《ကံကြမ္မာစေရာ [OC] (Completed)》Ep_18
Advertisement
Uni
"မြမှူး ကိုယ်ဒီနေ့မနက်ပိုင်းအားတယ် မြမှူးဘယ်သွားချင်လဲ ကိုယ်လိုက်ပို့ပေးမယ်"
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ပြီး ဖုန်းကြည့်နေသော မြမှူးကို အခန်းထဲကနေ ရေချိုးပြီး ထွက်လာသောအကိုက ပြောလိုက်ခြင်းဖြစ်သည်။
"တကယ်လား..အဲ့ဒါဆို မြမှူးတို့ စျေး၀ယ်ထွက်ကြရအောင်"
"မြမှူးက ဘယ်စျေးကိုသွားချင်တာလဲ City Mart
သွားမှာလား မြမှူး သွားချင်တဲ့နေရာသာပြောကိုယ်လိုက်ပို့ပေးမယ်"
"ဟင့်အင်း မြမှူးက အဲ့လို့ supermarketကြီးတွေကို သွားချင်တာမဟုတ်ဘူး....ဟိုလေ ရပ်ကွက်တွေထဲမှာရောင်းတဲ့ စျေးကိုသွားချင်တာ"
"မြမှူးက အဲ့စျေးကို သွားပြီး ဘာ၀ယ်ချင်လို့လဲ"
"အိမ်အတွက်လိုအပ်တာ နည်းနည်းပါးပါးနဲ့ ဘုရားပန်း၀ယ်ချင်လို့"
"အဲ့ဒါဆိုလဲ မြမှူးသဘောအတိုင်းပါပဲဗျာ"
××××
အကိုနဲ့ စျေးသွား၀ယ်ရမယ်ဆို၍ မြမှူး အိမ်ရှင်မတစ်ယောက်လို စတိုင်ဖမ်းပြီး မီးခိုးရောင် ဇာအင်္ကျီကို ထဘီ ပြောင်နဲ့ တွဲပြီး ၀တ်ထားလိုက်သည်။စျေးသာ သွားချင်တာ စျေးဘယ်နားမှန်း မသိ၍ အိမ်ရှေ့ကဖြတ်သွားသော ပဲပြုတ်သည်ဆီက ပဲပြုတ်၀ယ်ရင်း လမ်းကိုမေးထားရသေးသည်။လမ်းညွှန်ပုံအရတော့ စျေးက သိပ်မေ၀းလှ လမ်းလျှောက်သွားရုံနဲ့ ရောက်သည်။ဒါကြောင့် အကိုအိမ်ထဲက ထွက်အလာကို ခြံရှေ့ကနေ စောင့်နေလိုက်သည်။
"မြမှူး စျေးက ကားနဲ့သွားရမှာလား"
"မလိုဘူး အကို စျေးက နီးနီးလေးတဲ့ လမ်းလျှောက်သွားရုံနဲ့ ရောက်တယ်"
"ဟုတ်လား အဲ့ဒါဆို ကိုယ်ခြံတံခါးပိတ်လိုက်ဦးမယ်...ခဏလေးနော်"
အကိုက ခြံတံခါးပိတ်နေတုန်း မြမှူးကတော့ အကို့ကို ငေးကြည့်နေမိသည်။အကိုကလဲ မြမှူးလို အတွေးမျိုးတွေးမိလားမသိ အိမ်ထောင်ရှင်ကြီးကဲ့သို့ တီရှပ်အင်္ကျီခဲရောင်ကို ပုဆိုး အကွက်ဖြင့် တွဲ၀တ်ထားလေသည်။ဘာ၀တ်၀တ်ကို စတိုင်ကျလွန်းသော အကို့ကို တခြားသူတွေ ကြည့်မှာကိုတောင် သ၀န်တိုမိသည်။
"လာ မြမှူးသွားကြမယ်"
အကိုက သွားကြမယ်ဆိုပြီး သူ့လက်ကိုတွဲရန် ကမ်းပေးသဖြင့် မြမှူးလဲရီရင်း အကို့လက်ကိုဆွဲကာ စျေးရှိရာကို လာခဲ့သည်။
ပဲပြုတ်သည် အစ်မပြောရာ လမ်းအတိုင်းလျောက်ခဲ့တာ ထင်သလောက်မေ၀းပေ။စျေးက ရပ်ကွက်သုံးခု လောက်ရဲ့ စပ်ကြား အလယ်လောက်မှ တည်ရှိသဖြင့် လူအတော်စည်ကားလှသည်။
စျေးထဲမှာ စျေး၀ယ်နေတဲ့ လူတွေကိုမြင်မှ မြမှူး တစ်ခုသတိရသွားသည်။
"အကို"
"ဗျာ"
"မြမှူးတို့ စျေး၀ယ်ဖို့လာပြီး ခြင်းတောင်းလဲမပါဘူး"
"ဟာ ဟုတ်သားပဲ အဲဒါဆို ကိုယ်တို့ ခြင်းတောင်းတစ်ခုအရင်၀ယ်ကြမယ်လေ"
"အင်း အရှေ့နားလောက်မှာတော့ ရောင်းတဲ့ဆိုင်ရှိလောက်မယ်ထင်တယ်"
မြမှူးတို့ စျေးထဲက ၀ယ်စရာပစ္စည်းတွေကို ကြည့်ပြီး ၀ယ်ချင်တာတွေကို အရင်မှတ်ထားလိုက်သည်။၅မိနစ်လောက် လမ်းလျှောက်ပြီးချိန်မှာတော့ ကော်ပစ္စည်းတွေနဲ့ ဖိနပ်ဆိုင် တွဲဖွင့်ထားသော ဆိုင်တစ်ဆိုင်ကို တွေ့သဖြင့် နှစ်ယောက်လုံး၀မ်းသာသွားတော့သည်။
"လာ အကို ခြင်းတောင်း၀ယ်ကြမယ်"
အိမ်ရှင်မကြီး တစ်ယောက်လို တက်ကြွနေသော မြမှူးကိုကြည့်ပြီး ဘုန်းမြတ်ခိုးရီမိသည်။
"မြမှူး ဘယ်အရောင်လေး လိုချင်လဲ"
အကိုက အရောင်အသွေးစုံလင်လှသော ခြင်းတောင်းများထဲမှ မြမှူးလိုချင်သော အရောင်ကို မေးနေသည်။
"အပြာရောင်လေး"
"အိုကေ "
အကိုက ခြင်းတောင်းကိုယူပြီး ပိုက်ဆံသွားရှင်းနေတုန်း မြမှူးအကြည့်တွေကတော့ အရှေ့ကပန်းဆိုင်ဆီမှာ"
"မြမှူး ပန်း၀ယ်မှာမလား"
"အင်း"
မြမှုးက ပန်းဆိုင်ရောက်တာနဲ့ ဂန္ဓမာပန်းအဖြူသေးသေးလေးတွေကို အရင်ကောက်ကိုင်လိုက်သည်။
"မြမှူး နှင်းဆီတွေလဲ လှတယ်"
အကိုက နှင်းဆီပန်း လိမ္မော်ရောင်တွေ ကိုကိုင်ပြီး မြမှူးကို ပြနေသည်။
"အကိုက နှင်းဆီပန်းကို သဘောကျတာလား"
"ဟင့်အင်း ကိုယ်က စံပယ်ပန်းကို ကြိုက်တာ...
