《ကံကြမ္မာစေရာ [OC] (Completed)》Ep_19
Advertisement
Uni
မြမှူးနဲ့ အကိုနဲ့ တစ်ယောက်ခံစားချက်တစ်ယောက် ဖွင့်ဟ၀န်ခံပြီးတဲ့နောက်ပိုင်း အရင်ကထက်ပိုပြီး နှလုံးသားချင်းနီးစပ်သွားသလိုခံစားရသည်။အကိုက မြမှူးအပေါ်တစ်နေ့တစ်ခြား ပိုပိုဂရုစိုက်ပြီး မြမှူးကို ချစ်ကြောင်းပြနေသလို မြမှူးကလဲ အကို့ကို အရင်ကထက်ပိုပြီး သံယောဇဥ်ကြီးပြီး ချစ်မိလာသည်.....။
"ကလင် ကလင် ကလင် ကလင်"
ဧည့်ခန်းထဲရှိ ကြိုးဖုန်းမြည်သံကြောင့် မြမှူးအကိုဆေးခန်းကို သွားဖို့အတွက် အင်္ကျီအဆင်သင့်ပြင်ပေးနေရင်းကနေ ဖုန်းထွက်ကိုင်လိုက်သည်။
"ဟယ်လို"
"ဟယ်လို.... သမီး မှူးလေးလား"
ရင်းနှီးနေသော အသံကြောင့် မြမှူး မျက်နှာအလိုလိုပြုံးသွားရသည်။
"ဟုတ်...အမေ သမီး မြမှူးပါ"
အကို့အမေက သူ့ကို အမေလို့ ခေါ်ရန်သင်ပေးထားသဖြင့် မြမှူး မခေါ်ဖြစ်တာ ၁၀နှစ်နီးပါးရှိပြီဖြစ်တဲ့ အမေဟူသော နာမ်စားကို အခု ပြန်လည်ခေါ်ဆိုနိုင်ခဲ့လေပြီ။
"အေး မှူးလေး အမေနဲ့အဖေ ဒီနေ့ သမီးတို့အိမ်ကို ညအိပ်အလည်လာမလို့ အဲ့ဒါသမီးတို့ အဆင်ပြေရဲ့လားလှမ်းမေးတာ"
"မပြေစရာ ဘာရှိလို့လဲ အမေရယ်....အမေတို့ အချိန်မရွေးလာလို့ရတယ် "
"အေးအေး အဲ့ဒါဆို အမေတို့ ညနေဘက် အလုပ်ပြီးတာနဲ့ လာခဲ့မယ်......ညစာတူတူစားကြတာပေါ့.......သားဘုန်းမြတ်ကိုလဲ ပြောလိုက်ဦးနော် သမီး"
"ဟုတ်ကဲ့ အမေ အကိုရေချိုးပြီး ထွက်လာတာနဲ့ သမီးပြောပြလိုက်မယ်နော် ညနေကျရင်ညစာတူတူစားရအောင် အကို့ကို စောစောပြန်လာခိုင်းလိုက်မယ်"
"အေး ကောင်းတယ် ကောင်းတယ်
အဲ့ဒါဆို အမေဖုန်းချလိုက်တော့မယ်နော်"
"ဟုတ်ကဲ့ အမေ"
××××××××××
ဖုန်းချပြီးတာနဲ့ ဒေါ်ချိုမာ မြမှူးနဲ့ ဘုန်းမြတ်အကြောင်းတွေးရင်းပြုံးမိသည်။အစကတော့ အဆင်မပြေမှာ စိုးရိမ်မိပေမဲ့ အခုနှစ်ယောက်လုံးက ချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေနေတာ သိရတော့ အရင်က ဘုန်းမြတ် ယမုံနဲ့ တွဲနေစဥ်က အမြဲ စိတ်ဆင်းရဲနေရသော ဒေါ်ချိုမာသည် အခုအချိန်မှာတော့ စိတ်အေးလက်အေးနေနိုင်ပြီဖြစ်သည်။
×××××××
မြမှူးဖုန်းပြောပြီးတာနဲ့ အကို့အခန်းထဲ၀င်ပြီး အကို့ကိုလှမ်းခေါ်လိုက်သည်။
"အကို ရေချိုးလို့ မပြီးသေးဘူးလား မြန်မြန်လုပ်အရေးတကြီးပြောစရာရှိတယ်"
"ခဏလေး...... ပြီးတော့မယ်"
ရေချိုးခန်းအပြင်ကနေ လှမ်းအော်နေသော မြမှူးအသံကြောင့် ဘုန်းမြတ် ခန္ဓာကိုယ်ပေါ်ရှိဆပ်ပြာတွေကုန်အောင် ရေအမြန်လောင်းချိုးလိုက်သည်။
"မြမှူး ဘာဖြစ်လို့အရေးတကြီးအော်ခေါ်နေတာတုန်း"
မြမှူးပုံစံကိုကြည့်ရတာတစ်ခုခုကို စိတ်လှုပ်ရှားနေတဲ့ပုံစံ။
"ဒီည အမေနဲ့အဖေ အိမ်ကိုလာလည်မယ်တဲ့"
"သြော်...မှူးရယ် အမေတို့လာတာပဲ အဆန်းလုပ်လို့"
"ညအိပ်လာမှာတဲ့လေ"
အကို ရေသုတ်ဖို့ တဘတ် တစ်ထည်လှမ်းပေးရင်း ပြောလိုက်သည်။
"ဟမ်!! အမေတို့က ဘာလုပ်ဖို့ ညအိပ်လာမှာလဲ"
ဘုန်းမြတ်လဲ ညအိပ်လာမှာ ဆိုသော
စကားကြောင့် လန့်ဖြန့်သွားရသည်။
အကြောင်းအရင်းက ဟိုတစ်လောက မြမှူးနဲ့ဘုန်းမြတ်တို့ အမေ့ဆီအလည်သွားတုန်းက
အမေ့က သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးအခြေအနေကို သာမာန်လင်မယားတွေပဲ တစ်ခန်းထဲတူတူနေတယ်ပဲ ထင်နေခြင်းဖြစ်သည်။အရေးထဲ အဖေက မြေးချီချင်နေပြီ ဆိုပြီး ပြောလိုက်တုန်းက မြမှူးရှက်ပြီး မျက်နှာတွေနီသွားရသေးသည်။အခုလဲ အမေတို့က အလည်လာမယ်ဆိုတော့ ဒီည မြမှူးနဲ့ အတူတူအိပ်ရတော့မယ့် ကိန်းဆိုက်နေပြီဖြစ်သည်။
တစ်ဖက်မှာ ဘုန်းမြတ်ကတော့ အမေနဲ့အဖေကျေးဇူးကြောင့် မြမှူးနဲ့အတူအိပ်ရတော့မယ်ဆို၍ ၀မ်းသာနေပေမဲ့ မြမှူးကတော့ အမေနဲ့အဖေကို ဘာတွေချက်ကျွေးရမလဲဆိုတဲ့အတွေးပဲ ခေါင်းထဲရှိနေသည်။
"အမေတို့က ဘယ်အချိန်လာမယ်တဲ့လဲ"
"ညနေအလုပ်ပြီးတာနဲ့ တန်းလာမယ်တဲ့...
