ ရင်ဘက်တစ်ခုလုံးက အညိုအမဲများကိုတော့ အတိုင်းသားမြင်နေရသည်။။တစ်ကိုယ်လုံးကိုက်ခဲပြီး ငြီးစိနေကြောင့် လန်းဆန်းသွားစေရန် ရေချိုးဖို့ထလိုက်သည်။
"အ"
ကုတင်အောက်ကို ခြေထောက်ချလိုက်တဲ့အချိန်
ညကမှလတ်လတ်ဆက်ဆက် အကိုနဲ့ပေါင်းဖက်ခဲ့သော ထိုနေရာက နာကျင်မှုကြောင့် မြမှူးအသံပါထွက်မိသည်အထိဖြစ်ရသည်။
"ချောက်"
"မှူး.... နိုးလာပြီလား .....ထရောထနိုင်ရဲ့လား"
အခန်းတံခါးဖွင့်သံနဲ့အတူအကိုက မြမှူးဘေးနားကို အလျင်အမြန်ရောက်လာတာကြောင့် မြမှူးရင်တောင်တုန်သွားရသည်။
"အကို ဒီအချိန်ကြီးဘယ်လိုလုပ်ပြန်လာတာလဲ"
"မှူးကိုစိတ်မချလို့လေ.....ကဲပြော အခုဘယ်ကိုသွားချင်တာလဲ"
"မှူး...ရေချိုးမလို့ထတာ.....အခုမှအိပ်ရာကနိုးတာမို့လို့"
"လာ ရေချိုးခန်းထဲအထိကိုယ်လိုက်ပို့မယ်"
အကိုကစကားဆုံးတာနဲ့ မြမှူးကိုပွေ့ချီလိုက်ကာ ရေချိုးခန်းရှိရာကို ခေါ်သွားတော့သည်။
"ဒီမှာခဏထိုင်ဦး"
မြမှူးကို ရေချိုးခန်းထဲကခုံတစ်လုံးပေါ်မှာ ချထားခဲ့ပြီး အကိုကတော့ ရေချိုးကန်ထဲရေဖြည့်ကာ ရေနွေးဖြင့်စပ်နေသည်။
"ရပြီ မှူး ရေချိုးလို့ရပြီ"
"ဟင် ! အကိုအပြင်ကိုထွက်မှ မှူးကချိုးလို့ရမှာပေါ့"
"ဟာ !!မှူးကလဲ ကိုယ်ပြောပြီးသားလေ ကိုယ်တို့ကအခု တရား၀င်လင်မယားဖြစ်နေပြီ ရှက်မနေပါနဲ့ဆိုတာကို....အကယ်၍ မှူးရေချိုးနေရင်း တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ အခုတောင်ကိုယ်ကိုယ်ကိုတောင်နိုင်တာမဟုတ်ဘူး......လာပါ...ကိုယ်ကိုယ်တိုင် ချိုးပေးမယ်"
"ဟင့်အင်း မှူးဘာသာချိုးမယ် အကိုအပြင်ထွက်"
မြမှူးအကို့ကို အပြင်ကို တွန်းထုတ်ဖို့ ထိုင်ခုံကနေထလိုက်သည်။
"အာ့"
ဆိုသော အသံနဲ့တူ ခြေထောက်ယိုင်ကြသွားတော့သည်။ကံကောင်းသည်က အကိုကဆွဲပြီး လှမ်းထိန်းလိုက်တာကြောင့် ရေချိုးခန်းကြမ်းပြင်နဲ့ ခေါင်းနဲ့မိတ်ဆက်တော့မယ့်အစား အကို့ရဲ့နွေးထွေးသော ရင်ခွင်ထဲကိုသာရောက်ရှိသွားတော့သည်။
"တွေ့လား ကိုယ်ပြောသားပဲ..... ခေါင်းမာမနေနဲ့တော့.....မှူး တစ်ကိုယ်လုံး ကိုယ်မမြင်ဖူးတဲ့နေရာလဲမရှိတော့ဘူး....ရှက်မနေနဲ့"