မြမှူးကရော...ဘယ်ပန်းကို အကြိုက်ဆုံးလဲ"
"မြမှူးက ဒီဂန္ဓာမာပန်း အဖြူလေးတွေကို အကြိုက်ဆုံးပဲ....."
"ဟင်"
"အကိုထူးဆန်းသွားတယ်မလား...မြမှူးက ငယ်ငယ်လေးကတည်းက ဒီပန်းကိုမြင်ရင် စိတ်ထဲအေးချမ်းသွားသလိုပဲ အရမ်းသဘောကျတယ်"
သူ့ကိုယ်သူ အကြိုက်ထူးဆန်းနေမှန်းသိတာကြောင့် ရီရင်းပန်းရွေးနေသော မြမှူးက ဘုန်းမြတ်မျက်စိထဲမှာတော့ အခုချိန်တွင် အလှဆုံး
ပန်းတစ်ပွင့်ဖြစ်နေလေသည်။
စျေးအကြိုက်၀ယ်ပြီး ချိန်မှာတော့ စျေးထိပ်က လက်ဖက်ရည်ဆိုင်မှာ မုန့်စားပြီး အိမ်ကိုတန်းပြန်လာခဲ့သည်။အကိုကတော့ လက်တစ်ဖက်က ခြင်းတောင်းကိုဆွဲပြီး တစ်ဖက်ကတော့ မြမှူး လက်ကိုတွဲထားသည်။မြမှုးကတော့ လက်တစ်ဖက်က အကို့လက်ကို တွဲထားပြီး တစ်ဖက်က ဘုရားပန်းတွေကို ပွေ့ပြီး ကိုင်ထားသည်။
မြမှူး ဘ၀မှာ ရှေ့လျှောက် ဒီလိုအေးချမ်းတဲ့ သာမာန်ဘ၀မျိုးကိုပဲ နေ့တိုင်းဖြတ်သန်းချင်နေမိသည်။
××××××××××
ညနေ ၃နာရီလောက်မှ အကိုက ဆေးရုံကိုသွားပြီဖြစ်၍ ညနေစောင်းမှာ ဘုရားပန်းကို ဂန္ဓာမာအဖြူတွေနဲ့ နှင်းဆီပန်းလိမ္မော် အပွင့်ကြီးတွေကို တွဲပြီး ေ၀ဆာနေအောင် ပန်းအိုးတွင် ထိုးထားသည်။စာမေးပွဲဖြေပြီး ကတည်းက မြမှူးတစ်ယောက်ထဲ အိမ်မှာ ရုပ်ရှင်ကြည့်လိုက် စာဖတ်လိုက် မုန့်လုပ်စားလိုက်နဲ့ အချိန်ကုန်နေရသည်။ဒီနေ့လဲ ညစာစားပြီး ပျင်းနေတာနဲ့ အိမ်သန့်ရှင်းရေး နည်းနည်းပါးပါးလုပ်နေလိုက်သည်။
အကိုက ည၉နာရီမှ ပြန်ရောက်မည်ဖြစ်၍ မြမှူး ရုပ်ရှင်ကြည့်ရင်းစောင့်နေသည်မှာ ည ၈နာရီပင်ထိုးနေပြီ။laptop ကလဲ အားကုန်ခါနီးနေပြီမို့ အခန်းထဲက အားသွင်းကြိုးယူရန် အပေါ်ထပ်အခန်းရှိရာဆီသို့ လှေကားထစ်များမှ တစ်ဆင့် တက်သွားနေသည်။
"ဖလပ်....."
ထိုစဥ် ဖြတ်ခနဲ မီးပျက်သွားကာ မြင်ကွင်းတစ်ခုလုံးမှောင်မဲသွားတော့သည်။အရာအားလုံးက အမှောင်အတိဖြစ်နေပြီး ဘာကိုမှ မမြင်ရတော့။မြမှူး တစ်ခဏအတွင်းမှာတင် အသက်ရှုနှုန်းတွေမြန်လာပြီး လှေကားထိပ်မှာထင် ထိုင်လျက်ဖြစ်မိသွားသည်။
လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က ထိုအချိန်ကိုပြန်ရောက်သွားသလိုပင်။မျက်လုံးထဲမှာ သွေးသံရဲရဲမြင်ကွင်းတွေနဲ့ ကားအချင်းချင်းတိုက်မိ၍ ထွက်ပေါ်လာသောအသံများ သာစူးစူး၀ါး၀ါးကြားနေရသည်။
Advertisement
"ဟင့်အင်း....မဟုတ်ဘူး....မေမေ...ဖေဖေ.....မဟုတ်ဘူး...အင့်....
ဟင့်..........မေမေ သမီးကိုထားမသွားပါနဲ့.........."