ညစာကိုလဲ တူတူစားကြမယ်တဲ့....အကိုအိမ်ကိုစောစောပြန်လာခဲ့ဦး"
"အင်းပါ...ကိုယ်စောစောပြန်လာခဲ့မယ်"
အကိုက မြမှူးခေါင်းကို ဖွဖွလေးကိုင်ပြီး ပြောနေပေမဲ့ မြမှူးစိတ်ထဲမှာတော့ ဗြောင်းဆန်နေသည်။
ညစာကို ဘယ်ကနေဘယ်လို ချက်ကျွေးရမလဲ ဆိုတာတဲ့အတွေးက ခေါင်းထဲအပြည့်နေရာယူထားသည်။
×××××××
မြမှူး အင်တာနက်ပေါ်ကနေ ဟင်းချက်နည်းအကြောင်းတွေကြည့်ပြီး ၀ယ်ရမယ့်ပစ္စည်းစာရင်းကို ရေးမှတ်နေလိုက်သည်။အကို့ကိုလဲ အာရုံမထားမိတော့ပဲ ကိုယ့်အလုပ်သာကိုယ်လုပ်နေလိုက်သည်။
ထိုစဥ်အနောက်ဘက် လှေကားဆီက တက်လိုက်ဆင်းလိုက် လုပ်နေတဲ့ အသံခဏခဏကြားနေရ၍ လှည့်ကြည့်လိုက်တော့ အကိုဖြစ်နေသည်။
"အကို ဆေးခန်းမသွားသေးပဲနဲ့ ဘာတွေလျှောက်လုပ်နေတာလဲ"
အကိုက လက်ထဲမှာ အထုပ်အပိုးတွေပိုက်ပြီးတော့ သူ့အခန်းထဲကို၀င်လိုက်ထွက်လိုက်လုပ်နေခြင်းဖြစ်သည်။
"မြမှူး ပစ္စည်းတွေကိုယ့်အခန်းထဲကို ရွေ့နေတာလေ....ညနေဆိုပဲ အမေတို့ကရောက်လာတော့မှာကို ပြီးရင်သူက အငြိမ်နေတာမဟုတ်ဘူး အကုန်မျက်လုံးဒေါက်ထောက်ပြီးကြည့်နေမှာ....တော်ကြာကိုယ်တို့က သပ်သပ်တစ်ခန်းစီနေနေတယ်ဆိုတာသာသိသွားရင် အကုန်ရှုပ်ကုန်လိမ့်မယ်"
စကားကိုအကွက်စေ့အောင် ပြောနေသော အကို့ကြောင့် မြမှူး ပြန်ခံပြောစရာစကားမရှိတော့။
"ဒါပေမဲ့ အကိုအလုပ်သွားရမှာလေ...နောက်ကျနေမှာပေါ့"
"နောက်၁၀မိနစ်လောက်ဆိုရင် ပြီးပြီ...ကိုယ့်ကိုစိတ်မပူနဲ့ တော်ကြာ မြမှူးတစ်ယောက်ထဲဒါတွေရွေ့နေရမှာစိုးလို့ ကိုယ်အပြီးလုပ်ပေးထားခဲ့မယ်
မြမှူးလုပ်စရာရှိတာသာဆက်လုပ်နေ"
မြမှူး အကို့ကိုလုပ်နေတာတွေကို စိတ်မပူတော့ဘဲ ကိုယ့်ပြဿနာကိုသာ စဥ်းစားပြီးသက်ပြင်းအရှည်ကြီး ချမိလိုက်သည်။
အကို့နဲ့ လက်ထပ်ပြီးကတည်းက မြမှူးတစ်ယောက်ထဲ fast foodတွေနဲ့ ready made တွေသာစားဖြစ်ပြီး အကိုက နောက်ကျမှ ပြန်ရောက်သဖြင့် အပြင်မှာပဲစားဖြစ်သည်။အကိုအလုပ်အားသောရက်တွေမှာလဲ နှစ်ယောက်တူတူ အပြင်မှာသာစားဖြစ်သည်။အခုမှ သေချာစဥ်းစားမိသည်က မြမှူးနဲ့အကို လက်ထပ်ပြီးတာဖြင့် ၃လနီးပါးရှိနေပြီ မြမှူးအကို့ကို တစ်ခါမှ ထမင်းဟင်းမချက်ကျွေးဖူးပေ။အကိုကလဲ ချက်ကျွေးပါလို့ တစ်ခါမှမပြောဖူး။ဒီနေ့တော့ ဘာပဲဖြစ်နေဖြစ်နေ အမေနဲ့အကို့ကို မြမှူးကိုယ်တိုင် ထမင်း၀ိုင်းပြင်ပေးရမှာမို့လို့ အခက်တွေ့နေရသည်။
×××××××××
အကို ဆေးခန်းကိုသွားတာနဲ့ မြမှူး တစ်ယောက်ထဲ City Martကို စျေး၀ယ်ထွက်ခဲ့သည်။အိမ်မှာကတည်းက ကြိုပြီးစာရင်းလုပ်ထားသော ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ယူပြီး တွန်းလှည်းထဲ ထည့်လိုက်သည်။