မြမှူးမှာ ကိုယ့်အပြစ်နဲ့ကိုယ်ဆက်ပြိုင်ငြင်းဖို့လဲ အားမရှိတော့တာကြောင့် ဘာမှဆက်မပြောဘဲ နှုတ်ခမ်းဆူပြီးသာ ငြိမ်နေရတော့သည်။
အကိုက သူ့အင်္ကျီကိုအရင်ဆုံးချွတ်လိုက်ပြီးတာနဲ့ မြမှူးကိုဆွေ့ခနဲ ပွေ့ချီပြီး ရေချိုးကန်ထဲကို ၀င်လိုက်သည်။အခုအနေအထားက အကိုက ကန်ကို မှီထားပြီးအကိုအရှေ့မှာ မြမှူးကိုထားကာ အကို့ရင်ဘက်ကိုမှီထားစေသည်။မြမှူးကို အကိုကိုယ်တိုင်၀တ်ပေးထားသောရှပ်အင်္ကျီအဖြူမှာ အခုဆိုရင် ရေနဲ့ကပ်ပြီး အတွင်းပိုင်းကိုအတိုင်းသားမြင်ရနေပြီဖြစ်သည်။ဒါပေမဲ့ အကိုက မြမှူးနဲ့အနောက်ဘက်မှာမို့ သိပ်တော့ပြဿနာမရှိပေ။
တဖြည်းဖြည်းနဲ့အကို့လက်တွေက မြမှူးကို အကိုကိုယ်တိုင်၀တ်ပေးထားသော အင်္ကျီရှိကြယ်သီးတို့ကို တစ်လုံးချင်းဖြုတ်နေတာမို့ မြမှူးရင်တွေဆက်တိုက်ခုန်လာရသည်။အဆုံးထိကြယ်သီးတို့ကိုဖြုတ်ပြီးသည်နဲ့ အင်္ကျီကိုဆွဲချွတ်ပြီး ရေချိုးကန်အပြင်ဘက်ကို ပစ်ချလိုက်သည်။အခုချိန်မှာအကိုက အပေါ်ပိုင်းအင်္ကျီမရှိပေမဲ့ အောက်ပိုင်းကတော့ဘောင်းဘီရှိသည်။ဒါပေမဲ့ မြမှူးရဲ့ တစ်ကိုယ်လုံးက ဘာအ၀တ်အစားမှ မရှိတော့တာကြောင့် အနည်းငယ်ရှက်ရွံမိနေသည်။
"မှူး....."
"ရှင်"
"မှူး နောက်ဆိုရင် ကိုယ့်ကိုမရှက်ရဘူးနော်....."
အကိုက မြမှူးရဲ့ခါးကို ဖက်ထားရင်းပြောလိုက်တာသည်။
"အင်း"
အကိုပြောတာမှန်ပါသည်။ဒီအခြေအနေအထိ ရောက်လာပြီးတော့မှ မှူးရှက်နေလို့ မရတော့ပေ။ဒါကြောင့် အခုချိန်ကစပြီး အကို့ကိုအရာအားလုံးကို ပွင့်ပွင့်လင်းလင်းပြောတော့မယ်လို့ဆုံးဖြတ်လိုက်သည်။အကိုက မြမှူးပုခုံးပေါ်မေးတင်ထားပြီး လက်နှစ်ဖက်က မြမှူးခါးကိုပွေ့ဖက်ထားသည်။မြမှူး အကို့မျက်နှာရှိရာဘက်ကို လှည့်လိုက်တာနဲ့ ရုတ်တရက်ဖိကပ်ခြင်းခံလိုက်ရသောနူးညံ့တဲ့ နှုတ်ခမ်းဖျားရဲ့ အထိအတွေကြောင့် မြမှူးအကို့လက်ကို တင်းတင်းဆုပ်ကိုင်ကာ မျက်လုံးများပင်မှိတ်မိသည်အထိ ဖြစ်မိသည်။
"အရမ်းချစ်တယ်....."