မြမှူးလုံး၀ အသိစိတ်လွတ်နေပြီး မျက်လုံးထဲမှာ ထိုနေ့ညက မြင်ကွင်းအချို့သာပြန်မြင်ယောင်နေသည်။အသက်ရှုမြန်လာလေလေ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေပြီး နားထဲမှာ ချောက်ထဲသို့ကားပြုတ်ကျတဲ့ အသံများနဲ့ အတူ မေမေနဲ့ ဖေဖေမဆုံးခင်က ညီးတွားအော်ဟစ်နေသံများသာကြားနေရသည်။
××××××××××××××
ဘုန်းမြတ်ဂျူတီချိန်ပြီးတော့ ည၈နာရီ ။အလုပ်တွေကို လက်စသက်ပြီး အိပ်ပြန်ရန် ပြင်နေစဥ်
ဆေးရုံရှိ Nurse များနဲ့ လူနာအချို့က TVပေါ်ရှိ သတင်းကို စိတ်၀င်တစား ကြည့်နေကြသဖြင့် ဘုန်းမြတ် သွားစူးစမ်းကြည့်မိသည်။
Breaking news ဆိုပြီး TVမှာပါလာသည့်အကြောင်းအရာကတော့ ×××××အိမ်ရာမှာ မီးလောင်မှုဖြစ်ပွားနေတဲ့ အတွက် အနီးအနားရှိ ရပ်ကွက်များကို မီးများယာယီဖြတ်တောက်ထားတဲ့ အကြောင်းဖြစ်သည်။သတင်းကို အဆုံးထိ ကြည့်ပြီးပြီးချင်း ဘုန်းမြတ် ခေါင်းပေါ်ကို ဆောင်းတွင်းကြီး မိုးကြိုး ပစ်ချလိုက်သလိုဖြစ်သွားသည်။မီးဖြတ်တောက်ထားသော နေရာများထဲတွင် ဘုန်းမြတ်တို့ နေထိုင်ရာ ရပ်ကွက်လဲပါ၀င်သည်ဖြစ်သည်။
"မြမှူး"
ပါးစပ်ကနေ မြမှူးနာမည်ကို တိုးတိုးလေးရေရွတ်မိလိုက်ပြီး ရင်ထဲမှာ စိတ်ပူပန်မှုတွေနဲ့ပြည့်နှက်သွားသည်။ချက်ချင်းပဲ အိပ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး မြမှူးဆီကို ဖုန်းခေါ်နေပေမဲ့ ဖုန်းကမကိုင် သဖြင့် ဘုန်းမြတ် ရင်တွေပူလောင်နေရသည်။မီးလောင်မှုက သိပ်မကြီးပေမဲ့ အရေးကြီးတာက မြမှူးတစ်ယောက်ထဲရှိနေချိန် မီးပျက်သွားခြင်းဖြစ်သည်။
ဘုန်းမြတ် ချက်ချင်းကားရှိရာကိုလာနေရင်း ဖုန်းကိုမြမှူးဆက်တိုက်ခေါ်နေသည် ဒါပေမဲ့ မကိုင်။ ဒါကြောင့်မြမှူးတစ်ခုခုဖြစ်နေပြီ ဆိုတာသိလိုက်သည်။ကားကို အမြန် မောင်းလာရင်း စိတ်ထဲမှာ မြမှူးအဆင်ပြေပါစေ လို့ တဖွဖွဆုတောင်းရင်း ကားမောင်းနေရသည်။
မီးသတ်ကားများ တန်းစီနေ၍ ကားလမ်းကြောက ပိတ်ကာ ထင်သလောက်ခရီးမရောက်ဖြစ်နေသည်။ဒါပေမဲ့ နာရီ၀က်အကြာမှာတော့ အိမ်ရှေ့ကိုရောက်လာခဲ့ပြီဖြစ်သည်။
ဖုန်းflashမီးကို ဖွင့်ပြီး အိမ်ထဲကို ဒုန်းဆိုင်းပေး၀င်လာခဲ့ပြီး မြမှူးကို လိုက်ရှာနေခဲ့သည်။
အောက်ထပ်တစ်ထပ်လုံးမှာ မတွေ့သဖြင့် အပေါ်ထပ်ကို ပြေးထပ်ပြီး မြမှူးအခန်းရှိရာကို အသွားမှာ တရှုံ့ရှုံ့ငိုကိုသံကြားသဖြင့် လှည့်ကြည့်လိုက်တော့ လှေကားထိပ်နားမှာ မျက်နှာကို အောက်ငုံ့ထားပြီး နားနှစ်ဖက်ကိုပိတ်ကာငိုနေသော မြမှူးကို တွေ့လိုက်သည်။
ဘုန်းမြတ် မြမှူးကို တွေ့တာနဲ့ ချက်ချင်းအနားသွားပြီး ပြေးဖက်ထားလိုက်သည်။မြမှူးကတော့ စိတ်နဲ့ကိုယ်နဲ့ မကပ်ပဲ တစ်ကိုယ်လုံးတုန်ရီနေကာ ငိုနေဆဲ။
"မြမှူး.....မြမှူး......ကိုယ့်ကိုကြည့်ပါဦး"
မြမှူးပခုံးကို ကိုင်လှုပ်လိုက်ပြီး အသိစိတ်၀င်အောင်လုပ်လိုက်သည်။
"အ......အကို.....အင့်...ဟင့်..."
ဘုန်းမြတ် လှုပ်နှိုးလိုက်မှ အသိပြန်၀င်ပြီး ငိုထားရ၍ နီနေသော မျက်၀န်းများနဲ့ ဘုန်းမြတ်ကိုကြည့်ကာ လှမ်းဖက်ပြီး ကလေးတစ်ယောက်လိုငိုတော့သည်။
"အ.....ကို...ဟင့်....ဘာလို့ အခုမှ.....လာရတာလဲ.....ဟင့်....မြ......မြမှူး အရမ်းကြောက်နေခဲ့တာ....."
မြမှူးက ဘုန်းမြတ်ကို တင်းကြပ်စွာဖတ်ပြီး ငိုကြွေးနေတဲ့အခါမှာတော့ ဘုန်းမြတ် အသဲတွေ ကွဲကြေသလိုခံစားရသည်။အရာအားလုံးကို မေ့လုနီးပါးဖြစ်အောင် ဘုန်းမြတ် ကြိုးစားနေချိန်မှာ ဒီလိုကိစ္စမျိုးကြုံရ၍ မြမှူး ထပ်ပြီး ခံစားရတာကို မကြည့်ရက်ပေ။
"ဘာမှ မဖြစ်တော့ဘူးနော်.....အခုအကို ရောက်လာပြီပဲ.....မကြောက်တော့နဲ့."