"မြမှူး"
အနောက်ကနေ လှမ်းခေါ်လိုက်သော
အသံကြောင့် မြမှူး အသီးအရွက်တွေရွေးနေရင်းကနေ အနောက်ကိုလှည့်ကြည့်လိုက်သည်။
Advertisement
"ဟုတ်တယ်မလား.....မြမှူးသော်တာ"
မြမှူးကိုယ့်မျက်လုံးများကိုပင် မယုံနိုင်ဖြစ်သွားရသည်။လွန်ခဲ့သော နှစ်များက မြမှူးရဲ့ ငယ်သူငယ်ချင်း တဖြစ်လဲ မြမှူးရဲ့ အချစ်ဦးလဲဖြစ်ခဲ့သူ စိုင်းထက်အောင် ဖြစ်နေသည်။
"ဟင်.....စိုင်း.....မလား"
"ဟုတ်တယ်...မြမှူးကို ခုနကတည်းက ခေါ်မလို့ကြည့်နေတာ မသေချာလို့ "
"ဟုတ်လား...မြမှူး သတိမထားမိလိုက်ဘူး..ကိုယ့်အာရုံနဲ့ကိုယ်မို့လို့"
"မြမှူးကတော့ အရင်အတိုင်းပဲနော် ငယ်ရုပ်မပြောင်းသွားဘူး အဲ့ဒါကြောင့် မြင်တာနဲ့တန်းမှတ်မိသွားတာ"
"စိုင်းလဲ အရင်အတိုင်းပါပဲ ......
မတွေ့ရတာနှစ်တွေကြာပေမဲ့ မပြောင်းလဲသွားဘူး..အဲ့ဒါဆို မြမှူးကို သွားခွင့်ပြုပါဦးနော် ၀ယ်စရာလေးတွေရှိသေးလို့"
"ခဏလေး နေပါဦး မြမှူးရဲ့ ဆယ်နှစ်ကျော်မှ ပြန်တွေ့ရတာကို ....မြမှူး မြမှူးအဖွားနဲ့ လိုက်သွားကတည်းက အဆက်အသွယ်မရှိတော့တာကို....အခုရေစက်ရှိသေးလို့ ပြန်ဆုံရတာပဲကို
ဖုန်းနံပါတ်လေးတော့ ပေးခဲ့ပါလား အခုမအားလဲ နောက်တွေ့လို့ရတာပဲ"
"အင်း အဲ့ဒါဆို ဖုန်းနံပါတ်ပေးခဲ့မယ်နော်"
"Ring Ring Ring"
စိုင်းရဲ့ ဖုန်းထဲမှာ မြမှူး ဖုန်းနံပါတ် ရိုက်ထည့်ပေးနေတုန်း ဖုန်းမြည်လာတာကြောင့် မြမှူးရဲ့ဖုန်းကို ထုတ်ကြည့်လိုက်တော့ အကိုဖြစ်နေသည်။
"ဟယ်လို"
"ဟယ်လို အကို ပြောလေ"
"မြမှူးအခု ဘယ်မှာလဲ"
"မှူး အခုစျေး၀ယ်နေတာ အကို"
"ဟုတ်လား စျေး၀ယ်ပြီးရင် အိမ်ကိုတန်းပြန်လာခဲ့နော် ကိုယ်မြမှူးကို ဟင်း၀ိုင်းချက်ပေးမလို့
စောင့်နေတယ်"
"ဟမ် အကို ဆေးခန်း ကိုမသွားဘူးလား"
"ရတယ် ကိုယ် တခြားတစ်ယောက်ကို အစား၀င်ခိုင်းထားတယ်....ဒီနေ့တော့ မြမှူးကို ၀ိုင်းကူပေးချင်လို့"
"ဟုတ် အဲ့ဒါဆို မြမှူးမြန်မြန်ပြန်လာခဲ့မယ်နော်"
မြမှူးကတော့ တစ်ယောက်ထဲဗျာများနေရာကနေ အကိုကူညီပေးမယ်ဆိုတဲ့ အသံကြားရုံနဲ့တင် စိတ်ပူပန်မှုအားလုံးပြေပျောက်သွားသလိုပင်။
"ဒီမှာ မြမှူးဖုန်းနံပါတ်...အဲ့ဒါဆိုနောက်မှ ဆုံကြတာပေါ့....အခုတော့ အရေးကြီးကိစ္စလေးတွေရှိလို့.....မြမှူးလဲ စိုင်းနဲ့ပြန်ဆုံရတဲ့အတွက်၀မ်းသာပါတယ်နော်....ဒါဆိုသွားခွင့်ပြုပါဦး"
မြမှူး ပြောချင်တာတွေ စွတ်ပြောပြီး စိုင်းအရှေ့ကနေထွက်လာခဲ့သည်။အခုလောလောဆယ်မှာတော့ မြမှူးအကိုရှိရာကိုသာ အမြန်ရောက်ချင်နေမိသည်။
×××××××××××
"ဂလုံ......ဂလွမ်......"