အကို့ရဲ့ စကားသံခပ်အေးအေးက မြမှူးနားထဲမှာ နွေရာသီတွင် တိုက်ခတ်သော လေပြည်အေးအလား အေးချမ်းသွားသည်။မြမှူးအကို့စကားကြောင့် ပြုံးရင်း အကို့ရင်ခွင်ထဲကိုသာမှီထားလိုက်သည်။
"အကို"
"ဗျာ"
မြမှူးဘယ်အချိန်ခေါ်ခေါ် ကလေးတစ်ယောက်လို"ဗျာ"လို့ အမြဲထူးသော အကိုကြောင့် မြမှူးမှာ ရီမိရသေးသည်။
"မှူးကိုယ်ပေါ်က အရာတွေက ဘယ်အချိန်လောက်မှပျောက်မှာလဲဟင်"
အကို ပေးထားသော မာကင်ရာများက လည်ပင်းမှစပြီး ၀မ်းဗိုက်နားအထိ ပွစာကြဲနေခြင်းကြောင့်ဖြစ်သည်။
"ဘာဖြစ်လို့လဲ ...မှူးရဲ့....မှူးက ပျောက်စေချင်နေပြီလား"
"မဟုတ်ပါဘူး....နောက်တစ်ပတ်ဆိုရင် မှူးက ကျောင်းသွားအပ်ရတော့မှာ...အဲ့ကြရင် မှူးက ဒီအရာတွေနဲ့ ဘယ်လိုအပြင်ထွက်ရမှာလဲ"
"မှူးကလဲကွာ....ပိုကောင်းတာပေါ့....အဲ့ဒါမှ ပိုင်ရှင်ရှိမှန်းသိပြီး ဘယ်ကောင်မှအနားမကပ်ရဲတော့မှာ"
Advertisement
"ဟွန့်....အကိုကအခုကတည်းက မှူးကို လွတ်လွတ်လပ်လပ်မနေစေချင်တော့ဘူးလား"
"မဟုတ်ပါဘူး ...မှူးကလဲ စိတ်မဆိုးပါနဲ့.....ကိုယ်ကစတာပါ...အခုရေချိုးပြီးရင် အစာစားပြီး ဆေးသောက်ရမယ်...ပြီးရင် ကိုယ်ဆေးလိမ်းပေးမယ်....အမြန်ပျောက်အောင်လို့......အဲ့လောက်ဆိုကျေနပ်ပြီလား"
"အင်း"
မြမှူးက ပြုံးရီရင်း ခေါင်းငြိမ့်ပြမှသာ ဘုန်းမြတ်မှာစိတ်အေးသွားရသည်။
××××××××××
"ဆရာ အရေးပေါ်!!!!!"
နေ့လယ်စာ စားချိန်နီးမှ အရေးပေါ်လူနာဆို၍ ဘုန်းမြတ် သက်ပြင်းတစ်ချက်ချမိလိုက်သည်။
လူနာတင်ကားပေါ်ကနေ ချလာသော ကုတင်ပေါ်က လူနာက မိန်းကလေးတစ်ယောက်ဆိုတာတော့ လှမ်းမြင်တာနဲ့ တန်းသိလိုက်သည်။
"ဟင်!!! ယမုံ"
လူနာတင် ကုတင်ပေါ်ကို ပြောင်းပြီးရွေ့နေတဲ့အချိန် ဘုန်းမြတ်ရောက်လာတာကြောင့် ရုတ်တရက်မြင်လိုက်ရသော ရင်းနှီးတဲ့မျက်နှာကြောင့် ထိတ်လန့်မိသွားသည်။
"လူနာက ဘယ်နေရာမှာ ဘာဖြစ်တာလဲ"
"လမ်းလယ်ခေါင်မှာ မူးလဲတာပါဆရာ....ကြည့်ရတာ အားမရှိတဲ့ပုံစံလဲပေါက်နေပါတယ်"
ဘုန်းမြတ် အလျင်အမြန်ပင် သွေးပေါင်ချိန်ရင်း
မူးလဲရတဲ့ အကြောင်းအရင်းကို ရှာဖွေနေလိုက်သည်။
"ဆရာမ ဒီကိုခဏလောက်လာပါဦး"
ဘုန်းမြတ် လှမ်းခေါ်လိုက်တဲ့ အသံကြောင့် သူနာပြုဆရာမ တစ်ယောက် အမြန် အနားကိုရောက်လာသည်။
"ဒီလူနာကို အခုသွေးစစ်ပေးလိုက်ပါ.....အဖြေကိုအမြန်ဆုံးလိုချင်တယ်"
ကုတင်ပေါ်မှာ ဖြူဖျော့စွာ လှဲနေသော ယမုံ့ကိုကြည့်ပြီး ဘုန်းမြတ်စိတ်ထဲမှာ ဆုတောင်းနေမိသည်ကသူထင်ထားသလို မဖြစ်ပါစေနဲ့ ဆိုသော စိတ်တစ်ခုထဲပင်.........