"အင်း"
ဘုန်းမြတ် ရင်ခွင်ထဲမှာ ခေါင်းတွင်တွင်ညိမ့်ပြီး ဖြေနေသောကြောင့် ဘုန်းမြတ် ထပ်ပြီး စိတ်မကောင်းဖြစ်ရပြန်သည်။
"လာ အခန်းထဲမှာ ကိုယ်မီးထွန်းပေးမယ်"
မနက်ကစျေးသွားထား၍ တော်တော့သေးသည်။မြမှူးက အမွှေးရနံ့ဖယောင်းတိုင်လိုချင်တယ် ဆို၍ အများကြီး၀ယ်လာခဲ့သည်မှာ မှန်သွားသည်။ဘုန်းမြတ် မြမှူးအခန်းထဲမှာ ဖယောင်းတိုင်တွေ နေရာအနှံလိုက်ထွန်း လိုက်တော့ အခန်းတစ်ခုလုံး မွှေးနေသည်။
"အကို....ဒီမှာလာထိုင်"
မြမှုးက ကုတင်ကို ကျောမှီထားပြီး ဒူးခေါင်းကိုပိုက်ထားပြီး ထိုင်ကာ သူ့ဘေးနားမှာလာထိုင်ရန် ဘုန်းမြတ်ကိုခေါ်လိုက်သည်။ဘုန်းမြတ်လဲ မြမှူး ဘေးနားမှာ ၀င်ထိုင်လိုက်သည်။ခြေထောက်တစ်ဖက်ကို ဆင်းထားပြီး တစ်ဖက်ကို ဒူးခေါင်းထောင်ထားကာ လက်တစ်ဖက်ကို ရှေ့ထုတ်ပြီး တင်ထားသည်။မျက်နှာကတော့ မြမှူးဘက်ကိုသာကြည့်နေသည်။
"အကိုက မြမှူး အန္တရယ်နဲ့ကြုံတဲ့အချိန်တိုင်း ရောက်ရောက်လာတယ်နော်"
မြမှူးက အရှေ့တည့်တည့်က ဖယောင်းတိုင်ကို ကြည့်နေရင်းက ဘုန်းမြတ်ဘက်ကို လှည့်ကာပြောလိုက်သည်။
"အကိုက အဲ့လိုအမြဲ ဂရုစိုက်ပေးနေလို့ တစ်နေ့အကိုမြမှူးအနားကနေ ထွက်သွားရင် မြမှူးမနေတတ်လောက်တော့ဘူးထင်တယ်"
"မြမှူးဘာကိုပြောချင်တာလဲ"
"အကိုသာ တကယ်ချစ်ရတဲ့သူတွေ့သွားရင် မြမှူးက အကို့ကိုကွာရှင်းပေးရမှာလေ"
မြမှူးစကားက ဘုန်းမြတ်ကို ဖွင့်ပြောဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်လာလေပြီ။
"ကိုယ်က ဘယ်သူ့ကိုသွားချစ်ရမှာလဲ ကိုယ်ချစ်ရတဲ့သူက အခုအရှေ့မှာရှိနေတဲ့ဟာကို"
ဘုန်းမြတ် တည်တည်ငြိမ်ငြိမ်နဲ့ မြမှူးရဲ့ မျက်၀န်းများကို စိုက်ကြည့်ပြီးဖြေလိုက်သည်။
"အခုက ညီမလေးလိုပဲချစ်တာလေ....တူမှမတူတာ.....နောက်ဆို အကို ချစ်ရတဲ့သူကို ထပ်တွေ့ရင်တွေ့ဦးမှာပဲလေ"
"ကိုယ်မြမှူးကို ညီမလေးလိုချစ်တာမှမဟုတ်တော့တာ"
အကိုစကားကြောင့် မြမှူးမျက်လုံးများပင်၀ိုင်းစက်သွားရသည်။
"ကိုယ်ကမြမှူးကို မိန်းကလေးတစ်ယောက်အနေနဲ့ကိုချစ်မိနေတာကြာပြီ.....မြမှူးတကယ်သတိမထမိတာလား.....အကို့စိတ်ကို မမြင်မိဘူးလား....ကိုယ်ဒီလောက်ထိ မြမှူးရိပ်မိအောင် လုပ်ပြနေတာကိုလေ"
"အကို..... အတည်ပြောနေတာလား"
"ဟုတ်တယ်.....ကိုယ်မြမှူးကို ဒီစကားပြောဖို့ အရှိန်ယူနေခဲ့တာကြာပြီ.....ကိုယ်ပြောတာကိုယုံပေးပါ"
အကိုက မြမှူးလက် နှစ်ဖက်ကို ဆုပ်ကိုင်ပြီး မြမှူးမျက်လုံးကို လေးလေးနက်နက်စိုက်ကြည့်ကာပြောလာတာကြောင့် မြမှူးရင်တွေ ခုန်လာရသည်။
"မြမှူးရော....ကိုယ့်ကိုဘယ်လိုသဘောထားလဲ"
အကို့စကားကို မြမှူးဘယ်လိုပြန်ဖြေရမလဲ စဥ်းစားနေမိသည်။အမှန်တိုင်းဖြေရမလားဆိုတာကိုပေါ့။အခုချိန်မှာ အရာအားလုံးက တိတ်ဆိတ်နေပြီး အကိုနဲ့ မြမှူး နှစ်ယောက်ထဲသာရှိသည်မို့ မြမှူးစိတ်ကို ထပ်ပြီး ဖုံးမကွယ်ချင်တော့ပါ။
Advertisement
"မြမှူးက......အကို့ကို စတွေ့ကတည်းက......သဘောကျနေခဲ့တာ"
တိတ်ဆိတ်နေချိန်တွင် ပီသပြတ်သားစွာ ထွက်လာသော မြမှူးအသံကြောင့် ဘုန်းမြတ် ရင်တွေ ဆက်တိုက်ခုန်လာပြီး ကိုယ်ချစ်နေတဲ့သူက ကိုယ့်ကိုချစ်နေတယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရပေ။
မြမှူးကတော့ သူ့ခံစားချက်ကို ဖွင့်ဟပြောပြီးတာနဲ့ ရှက်နေတာကြောင့် မျက်နှာကိုအောက်ငုံ့ထားသည်။ဖယောင်းတိုင်မီးရောင်တွေကြားထဲမှာ ရှက်နေသော မြမှူးမျက်နှာလေးက ဘုန်းမြတ်ကို ပိုပြီးရင်ခုန်စေသည်။
"အွန့်......."