မီးဖိုချောင်ထဲမှာ သံစုံတီး၀ိုင်း ကျင်းပနေသလားအောက်မေ့ရအောင် အိုးခွက်သံတို့ဆူညံနေသည်။
"ဟာ !!မြမှူး ဘာတွေပြုတ်ကျပြန်ပြီလဲ"
"ဟို......လေ....အ..ကို....အသီးအရွက်တွေ ရေဆေးပြီး စစ်ထားတဲ့ ဇကာပြုတ်ကျသွားတာ"
အသံကြားရာကို ဘုန်းမြတ်အပြေးတစ်ပိုင်းလာခဲ့ရာမှ အပြစ်ရှိသလို ရုပ်ကလေးနဲ့ နှုတ်ခမ်းလေးမဲ့ကာ ပြောနေသော မြမှူးကိုကြည့်ပြီး ဘုန်းမြတ် စိတ်တိုရမယ့် အစားရီသာရီမိတော့သည်။
"အဲ့ဒါကြောင့် ပြောသားပဲ မြမှူး ငြိမ်ငြိမ်လေးပဲထိုင်နေပါ....ကျန်တာအကုန် ကိုယ်လုပ်ပါမယ်လို့"
"ဒါ....ဒါပေမဲ့ မြမှူးလဲကူညီချင်တာပေါ့လို့"
"မြမှူး ကိုယ့်ကို တကယ်ကူညီချင်တာလား"
"အင်း"
"အဲ့ဒါဆို ခဏလေးထိုင်နေဦး....ပြီးရင် မြမှူးကူညီပေးရမယ့် ကိစ္စကို ကိုယ်ပြောပြမယ်"
"ဟုတ်"
မြမှူး ထမင်းစား စားပွဲကနေ အကိုဟင်းချက်နေတဲ့ ပုံကိုသာ မေးထောက်ပြီး ထိုင်ကြည့်နေတော့သည်။အကိုက ဘာလို့ဒီလောက်တောင် ဘက်စုံ တော်နေရတာလဲဆိုတာ မြမှူးစဥ်းစားနေမိသည်။
"အကို"
"ဗျာ"
"အကို ဘယ်တုန်းက ဟင်းချက်နည်းသင်ထားတာလဲ"
"အော်....မြမှူးက ထူးဆန်းနေလို့လား
ကိုယ်ဟင်းချက်တတ်တာကိုလေ"
"ဟုတ်တယ် အကိုက ဆရာ၀န် ဖြစ်ဖို့အတွက် စာတွေပဲ အမြဲကျက်နေရတာမလား"
"ဟုတ်တယ်လေ....ဒါပေမဲ့ ကိုယ်က ငယ်ငယ်ကတည်းက ဟင်းချက်ရတာ ၀ါသနာပါတာ....ကိုယ်ချက်ကျွေးတဲ့ အစားအသောက်ကို တစ်စုံတစ်ယောက်က အားရပါးရ စားတာ မြင်ရင် အလိုလိုစိတ်ချမ်းသာတယ်.....အကိုက အဲ့ခံစားချက်ကိုသဘောကျတဲ့ အတွက်ကြောင့် ငယ်ငယ်ကတည်းက ဟင်းချက်ရတာကို သဘောကျတာ"
"အကိုက တကယ်တော်တာပဲနော်"
"ဒါပေမဲ့ ကိုယ်က အနောက်တိုင်း အစားအစာတွေနဲ့ တရုတ်စာတွေပဲချက်တတ်တာ.....အမေတို့က တရုတ်စပ်တွေဆိုတော့ တရုတ်အစားအစာကြိုက်တယ်လေ"
"ဒါနဲ့ အကိုအခုဘာတွေ ချက်နေတာလဲဟင်"
"တရုတ်အစားအစာ တစ်ချို့ပါပဲ....အမေ့တို့က အစားကသိပ်စားတာမဟုတ်ဘူး ဟန်ပြလောက်ပဲ အဲဒါကြောင့် အရမ်းကြီးကြီးကျယ်ကျယ်တွေ လုပ်စရာမလိုဘူး"
"အကို မြမှူးကိုလဲ နောက်ကျရင် ဟင်းချက်နည်းတွေသင်ပေးပါနော်"
"ဟုတ်ပါပြီဗျာ သင်ပေးပါမယ်ခဗျ....
ကဲ အားလုံးပြီးသလောက်တော့ ရှိနေပြီ...အခုမြမှူးကူညီရမယ့်ကိစ္စပေါ်လာပြီ"
မြမှူးကူညီ ရမယ့်ကိစ္စဆို၍ မြမှူးထိုင်နေရာမှ တတက်ကြွစွာ ထလိုက်သည်။
"ပြောအကို မြမှူးဘာလုပ်ပေးရမှာလဲ"
"ကိုယ့်နားလာခဲ့"
မြမှူးအကို့နားမှာ သွားရပ်လိုက်သည်။
"ရောက်ပြီ ပြောတော့"
"ကိုယ့်ကိုနမ်း"
အကိုက မြမှူးနှုတ်ခမ်းနားကို သူ့ပါးကို ကပ်လိုက်သည်။
"ဒါလား ကူညီရမယ့်ကိစ္စဆိုတာ.."