×××××××××××
"ဆရာ လူနာနိုးလာပါပြီ"
ယမုံနိုးလာလျှင် လာအသိပေးဖို့ ဘုန်းမြတ်မှာထားသဖြင့် သူနာပြုတစ်ယောက်က လာပြောခြင်းဖြစ်သည်။ဘုန်းမြတ် လေးလံသောခြေလှမ်းတွေနဲ့ ယမုံရှိရာကိုဦးတည်လိုက်သည်။
"လူနာက ဘယ်ရောက်သွားတာလဲ"
ယမုံရှိတဲ့ ကုတင်ကိုရောက်သွားပေမဲ့ ယမုံကမရှိတော့သဖြင့် ဘုန်းမြတ် ခေါင်းမီးတောက်သွားတော့သည်။
"ခုနကအထိ ရှိနေသေးတယ်ဆရာ"
သူနာပြုတွေနဲ့ ဆရာ၀န်အချို့လဲ လူနာပျောက်သွားတာကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ဘုန်းမြတ် ဆေးရုံအပြင်ကိုဘက်က်ို အမြန်ပြေးထွက်သွားပြီးလိုက်ရှာလိုက်သည်။
အတော်ကြာကြာရှာပြီးတော့မှ ယိုင်နဲ့နေသော ခြေလှမ်းများနဲ့အတူ ကားလမ်းမဆီသို ဦးတည်နေတာကြောင့် ဘုန်းမြတ်အမြန်သွားပြီး ပြေးဆွဲလိုက်သည်။
"မင်းအခု ဒါဘာလုပ်တာလဲ"
"ဖယ်ပေး.. ယမုံ့ကိုယ့်လမ်းကိုသွားပါရေစေ
ဒီလောကကြီးထဲမှာ ဆက်မနေချင်တော့ဘူး"
ယမုံ့က ဘုန်းမြတ်ကို အတင်းတွန်းဖယ်ပြီး ကားတွေ တ၀ီ၀ီသွားနေသော လမ်းမထက်ကို ပြေးထွက်ဖို့ လုပ်နေသဖြင့် ဘုန်းမြတ် အတင်းဆွဲပြီးထိန်းနေရသည်။ကားလမ်းဘေးမှာ နှစ်ယောက်သား ရုန်းရင်းဆန်ခက်ဖြစ်နေတာကြောင့် လူတစ်ချို့ကတော့ ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။
"ယမုံ အရင်ဆုံး စိတ်အေးအေးထား...ကိုယ်ပြောတာနားထောင်......"