ဘုန်းမြတ် ဘာကိုမှစဥ်းစာမနေတော့ပဲ မြမှူးမေးဖျားကို လှမ်းဆွဲပြီး နှုတ်ခမ်းအချင်းချင်းထိကပ်လိုက်သည်။ထိုမှ တဆင့်တဖြည်းဖြည်း နှုတ်ခမ်းသားတို့ကို စုပ်ယူပြီး နမ်းရှိုက်နေသည်မှာ နှစ်ဦးစလုံး၏ အသက်ရူသံပြင်းပြင်းများသည် အခန်းထဲတွင်ပျံ့လွင့်နေသည်။
မြမှူးသည် ဘုန်းမြတ်ရဲ့ အနမ်းများကို ငြင်းဆန်ခြင်းမရှိပဲ ဘုန်းမြတ်လည်ပင်းကို လက်များဖြင့် သိုင်းဖက်ကာ အနမ်းများပြန်တုံ့ပြန်လာသဖြင့် ဘုန်းမြတ် အနမ်းတို့ကို အရှိန်ထပ်ပြီးမြှင့်တင်လိုက်သည်။
တဖြည်းဖြည်းအရှိန်တက်လာတာကြောင့် ဘုန်းမြတ် လျှာဖျားလေးတိုး၀င်လိုက်သဖြင့် မြမှူး ပုခုံးအနည်းငယ်တွန့်သွားသည်ကို သတိထားမိလိုက်သည်။ဒီလိုကိစ္စမျိုးတွေနဲ့ အကျွမ်းတ၀င်မရှိသေးသော သူမအတွက် ဘုန်းမြတ် အတင်းအကျပ် မလုပ်ချင်သည့်အတွက်ကြောင့် အရှိန်ကို ဖြေးဖြေးချင်းလျော့ကာ ထိစပ်နေသော နှုတ်ခမ်းဖျားတို့ကို ခွာလိုက်သည်။မြမှူးကတော့ အခုမှ မောဟိုက်နေသည့်အတွက် အသက်ကို၀အောင်ရှုနေရသည်။
အသက်ခပ်ပြင်းပြင်းရှုနေရင်း
မျက်လုံး၀ိုင်းမျာဖြင့် ဘုန်းမြတ်ကို ကြည့်နေသော မြမှူးကို ခပ်ဖွဖွ တစ်ချက်နမ်းလိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ကလေးမကတော့ စကားတစ်ခွန်းတောင် မဟ ပဲ ဘုန်းမြတ်ရင်ခွင်ထဲမှာမှေးစက် အနားယူနေသည်။
"မြမှူး ကိုယ် မြမှူးကို အရမ်းချစ်တယ်......
မြမှူးကို တစ်သက်လုံး ပျော်ရွှင်အောင်ထားမယ်လို့ ကိုယ်ကတိပေးတယ်........"
ရင်ခွင်ထဲမှာ ထည့်ပြီး ပွေ့ဖက်ထားသော မြမှူးရဲ့ ဆံပင်ကို ခပ်ဖွဖွနမ်းပြီး ပြောလိုက်သည်။
"မြမှူးလဲ အကို့ကိုချစ်တယ်...."
×××××××××××××××××××××××××××××××××××
အဟမ်း...အဟမ်း....မနက်ဖြန်အပိုင်းက စပြီး နောက် ၅ပိုင်း ၆ပိုင်းလောက်အထိ အချိုတွေ ရှယ်ကျွေးတော့မှာ မို့လို့ ရည်းစားမရှိတဲ့သူတွေ ကိုက်စရာ စောင်ရှာထားကြပါ😝

ဒါကတော့ မြမှူးကြိုက်တယ်ဆိုတဲ့ ပန်းပုံပါ
Zawgyi
"ျမမွဴး ကိုယ္ဒီေန့မနက္ပိုင္းအားတယ္ ျမမွဴးဘယ္သြားခ်င္လဲ ကိုယ္လိုက္ပို႔ေပးမယ္"
ဧည့္ခန္းထဲရိွ ဆိုဖာေပၚတြင္ ထိုင္ၿပီး ဖုန္းၾကည့္ေနေသာ ျမမွဴးကို အခန္းထဲကေန ေရခ်ိဳးၿပီး ထြက္လာေသာအကိုက ေျပာလိုက္ျခင္းျဖစ္သည္။
"တကယ္လား..အဲ့ဒါဆို ျမမွဴးတို႔ ေစ်း၀ယ္ထြက္ၾကရေအာင္"
"ျမမွဴးက ဘယ္ေစ်းကိုသြားခ်င္တာလဲ City Mart
သြားမွာလား ျမမွဴး သြားခ်င္တဲ့ေနရာသာေျပာကိုယ္လိုက္ပို႔ေပးမယ္"
"ဟင့္အင္း ျမမွဴးက အဲ့လို႔ supermarketႀကီးေတြကို သြားခ်င္တာမဟုတ္ဘူး....ဟိုေလ ရပ္ကြက္ေတြထဲမွာေရာင္းတဲ့ ေစ်းကိုသြားခ်င္တာ"
"ျမမွဴးက အဲ့ေစ်းကို သြားၿပီး ဘာ၀ယ္ခ်င္လို႔လဲ"
"အိမ္အတြက္လိုအပ္တာ နည္းနည္းပါးပါးနဲ႔ ဘုရားပန္း၀ယ္ခ်င္လို႔"
"အဲ့ဒါဆိုလဲ ျမမွဴးသေဘာအတိုင္းပါပဲဗ်ာ"
××××