"ဟုတ်တယ်လေ....ကိုယ်က ဟင်းချက်ရလို့ ပင်ပန်းနေတာကို မြမှူးက ကိုယ့်ကိုနမ်းမှ အားပြန်ပြည့်သွားမှာပေါ့"
အကိုက သူ့ပါးကို လက်ညှိုးဖြင့်ထိုးပြပြီး အနမ်းခံဖို့ အဆင်သင့်ပြင်ထားသည်။မြမှူးလဲ မြမှူးပင်ပန်းစရာမလိုအောင် အလုပ်ပျက်ခံပြီး ကူညီပေးသောအကို့ကို ဆုချဖို့ အကို့ပါးကို နမ်းလိုက်သည်။
"အွန့်"
လူလည်အကိုက မြမှူးပါးကိုနမ်းတဲ့အချိန်မှ မျက်နှာကိုလှည့်လိုက်တော့ မြမှူးနမ်းလိုက်သည်က ပါးမဟုတ်ပဲ အကို့နှုတ်ခမ်းဖြစ်သွားလေသည်။
"ဟွန့်....လူလည်ကြီး"
မြမှူး အကို့ကို နှုတ်ခမ်းဆူပြီး မျက်စောင်းထိုးလိုက်ပေမဲ့ အကိုကတော့ သူ့လှည့်ကွက်ထဲ မြမှူး၀င်သွားသဖြင့် တခွီခွီနဲ့ ရီနေတော့သည်။
×××××××××××
ညနေ ၆နာရီအချိန်မှာတော့ အမေတို့ အိမ်ကိုရောက်လာတော့သည်။
Advertisement
"အမေ နဲ့ အဖေ လာအိမ်ထဲ၀င်"
မြမှူးက အပြုံးနဲ့ ခရီးဦးကြိုပြုလိုက်သည်။
"အေး မှူးလေး သားရော"
"အထဲမှာရှိတယ်အမေ....အကိုရေ....အမေတို့ ရောက်လာပြီ"
"လာပြီ........ မှူးရေ"
အကိုက ထမင်းစားခန်းထဲကနေ ပြေးထွက်လာတော့သည်။
"သြော်...အမေတို့ရောက်လာပြီလား...
အမေတို့လာရင် တစ်ခါထဲထမင်းစားရအောင်ပြင်ထားတယ်"
"ဟုတ်လား အမေတို့လဲ ဗိုက်ဆာနေတာနဲ့ အတော်ပဲ "
×××××××
"အမေ ထည့်စားနော်"
"အေး စားတယ်သား"
ဘုန်းမြတ် အမေတို့ကိုသာ ထည့်စားလို့ပြောနေရပေမဲ့ ဘေးနားက မြမှူးကတော့ ပြောစရာမလိုအောင် အပီအပြင်စားနေသည်။
အိမ်ထမင်းဟင်းနဲ့ ေ၀းနေတာ ကြာပြီမို့လို့လားမသိ မြမှူးအကို့လက်ရာကို တော်တော်ခံတွင်းတွေ့နေသည်။
"သမီး မှူးလေး"
"ရှင် အဖေ"
"အဖေတို့ ဘယ်တော့ သတင်းကောင်းကြားရမှာလဲ"
"ဘယ်သတင်းကိုပြောတာလဲ အဖေ"
"သမီးရေ....သမီးအဖေက မြေးချီနေပြီတဲ့...
အိမ်မှာလဲ အဲ့ဒါပဲ တဖွဖွပြောနေတာ"
အမေက ကြားထဲကနေ ၀င်ပြောလိုက်တော့ မြမှူးထမင်းပါနင်သွားရသည်။
"အမေတို့ကလဲ ဘာတွေလျှောက်ပြောနေတာလဲ
မြမှူးရှက်သွားဦးမယ် အချိန်တန်ရင် မြေးချီရမယ်ပူမနေနဲ့"
အကိုက ၀င်ထိန်းပြီး ပြောနေပေမဲ့ မြမှူးကတော့ မျက်နှာတစ်ခုလုံးထူပူနေပြီဖြစ်သည်။
"အေးပါအေးပါ အပြောကြီးတဲ့ ဘုန်းမြတ်ရေ သတင်းကောင်းစောင့်နေမယ်"
အမေတို့က ပြောပြီး ရီမောနေကြပေမဲ့ အကိုက မြမှူးကိုကြည့်ပြီး မျက်ခုံးပင့်ပြလိုက်၍ မြမှူးကြက်သီးပင်ထသွားရသည်။
×××××××
ထမင်းစားပြီးတော့ အချိုပွဲတွေစားရင်း စကားလက်ဆုံကြနေကြတာ အချိန်က ၁၀နာရီပင်ထိုးနေပြီဖြစ်သည်။
"အမေ ၁၀နာရီထိုးနေပြီ အမေတို့ အိပ်ချင်နေပြီလား"
"အမေကတော့ ရတယ် သားအဖေကတော့ ဒီအချိန်အိပ်နေကြဆိုတော့ အိပ်ချင်နေလောက်ပြီ"
"ရပါတယ်ကွာ ချိုကလဲ သားနဲ့ သမီးတို့နဲ့ကတစ်ခါတစ်လေမှတွေ့ရတာကို စကားပြောကြရတယ်"