ဘုန်းမြတ် ယမုံ့မျက်နှာကို တည့်တည့်ကြည့်ပြီး အရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်ပေးနေရသည်။
"ဟုတ်ပြီလား......ယမုံ ဘာမှ စိတ်မပူနဲ့ အားလုံးကို အဆင်ပြေအောင် ကိုယ်လုပ်ပေးမယ်"
"ကိုဘုန်းက အခု ယမုံ့ကို သနားနေတာလား"
မျက်ရည်များတသွင်သွင် စီးကျကာ ဘုန်းမြတ်ကိုကြည့်ပြီးပြန်ဖြေသော ယမုံ့ကို ကြည့်ပြီး ဘုန်းမြတ်သနားမိတာတော့အမှန်ပါ။
"အခုလောက်ဆို ကိုဘုန်း သိလောက်ရောပေါ့ ယမုံ့ရဲ့ အခြေအနေကို........ကိုဘုန်းအပေါ်လှည့်စားမိခဲ့တဲ့အတွက် ဘုရားပေးတဲ့ အပြစ်ဒဏ်တွေထင်ပါတယ်"
"ယမုံ ဒီရောဂါနဲ့ပတ်သက်ပြီး ဘာမှ စိတ်ဓာတ်ကျစရာအကြောင်းမရှိဘူး.....ဒီမှာ ဆရာ၀န် ကိုယ်တစ်ယောက်လုံးရှိတယ်......ကိုယ်အကောင်းဆုံးကုသပေးမယ်....ဘာမှ စိတ်မပူနဲ့နော်"
"ကိုဘုန်း အခုချိန်ထိ ယမုံ့ကို စိတ်မနာသေးဘူးလား"
"အခုက သူငယ်ချင်းတစ်ယောက်အနေနဲ့ရော.....ဆရာ၀န်တစ်ယောက်အနေနဲ့ရော ပြောနေတာ အတိတ်ကကိစ္စတွေနဲ့ ဘာမှ မပတ်သတ်ဘူး"
"တကယ့်ကို ယမုံ့အတွက်တော့ ကိုဘုန်းကလွဲပြီးဘယ်သူမှမရှိဘူးပဲ....."
"အဲ့ဒါကြောင့် အခုကစပြီး ယမုံ့ကိုယ့်ကျန်းမာရေးကိုယ်ပဲ ဂရုစိုက်........ယမုံ့ဘေးနားမှာ သူငယ်ချင်းတစ်ယောက်အနေနဲ့ အမြဲရှိနေပေးမယ်"
"ယမုံတောင်းပန်ပါတယ်.......ကိုဘုန်းအပေါ်မှာလုပ်ခဲ့မိတဲ့အရာတွေအားလုံးအတွက်.......နောက်ကျနေပြီဆိုပေမဲ့လဲ တကယ်စိတ်ရင်းနဲ့ကိုတောင်းပန်တာပါ......အဲ့နေ့ကတည်းက ယမုံ့ ကိုဘုန်းကို ထပ်မနှောက်ယှက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့......အခုလို လောကကြီးမှာနေရဖို့ အချိန်ဘယ်လောက်မှမရှိတော့ဘူးဆိုတာ သိရတဲ့အချိန်မှာ ကိုဘုန်းဘေးနားမှာပဲ ရှိနေချင်နေမိတာ......ယမုံ့လို လူကကိုဘုန်းနဲ့ မထိုက်တန်ဘူးဆိုတာ သိပါတယ်....ဒါပေမဲ့ သေတော့မယ့်လူရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးတဲ့ အနေနဲ့ပဲဖြစ်ဖြစ် ယမုံ့ဘေးမှာရှိနေပေးပါနော်......သူငယ်ချင်းတစ်ယောက်အနေနဲ့ပါပဲ....