အကိုနဲ႔ ေစ်းသြား၀ယ္ရမယ္ဆို၍ ျမမွဴး အိမ္ရွင္မတစ္ေယာက္လို စတိုင္ဖမ္းၿပီး မီးခိုးေရာင္ ဇာအက်ႌကို ထဘီ ေျပာင္နဲ႔ တြဲၿပီး ၀တ္ထားလိုက္သည္။ေစ်းသာ သြားခ်င္တာ ေစ်းဘယ္နားမွန္း မသိ၍ အိမ္ေရ႔ွကျဖတ္သြားေသာ ပဲျပဳတ္သည္ဆီက ပဲျပဳတ္၀ယ္ရင္း လမ္းကိုေမးထားရေသးသည္။လမ္းၫႊန္ပံုအရေတာ့ ေစ်းက သိပ္မေဝးလွ လမ္းေလ်ွာက္သြားရံုနဲ႔ ေရာက္သည္။ဒါေၾကာင့္ အကိုအိမ္ထဲက ထြက္အလာကို ၿခံေရ႔ွကေန ေစာင့္ေနလိုက္သည္။
"ျမမွဴး ေစ်းက ကားနဲ႔သြားရမွာလား"
"မလိုဘူး အကို ေစ်းက နီးနီးေလးတဲ့ လမ္းေလ်ွာက္သြားရံုနဲ႔ ေရာက္တယ္"
"ဟုတ္လား အဲ့ဒါဆို ကိုယ္ၿခံတံခါးပိတ္လိုက္ၪီးမယ္...ခဏေလးေနာ္"
အကိုက ၿခံတံခါးပိတ္ေနတုန္း ျမမွဴးကေတာ့ အကို႔ကို ေငးၾကည့္ေနမိသည္။အကိုကလဲ ျမမွဴးလို အေတြးမ်ိဳးေတြးမိလားမသိ အိမ္ေထာင္ရွင္ႀကီးကဲ့သို႔ တီရွပ္အက်ႌခဲေရာင္ကို ပုဆိုး အကြက္ျဖင့္ တြဲ၀တ္ထားေလသည္။ဘာ၀တ္၀တ္ကို စတိုင္က်လြန္းေသာ အကို႔ကို တျခားသူေတြ ၾကည့္မွာကိုေတာင္ သ၀န္တိုမိသည္။
"လာ ျမမွဴးသြားၾကမယ္"
အကိုက သြားၾကမယ္ဆိုၿပီး သူ႔လက္ကိုတြဲရန္ ကမ္းေပးသျဖင့္ ျမမွဴးလဲရီရင္း အကို႔လက္ကိုဆြဲကာ ေစ်းရိွရာကို လာခဲ့သည္။
ပဲျပဳတ္သည္ အစ္မေျပာရာ လမ္းအတိုင္းေလ်ာက္ခဲ့တာ ထင္သေလာက္မေဝးေပ။ေစ်းက ရပ္ကြက္သံုးခု ေလာက္ရဲ့ စပ္ၾကား အလယ္ေလာက္မွ တည္ရိွသျဖင့္ လူအေတာ္စည္ကားလွသည္။
ေစ်းထဲမွာ ေစ်း၀ယ္ေနတဲ့ လူေတြကိုျမင္မွ ျမမွဴး တစ္ခုသတိရသြားသည္။
"အကို"
"ဗ်ာ"
"ျမမွဴးတို႔ ေစ်း၀ယ္ဖို႔လာၿပီး ျခင္းေတာင္းလဲမပါဘူး"
"ဟာ ဟုတ္သားပဲ အဲဒါဆို ကိုယ္တို႔ ျခင္းေတာင္းတစ္ခုအရင္၀ယ္ၾကမယ္ေလ"
"အင္း အေရ႔ွနားေလာက္မွာေတာ့ ေရာင္းတဲ့ဆိုင္ရိွေလာက္မယ္ထင္တယ္"
ျမမွဴးတို႔ ေစ်းထဲက ၀ယ္စရာပစၥည္းေတြကို ၾကည့္ၿပီး ၀ယ္ခ်င္တာေတြကို အရင္မွတ္ထားလိုက္သည္။၅မိနစ္ေလာက္ လမ္းေလ်ွာက္ၿပီးခ်ိန္မွာေတာ့ ေကာ္ပစၥည္းေတြနဲ႔ ဖိနပ္ဆိုင္ တြဲဖြင့္ထားေသာ ဆိုင္တစ္ဆိုင္ကို ေတြ့သျဖင့္ ႏွစ္ေယာက္လံုး၀မ္းသာသြားေတာ့သည္။
"လာ အကို ျခင္းေတာင္း၀ယ္ၾကမယ္"
အိမ္ရွင္မႀကီး တစ္ေယာက္လို တက္ႂကြေနေသာ ျမမွဴးကိုၾကည့္ၿပီး ဘုန္းျမတ္ခိုးရီမိသည္။
"ျမမွဴး ဘယ္အေရာင္ေလး လိုခ်င္လဲ"
အကိုက အေရာင္အေသြးစံုလင္လွေသာ ျခင္းေတာင္းမ်ားထဲမွ ျမမွဴးလိုခ်င္ေသာ အေရာင္ကို ေမးေနသည္။
"အျပာေရာင္ေလး"
"အိုေက "
အကိုက ျခင္းေတာင္းကိုယူၿပီး ပိုက္ဆံသြားရွင္းေနတုန္း ျမမွဴးအၾကည့္ေတြကေတာ့ အေရ႔ွကပန္းဆိုင္ဆီမွာ"
"ျမမွဴး ပန္း၀ယ္မွာမလား"
"အင္း"
ျမမႈးက ပန္းဆိုင္ေရာက္တာနဲ႔ ဂႏၶမာပန္းအျဖဴေသးေသးေလးေတြကို အရင္ေကာက္ကိုင္လိုက္သည္။
"ျမမွဴး ႏွင္းဆီေတြလဲ လွတယ္"
အကိုက ႏွင္းဆီပန္း လိမၼော္ေရာင္ေတြ ကိုကိုင္ၿပီး ျမမွဴးကို ျပေနသည္။
"အကိုက ႏွင္းဆီပန္းကို သေဘာက်တာလား"
"ဟင့္အင္း ကိုယ္က စံပယ္ပန္းကို ႀကိဳက္တာ...
ျမမွဴးကေရာ...ဘယ္ပန္းကို အႀကိဳက္ဆံုးလဲ"
"ျမမွဴးက ဒီဂႏၶာမာပန္း အျဖဴေလးေတြကို အႀကိဳက္ဆံုးပဲ....."