"အဖေ့ ကျန်းမာရေးကရှိသေးတယ်လေ..အိပ်ရေးပျက်လို့မရဘူး...အပေါ်မှာ အဖေတို့အတွက် အခန်းပြင်ပေးထားတယ် အမေရော အဖေရော သွားနားလိုက်ဦး"
"အဲ့ဒါဆိုလဲ အမေတို့ သွားအိပ်တော့မယ်
သမီးမှူးလေး အမေတို့ နားလိုက်ဦးမယ်"
"ဟုတ်ကဲ့ အမေ"
အမေတို့အပေါ်ထပ်ကို တက်သွားတာနဲ့ အကိုကတော့ မြမှူးအနားကို ချဥ်းကပ်လာတော့သည်။
"မှူးလေး.....ကိုယ်တို့လဲ သွားအိပ်ကြမယ်လေ"
"ဟင်"
ပြုံးစိစိနဲ့ ပြောနေသော အကို့ကိုကြည့်ရင်း မြမှူးရင်တွေ တုန်နေသည်။
"လာ.....မြမှူးပင်ပန်းနေပြီမလား.....အိပ်ကြမယ်နော်"
အကိုက မြမှူးတောင် ဘာမှ ပြန်မပြောရသေးဘဲ အတင်း အခန်းထဲဆွဲခေါ်သွားတော့သည်။
"မှူး ကုတင်ပေါ်မှာ အိပ်လိုက် ကိုယ်အောက်မှာအိပ်လိုက်မယ်"
"အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ အကို အပေါ်မှာအိပ်လိုက် မှူးအောက်မှာအိပ်မယ်"
"မရဘူး....အဲ့ဒါဆို ကုတင်ပေါ်မှာ အတူတူအိပ်မယ်"
အကို့စကားကြောင့် မြမှူး မျက်လုံးပင်ပြူးသွားရသည်။
"ဟုတ်တယ်လေ ကိုယ်ရော မှူးရော ကုတင်ပေါ်မှာအိပ်ကြမယ်.....မှူး စိတ်ချလက်ချအိပ်ပါ ကိုယ်ဘာမှ မလုပ်ပါဘူး လက်ကလေးပဲကိုင်အိပ်မယ် ဟုတ်ပြီလား......ကိုယ်မှူးကို ကတိပေးထားတယ်လေ မှူးအဆင်သင့်ဖြစ်တဲ့အချိန်ထိ စောင့်နေပါမယ်လို့"
တည်တည်ငြိပ်ငြိမ်ဖြင့်ပြောနေသော အကို့ပုံက ယုံချင်စရာကောင်းနေလေသည်။
"အင်း အဲ့ဒါဆိုလဲ ပြီးရော"
မြမှူးလဲ ပင်ပန်းနေ၍ အိပ်ချင်နေရာကြောင့် ကုတင်ပေါ်တက်လိုက်သည်။
"ကိုယ့်ရင်ခွင်ထဲလာပါဦး"
အကိုက မြမှူးကို သူ့ရင်ဘက်ထဲ ဆွဲသွင်းပြီးဖက်ထားလိုက်သည်။မြမှူးလဲ နွေးထွေးလှသော အကို့ရင်ခွင်ထဲမှာ တစ်ခဏအတွင်း မှေးစက်ကာ အိပ်ပျော်သွားခဲ့သည်။
××××××××××
အမေတို့လာလည်တဲ့ နေ့ကတည်းကစပြီး မြမှူးနဲ့ အကိုညတိုင်း အတူတူအိပ်ဖြစ်ကြသည်။အကိုကတော့ သူ့စကားအတိုင်း မြမှူးကို ဖက်ရုံ နမ်းရုံလောက်ပဲ လုပ်သည်။တစ်ခါတစ်လေ ကြရင် စိတ်ဆန္ဒအရ ထိန်းမရတော့ရင်လဲ အကိုက သူ့ကိစ္စသူ ရေချိုးခန်းထဲသွားဖြေရှင်းသည်။
မြမှူးသည် အကို့မိန်းမဖြစ်နေပေမဲ့ အကို့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်က မ၀ံ့မရဲဖြစ်မိနေသည်။အမြဲတမ်း စိတ်ကို ထိန်းချုပ်နေရတဲ့ အကို့အတွက်တော့ စိတ်ထဲမှာအားနာနေမိသည်။
"မှူးရေ ဒီနေ့ကိုယ် dinnerတစ်ခု သွားစရာရှိတယ်......အဲ့ဒါမှူး ကိုယ်နဲ့အတူလိုက်ခဲ့ပါလား"
"ဟင့်အင်း မလိုက်တော့ဘူး အကိုတစ်ယောက်ထဲပဲ သွားလိုက်ပါ...မှူးက အဲ့လို လူရှုပ်ရှုပ်ရှပ်ရှပ် ပွဲတွေကိုသွားရတာ မကြိုက်ဘူး"
"အင်းပါ မှူးမလိုက်ချင်လဲ ရတယ် ကိုယ်တစ်ယောက်ထဲပဲ သွားလိုက်မယ်....ပြန်လာတာတော့ နောက်ကျလိုက်မယ် ...ပြီးတော့ နည်းနည်းတော့သောက်လာမယ်နော်.....ရတယ်မလား"
"အင်း ရပါတယ် မှူးကိုစိတ်ချပြီးသာသွား"
××××××××××××
ည ၁၁နာရီပင်ထိုးနေပြီ အကိုအခုထိပြန်မလာသေး....