တခြားဘာမှ မတောင်းဆိုပါဘူး.....ယမုံ့ဘ၀မှာ အဖေဆုံးပြီးကတည်းက ယမုံ့အပေါ်မှာ စိတ်ရင်းအမှန်နဲ့ ဂရုစိုက်ပေးတာဆိုတော့ ကိုဘုန်းပဲရှိခဲ့တယ်ဆိုတာ ယမုံ့အခုမှ နားလည်ခဲ့ပေမဲ့ သိပ်ကိုနောက်ကျနေပြီဆိုတာ သိပါတယ်.....ယမုံ့ဆန္ဒကို နောက်ဆုံးအနေနဲ့ပဲဖြည့်ဆည်းပေးပါ"
"ယမုံ......ကိုယ်ပြောပြီးလေ....အခုချိန်ကစပြီးကိုယ်ယမုံ့အတွက် သူငယ်ချင်းအနေနဲ့ရော ဆရာ၀န်တစ်ယောက်အနေနဲ့ရော အစွမ်းကုန် ကူညီပေးသွားမယ်ဆိုတာ"
"ယမုံ ကိုဘုန်းကိုအရမ်းကျေးဇူးတင်ပါတယ်"
နောင်တတွေအပြည့်နဲ့ ငိုကြွေးနေသော ယမုံ့ကိုကြည့်ရင်း သူ့အပေါ်မှာ ဘုန်းမြတ် ဘာရန်ငြိုးမှ မထားချင်တော့ပါ။ယမုံ့ရဲ့ မိုက်မဲမှုကြောင့် အခုဆိုရင် HIV ပိုးက သူ့ကိုယ်အတွင်းမှာရှိနေပြီမို့ ပုံမှန်ဆေးကုသမှုခံယူရန် အထူးလိုအပ်နေပြီဖြစ်သည်။ခုခံအားကလဲ အတော်ကျဆင်းနေတာမို့ စိတ်ဓာတ်မကျပဲ ရောဂါကိုခုခံနိုင်မှ တော်ကာကျမည်ဖြစ်သည်။ဆရာ၀န်တစ်ယောက်အနေနဲ့ ယမုံကိုအတတ်နိုင်ဆုံး သူကုသပေးဖို့ဆုံးဖြတ်လိုက်သည်။ဒီအကြောင်းကို မြမှူးမသိစေရန် လျှို့၀ှက်ထားဖို့မှာလဲ အဓိအချက်ဖြစ်သည်။ဘယ်မိန်းခလေးကမှ ကိုယ့်ယောကျာ်းက သူ့ရည်းစားဟောင်းနဲ့ ပြန်ပတ်သက်နေမှာကို လိုလားမည်မဟုတ်ပါ.........။
Zawgyi
Advertisement
×××××××××××××××
"အ"
"ချောက်"
"ဒီမှာခဏထိုင်ဉီး"
"အာ့"
"မှူး....."
"ရှင်"
"အင်း"
"အရမ်းချစ်တယ်....."
"အကို"
"ဗျာ"
"အင်း"
××××××××××
"ဆရာ အရေးပေါ်!!!!!"
"ဟင်!!! ယမုံ"
"ဆရာမ ဒီကိုခဏလောက်လာပါဉီး"
×××××××××××
"ဆရာ လူနာနိုးလာပါပြီ"
အတော်ကြာကြာရှာပြီးတော့မှ ယိုင်နဲ့နေသော ခြေလှမ်းများနဲ့အတူ ကားလမ်းမဆီသို ဉီးတည်နေတာကြောင့် ဘုန်းမြတ်အမြန်သွားပြီး ပြေးဆွဲလိုက်သည်။
"မင်းအခု ဒါဘာလုပ်တာလဲ"
Advertisement
- In Serial27 Chapters
The Other Labyrinth
She died. Or maybe she didn't. But something took an interrest in her. So now she is here. The Labyrinth. How will it change her ? I can't wait to see it by myself... "To rise and to fall, sides of the same always spinning coin, just dependent of the point of view. Is this the end of something ? The start ? Both ? In any cases, I’m eager to see what this hive-shaped poisonous insect jar while held. It’s always dangerous to make a Kodoku..." Whispered the voice, but the young woman was already sleeping deeply and didn’t hear her. Those words were lost in the void, auspicious of a uncertain and chaotic future... Warning : Sexual content, with potential gore in it, maybe rape, and general gore and other shocking matters. Sensitive soul abstain. (or try it and see if it's that bad.) Release are whenever i've the time to work on it, which is something very random. I will try to upload something every three days, though. There is a lot of different tag because Labyrinth is designed to be a patchwork of multiple settings clashing into each others ^o^ Cover was made with Silk: http://weavesilk.com/ which is licenced under Creative Common ^^ And by the way, if anyone want to make a fanart of the novel, I would be honored to use it as the cover ^^ I greatly respect illustrator, keep creating amazing piece of art, you're the best ^^ Important Note : This is in Hiatus for now, because I need to focus my mind on something else, but I don't intend to abandon it. When I've the mind for it, I'll take it and rewrite it partially, rearrange it and correct the shit-ton of error I made ^-^
8 269 - In Serial8 Chapters
MUFFINS & THE JAILBIRD [BWWM](COMPLETED)#thewattys2018
"So... you just got out of jail?" I didnt want to point out the fact he was going right back. Clearly, he wasnt the brightest bulb in the box. I put the money in the bag while he pointed the gun at me with a flirtacious smile playing on his sexy full lips. It was pretty weird to bond with a bakery robber in the middle of a robbery with a gun pointed in your face...