"ဟင္"
"အကိုထူးဆန္းသြားတယ္မလား...ျမမွဴးက ငယ္ငယ္ေလးကတည္းက ဒီပန္းကိုျမင္ရင္ စိတ္ထဲေအးခ်မ္းသြားသလိုပဲ အရမ္းသေဘာက်တယ္"
သူ႔ကိုယ္သူ အႀကိဳက္ထူးဆန္းေနမွန္းသိတာေၾကာင့္ ရီရင္းပန္းေရြးေနေသာ ျမမွဴးက ဘုန္းျမတ္မ်က္စိထဲမွာေတာ့ အခုခ်ိန္တြင္ အလွဆံုး
ပန္းတစ္ပြင့္ျဖစ္ေနေလသည္။
ေစ်းအႀကိဳက္၀ယ္ၿပီး ခ်ိန္မွာေတာ့ ေစ်းထိပ္က လက္ဖက္ရည္ဆိုင္မွာ မုန္႔စားၿပီး အိမ္ကိုတန္းျပန္လာခဲ့သည္။အကိုကေတာ့ လက္တစ္ဖက္က ျခင္းေတာင္းကိုဆြဲၿပီး တစ္ဖက္ကေတာ့ ျမမွဴး လက္ကိုတြဲထားသည္။ျမမႈးကေတာ့ လက္တစ္ဖက္က အကို႔လက္ကို တြဲထားၿပီး တစ္ဖက္က ဘုရားပန္းေတြကို ေပြ့ၿပီး ကိုင္ထားသည္။
ျမမွဴး ဘ၀မွာ ေရ႔ွေလ်ွာက္ ဒီလိုေအးခ်မ္းတဲ့ သာမာန္ဘ၀မ်ိဳးကိုပဲ ေန့တိုင္းျဖတ္သန္းခ်င္ေနမိသည္။
××××××××××
ညေန ၃နာရီေလာက္မွ အကိုက ေဆးရံုကိုသြားၿပီျဖစ္၍ ညေနေစာင္းမွာ ဘုရားပန္းကို ဂႏၶာမာအျဖဴေတြနဲ႔ ႏွင္းဆီပန္းလိမၼော္ အပြင့္ႀကီးေတြကို တြဲၿပီး ေဝဆာေနေအာင္ ပန္းအိုးတြင္ ထိုးထားသည္။စာေမးပြဲေျဖၿပီး ကတည္းက ျမမွဴးတစ္ေယာက္ထဲ အိမ္မွာ ရုပ္ရွင္ၾကည့္လိုက္ စာဖတ္လိုက္ မုန္႔လုပ္စားလိုက္နဲ႔ အခ်ိန္ကုန္ေနရသည္။ဒီေန့လဲ ညစာစားၿပီး ပ်င္းေနတာနဲ႔ အိမ္သန္႔ရွင္းေရး နည္းနည္းပါးပါးလုပ္ေနလိုက္သည္။
အကိုက ည၉နာရီမွ ျပန္ေရာက္မည္ျဖစ္၍ ျမမွဴး ရုပ္ရွင္ၾကည့္ရင္းေစာင့္ေနသည္မွာ ည ၈နာရီပင္ထိုးေနၿပီ။laptop ကလဲ အားကုန္ခါနီးေနၿပီမို႔ အခန္းထဲက အားသြင္းႀကိဳးယူရန္ အေပၚထပ္အခန္းရိွရာဆီသို႔ ေလွကားထစ္မ်ားမွ တစ္ဆင့္ တက္သြားေနသည္။
"ဖလပ္....."
ထိုစဥ္ ျဖတ္ခနဲ မီးပ်က္သြားကာ ျမင္ကြင္းတစ္ခုလံုးေမွာင္မဲသြားေတာ့သည္။အရာအားလံုးက အေမွာင္အတိျဖစ္ေနၿပီး ဘာကိုမွ မျမင္ရေတာ့။ျမမွဴး တစ္ခဏအတြင္းမွာတင္ အသက္ရႈႏႈန္းေတျြမန္လာၿပီး ေလွကားထိပ္မွာထင္ ထိုင္လ်က္ျဖစ္မိသြားသည္။
လြန္ခဲ့တဲ့ ၁၀ႏွစ္ခန္႔က ထိုအခ်ိန္ကိုျပန္ေရာက္သြားသလိုပင္။မ်က္လံုးထဲမွာ ေသြးသံရဲရဲျမင္ကြင္းေတြနဲ႔ ကားအခ်င္းခ်င္းတိုက္မိ၍ ထြက္ေပၚလာေသာအသံမ်ား သာစူးစူးဝါးဝါးၾကားေနရသည္။
"ဟင့္အင္း....မဟုတ္ဘူး....ေမေမ...ေဖေဖ.....မဟုတ္ဘူး...အင့္....
ဟင့္..........ေမေမ သမီးကိုထားမသြားပါနဲ႔.........."
ျမမွဴးလံုး၀ အသိစိတ္လြတ္ေနၿပီး မ်က္လံုးထဲမွာ ထိုေန့ညက ျမင္ကြင္းအခ်ိဳ႕သာျပန္ျမင္ေယာင္ေနသည္။အသက္ရႈျမန္လာေလေလ ခႏၶာကိုယ္တစ္ခုလံုးတုန္ရီေနၿပီး နားထဲမွာ ေခ်ာက္ထဲသို႔ကားျပဳတ္က်တဲ့ အသံမ်ားနဲ႔ အတူ ေမေမနဲ႔ ေဖေဖမဆံုးခင္က ညီးတြားေအာ္ဟစ္ေနသံမ်ားသာၾကားေနရသည္။
××××××××××××××
ဘုန္းျမတ္ဂ်ူတီခ်ိန္ၿပီးေတာ့ ည၈နာရီ ။အလုပ္ေတြကို လက္စသက္ၿပီး အိပ္ျပန္ရန္ ျပင္ေနစဥ္
ေဆးရံုရိွ Nurse မ်ားနဲ႔ လူနာအခ်ိဳ႕က TVေပၚရိွ သတင္းကို စိတ္၀င္တစား ၾကည့္ေနၾကသျဖင့္ ဘုန္းျမတ္ သြားစူးစမ္းၾကည့္မိသည္။
Breaking news ဆိုၿပီး TVမွာပါလာသည့္အေၾကာင္းအရာကေတာ့ ×××××အိမ္ရာမွာ မီးေလာင္မႈျဖစ္ပြားေနတဲ့ အတြက္ အနီးအနားရိွ ရပ္ကြက္မ်ားကို မီးမ်ားယာယီျဖတ္ေတာက္ထားတဲ့ အေၾကာင္းျဖစ္သည္။သတင္းကို အဆံုးထိ ၾကည့္ၿပီးၿပီးခ်င္း ဘုန္းျမတ္ ေခါင္းေပၚကို ေဆာင္းတြင္းႀကီး မိုးႀကိဳး ပစ္ခ်လိုက္သလိုျဖစ္သြားသည္။မီးျဖတ္ေတာက္ထားေသာ ေနရာမ်ားထဲတြင္ ဘုန္းျမတ္တို႔ ေနထိုင္ရာ ရပ္ကြက္လဲပါ၀င္သည္ျဖစ္သည္။
"ျမမွဴး"
ပါးစပ္ကေန ျမမွဴးနာမည္ကို တိုးတိုးေလးေရရြတ္မိလိုက္ၿပီး ရင္ထဲမွာ စိတ္ပူပန္မႈေတြနဲ႔ျပည့္ႏွက္သြားသည္။ခ်က္ခ်င္းပဲ အိပ္ကပ္ထဲက ဖုန္းကိုထုတ္လိုက္ၿပီး ျမမွဴးဆီကို ဖုန္းေခၚေနေပမဲ့ ဖုန္းကမကိုင္ သျဖင့္ ဘုန္းျမတ္ ရင္ေတြပူေလာင္ေနရသည္။မီးေလာင္မႈက သိပ္မႀကီးေပမဲ့ အေရးႀကီးတာက ျမမွဴးတစ္ေယာက္ထဲရိွေနခ်ိန္ မီးပ်က္သြားျခင္းျဖစ္သည္။
ဘုန္းျမတ္ ခ်က္ခ်င္းကားရိွရာကိုလာေနရင္း ဖုန္းကိုျမမွဴးဆက္တိုက္ေခၚေနသည္ ဒါေပမဲ့ မကိုင္။ ဒါေၾကာင့္ျမမွဴးတစ္ခုခုျဖစ္ေနၿပီ ဆိုတာသိလိုက္သည္။ကားကို အျမန္ ေမာင္းလာရင္း စိတ္ထဲမွာ ျမမွဴးအဆင္ေျပပါေစ လို႔ တဖြဖြဆုေတာင္းရင္း ကားေမာင္းေနရသည္။
မီးသတ္ကားမ်ား တန္းစီေန၍ ကားလမ္းေၾကာက ပိတ္ကာ ထင္သေလာက္ခရီးမေရာက္ျဖစ္ေနသည္။ဒါေပမဲ့ နာရီ၀က္အၾကာမွာေတာ့ အိမ္ေရ႔ွကိုေရာက္လာခဲ့ၿပီျဖစ္သည္။
ဖုန္းflashမီးကို ဖြင့္ၿပီး အိမ္ထဲကို ဒုန္းဆိုင္းေပး၀င္လာခဲ့ၿပီး ျမမွဴးကို လိုက္ရွာေနခဲ့သည္။
ေအာက္ထပ္တစ္ထပ္လံုးမွာ မေတြ့သျဖင့္ အေပၚထပ္ကို ေျပးထပ္ၿပီး ျမမွဴးအခန္းရိွရာကို အသြားမွာ တရႈံ႔ရႈံ႔ငိုကိုသံၾကားသျဖင့္ လွည့္ၾကည့္လိုက္ေတာ့ ေလွကားထိပ္နားမွာ မ်က္ႏွာကို ေအာက္ငံု႔ထားၿပီး နားႏွစ္ဖက္ကိုပိတ္ကာငိုေနေသာ ျမမွဴးကို ေတြ့လိုက္သည္။