မြမှူး ကော်ဖီတစ်ခွက်သောက်ရင်း အကို့ကိုစောင့်နေလိုက်သည်။ထိုစဥ် ခြံထဲကို ကား၀င်လာတဲ့ အသံကြောင့် မြမှူး အိမ်တံခါးထဖွင့် လိုက်သည်။
အကို့ကို ကြည့်ရတာ ကားမောင်းလာနိုင်တဲ့ အတွက် သိပ်တော့ သောက်ထားပုံမပေါ်။
ဘုန်းမြတ် ကားပေါ်က ဆင်းတာနဲ့ အိမ်အပေါက်၀ကနေ အပြုံးနဲ့ စောင့်ကြိုနေသော ဇနီးချောလေးကြောင့် အလိိုလိုပြုံးမိသွားသည်။
ညအိပ်၀တ်စုံ ဖဲသားအနီ ၀မ်းဆက်၀တ်ထားသော မြမှူးကို ကြည့်ပြီး ဘုန်းမြတ် ရင်တွေခုန်လာရသည်။dinnerပွဲက မိန်းကလေးတွေ ဘယ်လောက်ကိုယ်လုံးပေါ်တဲ့ ၀တ်စုံတွေ ၀တ်ထားထား ဘုန်းမြတ်အတွက်တော့ ရင်မခုန်။အိမ်ပြန်ရောက်မှ ညအိပ်၀တ်စုံ အပွ၀တ်ထားသော မြမှူးကို မြင်မှ ရင်ခုန်လာရသည်။
"အကို ဒီနေ့ အများကြီး မသောက်လာဘူးထင်တယ်"
"ဟုတ်တယ် ကားမောင်းရမှာဆိုတော့ နည်းနည်းပဲသောက်လာတာ"
မြမှူး အကို့ရဲ့ အပေါ်ထပ်အင်္ကျီကို လက်ကနေ ကိုင်ပေးရင်း အခန်းထဲ၀င်လာခဲ့သည်။
အကိုက ၀တ်ထားသော အင်္ကျီအဖြူ လက်ရှည်ကို လဲဖို့အတွက် ကြယ်သီးကို တစ်လုံးချင်းဖြုတ်နေ၍ မြမှူး သွားကူဖြုတ်ပေးလိုက်သည်။
မြမှူးက ကြယ်သီးဖြုတ်ပေးနေ၍ ဘုန်းမြတ် ဆက်မဖြုတ်တော့ပဲ မြမှူးကိုသာ ခါးထောက်ပြီး ကြည့်နေလိုက်သည်။ဘုန်းမြတ်က အရပ်ရှည်တာကြောင့် မြမှူးမျက်နှာကို အပေါ်စီးကနေ မြင်နေရသည်။ဆောင်းတွင်းရောက်နေပြီဖြစ်၍ မြမှူးကနှုတ်ခမ်းခြောက်မှာစိုး၍ ထင်သည် နှုတ်ခမ်းနီ အစိုလေးဆိုးထားသည်။
ဘုန်းမြတ်ကရဲ့ ရီေ၀ေ၀အကြည့်တွေကတော့ ထိုနှုတ်ခမ်းဆီက မခွာနိုင်။တုံ့ဆိုင်းမနေတော့ပဲ မြမှူးမျက်နှာကို ဆွဲမော့ပြီး နှုတ်ခမ်းကိုဖိနမ်းလိုက်သည်။စိုပြီး အိနေသောနှုတ်ခမ်းသားတို့က ကော်ဖီအရသာ ရနေသည်။မြမှူးရဲ့ နှုတ်ခမ်းတစ်ခုလုံးကို ဘုန်းမြတ် စိတ်ကြိုက်စုပ်ယူနမ်းရှိုက်နေသည်။
ခါးသေးသေးကိုပါ ဆွဲဖက်လိုက်ပြီး ကျောပြင်နဲ့ ခါးတစ်လျှောက်ကိုပါ လိုက်လံပြီး ပွတ်သပ်နေလိုက်သည်။နှုတ်ခမ်းအတွင်းသားပါမကျန် စုပ်ယူပြီးတဲ့ နောက်မှာ မြမှူးခံတွင်းထဲကို လျှာဖျားလေးထိုးသွင်းလိုက်သည်။နူးညံ့ပြီး နွေးထွေးနေသော အထိအတွေ့တွေကြောင့် မြမှူး ရုန်းထွက်မနေပဲ အကို့အင်္ကျီကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး စီးမြောနေလိုက်သည်။
အကိုက မြမှူးနှုတ်ခမ်းတွေဆီကနေ ရုတ်တရက် ခွာလိုက်သဖြင့် မြမှူး ကြောင်အမ်းအမ်းဖြစ်သွားသည်။နားမလည်သော မျက်လုံးများနဲ့ ကြည့်နေစဥ်အတွင်းမှာပဲ မြမှူးရဲ့ လည်တိုင်ထက်ကို အကိုက စုပ်ယူနမ်းရှိုက်လာလေသည်။အားဖြင့် စုပ်ယူရင်း မာကင်ရာတွေ ပေးနေစဥ်တစ်ချိန်ထဲ အကို့လက်က မြမှူးအင်္ကျီထဲ၀င်ရောက်လာကာ ပွတ်သပ်နေသဖြင့် မြမှူး ငြီးသံသဲ့သဲ့ ထွက်လာရသည်။
"အင့်.......အ့......ဟ့.......အ...ကို.....အွန့်"
အကိုကတော့ လည်ပင်းမှ တဆင့် နယ်ချဲ့ကာ ရင်ဘက်နားတစ်၀ိုက်ကိုပါ နမ်းရှိုက်လာတော့သည်။မြမှူး မှာ စိတ်ဆန္ဒကို မဆန့်ကျင်နိုင်ပဲ အကိုပြုသမျှကိုသာ ငြင်းဆန်ခြင်း အလျင်းမရှိ လက်ခံမိနေသည်။အကိုတစ်ချက် စုပ်ယူလိုက်တိုင်း မြမှူးညီးသံတိုးတိုးလေတွေ ထွက်မိနေသည်။ထိုသို့ နမ်းရှိုက်နေရင်းကနေ မြမှူး မျက်နှာကို့တည့်တည့်ကြည့်ကာ ပြောလိုက်သော စကားကြောင့် မြမှူး ကြက်သီးတွေတဖြန်းဖြန်း ထသွားရသည်။
"မြမှူး..... ကိုယ်ဒီညတော့ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်လောက်တော့ဘူး.............."