8 134 - In Serial10 Chapters
Feelings (ShiningSpike)
Spike developed a crush on a certain prince who happens to be the leader of the royal guards... But the problem is that he is married...
8 172 - In Serial75 Chapters
When Stars Align
"You have got to be kidding me" he utters suddenly."What?" i ask and follow his line of sight down to the ground floor front desk."Angelo? What's wrong" i ask again, concern creeping into me as I put my hand over his on the table."Nothing's wrong baby. Just that my sisters are here" he turns to look at me and turns his hand over, so that he grips mine comfortingly."Oh....oh! Ok, well, we are done here right?" i ask rhetorically, referring to our meal, then pull my hand free and reach for my purse."Yeah, calm down. It's ok, i just wasn't expecting them to show up here" he says softly, when he notices me getting ready to leave."No worries" i stand up anyway."What are you doing?" He asks, alarmed."Leaving, i will see you later, yeah?""Marianne, sit down" His eyes narrow at me in an intimidating manner, but i don't cower."Sit down" he says again, even more assertively."I am not meeting any more of your family." I mutter."Sit down! this is not funny" he says under his breath, trying not to bring too much attention to our table, when i look just about ready to leave."Thank you for lunch..bye" i whisper and go down the other way from the direction his sisters are now coming to our floor on.I don't turn around to see the look on Angelo's face, but i can feel his heated gaze as it drills holes into my back.*********When the stars align, and Angelo Morreli meets Marianne Wright, Angelo is drawn to her by something he can't explain, like a light shining in the hidden darkness that is in his World...for Mary, he is an enigma, capable of drawing her out of her comfort zone, she knows right away that she should run the opposite direction fast.......and Never. Look. Back.............because it's the second glance that ties your hands, as darkness pulls the strings.#1 in Original story (05/01/2022)Books by BellamerceBook 1: Only For You (Completed)Book 2 :When Stars Align (Completed)Book 3: Fire On Fire (Completed)
8 418 - In Serial28 Chapters
TEASER //LUKADRIEN // KAGAMINETTE
What happens if Marinette's feelings for Adrian goes towards someone else? And a girl at that?And cat noir no longer loves ladybug?
8 139 - In Serial26 Chapters
CAPTIVATED
"Alixandria," He whispered my name. His hand was still wrapped around my wrist. My eyes fluttered open and I was caught in his gaze. I was drawn to the silver color in the center of his eyes, his full lips. I still felt a high even more so when he came closer. His hand was now playing with my fingers while the other one gently stroked my cheek. His touch left a trail of fire. My face felt hot. "What is this?" I practically whimpered. I had never felt so physically turned on.Idris's chest heaved too, as if our contact also made him breathless. He was staring at our hands he intertwined. "It's our pull Alixandria," he looked back deep into my eyes, "I told you, you're my soulmate." ~No matter where Alixandria Ross goes, Idris seems to be there for her and an almost fatal encounter reveals the truth of what Idris is and a confession that unsteadies her life. She's his soulmate, but there's just one problem...She already has a soulmate, her boyfriend Henry. However, Idris seems determined to prove otherwise.____________________________________________________________________________Story Rated Mature: some strong language, sexual scenesCategory: ROMANCE/PARANORMAL ROMANCE (read the tags lol)
8 113