Advertisement
- In Serial10 Chapters
Waltz Under The Moonlit Night
I have dedicated a majority of my life to playing the piano. Practicing for countless of hours everyday, without rest. Why? you ask. Well, it's because I wanted my father, the world-renowned pianist, to look down and finally acknowledge my presence. But lately, It's feels like it's all for naught. Constant failure and loses in many competitions. After years, I've grown to hate my cold father, who refuses to acknowledge me and had abandoned his own family. One day, I lost a huge chance for my name to be known in the world of classical music. As expected, he listed off all my flaws and left. But before he left, he told me to visit my mother's hometown, saying that I'll find something there that I was lacking. At first, I was reluctant, but I decided to go anyways. And on that day, My world changed completely.
8 117 - In Serial14 Chapters
Daphné
After a chance encounter, Daphné finds herself a member of the Les Amis de L'ABC and throws herself at the chance to overthrow a corrupt government, making friends for life and attempting to save her Patria.I DO NOT OWN LES MIS OR ANY OF THE CHARACTERS EXCEPT DAPHNE!!!!!
8 627 - In Serial42 Chapters
Daphne Greengrass and the Importance of Intent
This is the story of how Voldemort and the tools he created to defy death were destroyed by Harry Potter and me while sitting in an empty Hogwarts classroom using Harry's idea, my design, and most importantly, our intent. Set during 6th Year.
8 111 - In Serial31 Chapters
Flower Crown | KV ✔
In which god of flowers Kim Taehyung gets stolen by the Lord of the underworld, Jeon Jeongguk TopKook BottomTae
8 119 - In Serial45 Chapters
The Wedding In Miami
Highest rankings:Exes: #1 (4th July 2020)Bad boy: #1 (3rd July 2020)Follow my Instagram for any updates and if you have any questions:@nikki_k123Emma Roberts is offered to be a bridesmaid while she attends her best friend's sister's wedding in Miami. She gets to be a bridesmaid and she's happy to do so. Plus, a free vacation? Who would say no? Well, cut to Miami and Emma wishes she did when she finds out her ex-boyfriend, Nick Heartwell, is a groomsman and the groom is his cousin. The one person she's been trying to avoid for months, since the breakup, to be precise. Our bride's family has a tradition. They spend three weeks with the groom's family on vacation, playing or sorts of family games, and spending time getting to know their future family. Three weeks.Emma and Nick.Stuck together. Maybe second chances aren't so bad.Read to find out what happens at The Wedding In Miami.
8 230 - In Serial22 Chapters
Runaway (DNF Omegaverse)
Dream is a rich Alpha that can't cope with the stress of owning a multi-millionare business. When SapNap suggested taking a break, Dream packed a few bags and left. George is a rare Omega ( because he is male) who ran away from his mate that got him Pregnant. He didn't know this but what happens when he stumbles upon an Alpha that respects him?-----------------------------------------------------------------Hello. It is me the author. I will write in Bold during the book and it will be in 3rd person in different views. This info will be shown at beginning of the chapter with TWs.All updates for Uploads etc will be on my conversation page so just go there if you need anything. :) Swearing is written like this (idk what you call it). Eg:F*ck. Cover made by my friend. Thank you to them! Start date: 14th October 2021End date: 1st June 2022
8 158