×××××××××××××××××××××××××××××××××××
နောက်အပိုင်းအတွက် warning 18+ပါ
သင်္ကြန်တွင်း ဥပုသ်စောင့်တဲ့သူတွေ လာမဖတ်ကြပါနဲ့😛
Zawgyi
"ကလင် ကလင် ကလင် ကလင်"
"ဟယ်လို"
"ဟုတ်...အမေ သမီး မြမှူးပါ"
"အေးအေး အဲ့ဒါဆို အမေတို့ ညနေဘက် အလုပ်ပြီးတာနဲ့ လာခဲ့မယ်......ညစာတူတူစားကြတာပေါ့.......သားဘုန်းမြတ်ကိုလဲ ပြောလိုက်ဉီးနော် သမီး"
"ဟုတ်ကဲ့ အမေ"
××××××××××
×××××××
"ခဏလေး...... ပြီးတော့မယ်"
"ညအိပ်လာမှာတဲ့လေ"
ညစာကိုလဲ တူတူစားကြမယ်တဲ့....အကိုအိမ်ကိုစောစောပြန်လာခဲ့ဉီး"
Advertisement
- In Serial13 Chapters
Talking Loudly
So she can't hear but it doesn't stop her from falling in love.
8 150 - In Serial72 Chapters
A Court of Horizon and Shadows
{ACOTAR AU - BOOK 1}"The Daughter of Dawn and the Spymaster of the Night Court locked eyes... and the mating bond snapped into place."After suffering decades of torture during the reign of Amarantha, Auriella, daughter of Thesan and Zephyr, tries her best to recover from the trauma and damage that has been done to her physically, emotionally, and mentally. Before Under the Mountain, Auriella was a light that glowed in the deepest darkness but not anymore.As much as she tries to go back to the person she once was, she cannot. Auriella is stuck in a pit of nightmares and pain that she fears she will never overcome. But as her trauma worsens and unexpected things happen, it is up to the Daughter of Dawn to find answers in the Night Court, where she will receive help from the Inner Circle.But as Auriella spends more time around her mate, Azriel, things become more complicated and could possibly become more than she ever believed. {All ACOTAR characters belong to Sarah J. Maas}Best Ranking: - #1 in ACOTAR - #1 in Azriel
8 151 - In Serial17 Chapters
I wasn't supposed to exist, but now that I was here I could change things.
8 298 - In Serial28 Chapters
Dressed as a rebirth article, good pregnancy cannon fodder
Title: 穿成重生文好孕炮灰Author: 九月微藍Source: https://m.shubaow.net/114/114779/Tang Cheng is the cannon fodder in Su Shuang's rebirth text. In the early stage of the cannon fodder, he made a plan to marry the prince he admired. In the end, by mistake, he became the first son of Zhen Guo Gongfu with difficult heirs, and he became Zhen Guo Gongfu. Shizi's fiancee. A month later, cannon fodder Tang Cheng became pregnant. What's cheating is that Tang Cheng, the cannon fodder in the book, didn't give up, he wanted to marry the royal family, and got rid of the grandson whom Zhen Guoguo was looking forward to... In the end it was a miserable fate! Coming from the Star Empire, Tang Cheng, who didn't know the plot at all, looked at the black abortion pill in his hand-poured it out without hesitation, and then happily prepared for childcare. Wen Huai'an, the eldest son of Zhenguo Gongfu, is as handsome as jade and has a clean body. He is the best husband and son-in-law candidate in the hearts of countless ladies. Fortunately, he ran into Tang Cheng, who is prone to fertility in the book, and won the big prize once. Fortunately, cannon fodder Tang Cheng was traversed. In the end, Wen Huai'an, the son of Zhenguo Gongfu, whose sons were difficult to follow, was full of sons and daughters, and became a winner in life that everyone envied. Reading the guide and demining: 1. Read the text in a civilized manner, and make bricks and flowers freely. 2. This is a relaxed Su Wen, a child-bearing article, the heroine comes from an interstellar with gestational value, likes to have children, don't like to enter. 3. The heroine is an ancient mudslide, which is difficult to adjust. If the writing does not suit your taste, please leave quietly.
8 162 - In Serial45 Chapters
The Wedding In Miami
Highest rankings:Exes: #1 (4th July 2020)Bad boy: #1 (3rd July 2020)Follow my Instagram for any updates and if you have any questions:@nikki_k123Emma Roberts is offered to be a bridesmaid while she attends her best friend's sister's wedding in Miami. She gets to be a bridesmaid and she's happy to do so. Plus, a free vacation? Who would say no? Well, cut to Miami and Emma wishes she did when she finds out her ex-boyfriend, Nick Heartwell, is a groomsman and the groom is his cousin. The one person she's been trying to avoid for months, since the breakup, to be precise. Our bride's family has a tradition. They spend three weeks with the groom's family on vacation, playing or sorts of family games, and spending time getting to know their future family. Three weeks.Emma and Nick.Stuck together. Maybe second chances aren't so bad.Read to find out what happens at The Wedding In Miami.
8 230 - In Serial10 Chapters
Everything I Broke
(First book of the trilogy: The Strangest of Love Stories) My lawyer assured me I can be honest in this book. Not that I trust that bastard, but that's beyond the point. Thankfully, I know a thing or two about the laws here, so if I am not mistaken, I can talk about my years in middle school and in high school without going to jail. I mean, I am not 100 percent sure, but what's life without a little risk?
8 147

