《ကံကြမ္မာစေရာ [OC] (Completed)》Ep_16
Advertisement
Uni
အကိုရဲ့ လှိုင်းတွန့်သဏ္ဍာန် နှုတ်ခမ်းအစုံက မြမှူးနှုတ်ခမ်းဖျားဆီ တဖြည်းဖြည်းချင်းကပ်လာတာကြောင့် အကို့ရဲ့ ၀င်လေထွက်လေတိုင်းက မြမှူး မျက်နှာကို တိုးဝှေ့ကာ ကျီစားနေသည်။
အကို့သောက်လာတဲ့ ၀ီစကီက အကို့ကို မူးယစ်စေရုံသာမက အကို့ရဲ့ ကိုယ်သင်းနံ့နဲ့ ထို၀ီစကီနံ့ တို့ပေါင်းစပ်သွားတဲ့ အခါမှာတော့ မြမှူးကိုပါ မူးယစ်စေပြီး အကို့ဆီက ရုန်းမထွက်နိုင်အောင်ပြုစားထားလေသသည်။
နောက်ဆုံးမှာတော့ အကို့ နဲ့ မြမှူးဟာ ဒုတိယအကြိမ် နှုတ်ခမ်းချင်း ထိစပ်သွားခဲ့ပြန်သည်။
အကိုက မြမှူးပါးကို လက်တစ်ဖက်ဖြင့် နူးညံ့စွာကိုင်ထားပြီး အခြားတစ်ဖက်က မြမှူးခါးကို ဆွဲဖက်လိုက်ကာ အကိုနဲ့ ပိုနီးကပ်စေသည်။အကိုက နူးညံ့စွာဖိကပ်ထားရမှာ နှုတ်ခမ်းကို ခပ်ဖွဖွဟလိုက်ပြီး မြမှူးရဲ့ အောက်နှုတ်ခမ်းကို ဆွဲစုပ်လိုက်သည်မို့ မြမှူးရင်ထဲမှာ အမြင့်တစ်နေရာကနေ ပြုတ်ကျသွားသလို ရင်ထဲအေးကနဲ ခံစားလိုက်ရသည်။အကိုက တဖြည်းဖြည်း အရှိန်တက်လာပြီး မြမှူးရဲ့ အောက်နှုတ်ခမ်းရော အပေါ်နှုတ်ခမ်းတို့ကိုရော နေရာလွတ်မရှိတော့သည်အထိ စုပ်ယူနမ်းရှိုက်လာလေသည်။မြမှူးသည်လဲပဲ အကို့အထိအတွေ့အောက်မှ သာယာနေပြီး အကိုဦးဆောင်ရာနောက်သာ အလိုက်သင့်နေပေးနေမိသည်။
အကိုက မြမှူးခါးကို ပိုပြီး တင်းကြပ်စွာ ဖက်ပြီးနမ်းနေလေလေ မြမှူးကအကို့အင်္ကျီကို တင်းကြပ်စွာ ဆုပ်ကိုင်ထားနေသည်မှာ လက်ခုံပေါ်ရှိ သွေးကြောလေးများပင် ထောင်နေပြီဖြစ်သည်။
"အွန့်......အင့်.........."
ကျယ်၀န်းလှသော အိမ်ကြီးထဲမှာ အကို့နဲ့ မြမှူးတို့ရဲ့ နမ်းရှိုက်နေသောအသံများသာ ထွက်ပေါ်နေသည်။
ထိုစဥ် နှုတ်ခမ်းဖျားဆီမှ လစ်ဟာသွားမှုနဲ့ အတူ မြမှူးရဲ့ ပုခုံးထက်ဆီသို့ လေးလံသောအရာတစ်ခု ကျဆင်းလာမှုကြောင့် မြမှူး တင်းကြပ်စွာ မှိတ်ထားသော မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်။
မြမှူး ပုခုံးထက်က အရာကတော့ တခြားမဟုတ် အကို့ ဦးခေါင်းပင်ဖြစ်သည်။ဘယ်လောက်တောင် သောက်လာလဲတော့ မသိ နမ်းနေရင်းနဲ့တောင် ကိုယ့်ခေါင်းကိုတောင် မထူနိုင်ပဲ မြမှူးပခုံးပေါ်သို့ ငိုက်ကျကာယိုင်လဲနေပြီဖြစ်သည်။ကိုယ့်ကိုယ်ကိုတောင် မနိုင်ပဲနဲ့ မြမှူး လည်ပင်းကို ကိုင်ကာ နောက်တစ်ကြိမ်ထပ်နမ်းဖို့ ပြင်နေသည်မို့ မြမှူး အကို့လက်ကို မြမှူး ပခုံးပေါ်တင်ကာ တွဲပြီး အတင်းအခန်းထဲပို့ရတော့သည်။
ကိုယ်တော်ချောက ဘယ်လောက်တောင် အိပ်ချင်နေလဲမသိ ကုတင်ပေါ်တင်ပေးလိုက်တာနဲ့ တန်းပြီး အိပ်ပျော်သွားတော့သည်။မြမှူးလဲ မိမိအခန်းရှိရာသာပြန်လာပြီး အိပ်ရန်ပြင်လိုက်သည်။ဒါပေမဲ့ အိပ်မပျော်နိုင် ။မြမှူးရဲ့ ပထမဆုံးအနမ်းကို မြမှူး ချစ်ရတဲ့သူအကိုက ရယူခဲ့တာမို့ မြမှူး ရင်တွေ တလျှပ်လျှပ်ခုန်နေပြီး ထိုအချိန်များကို စဥ်းစားနေမိသဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်။အကိုက မြမှူးကို တကယ်ရူးလောက်အောင် ဆွဲဆောင်နိုင်သည်။အကို့ကြောင့် မြမှူး ဒီညတော့ အိပ်ပျော်နိုင်မယ်မထင်တော့ပါ။
××××××××××××
"အ.....ကျွတ်..ကျွတ်"
ဘုန်းမြတ် အိပ်ယာကနေ ထလိုက်တာနဲ့ ခေါင်းတစ်ခုလုံး မခံမရပ်နိုင်အောင် ထိုးကိုက်နေသည်။
အမြင်အာရုံများကလဲ ဝေ၀ါးနေပြီး နားထင်ကြောများတစ်လျှောက်လုံး တူနဲ့ထုနေသလို
တဒုန်းဒုန်းဖြစ်နေသည်။
တင်းနေသော ဇက်ကြောများ ပြေလျော့သွားစေရန် မျက်လုံးကို တင်းကြပ်စွာပိတ်လိုက်ပြီး ခေါင်းကို ဘယ်ညာ ခါလိိုက်သည်။
"ဒေါက်....ဒေါက်....ဒေါက်...အကို နိုးနေပြီလား"
အပြင်ဘက်က တံခါးခေါက်သံကြောင့် ဘုန်းမြတ် တံခါးဆီ ဒယီးဒယိုင်နဲ့ လျှောက်သွားလိုက်သည်။
"သြော်...မြမှူး ကိုယ်အခုပဲနိုးတာ"
"အကိုခေါင်းကိုက်နေမယ်ထင်လို့..မြမှူး သံပုရာရည်ဖျော်လာပေးတယ်....သောက်လိုက်ဦး"
ဘုန်းမြတ် မြမှူး လက်ထဲက သံပုရာရည်ခွက်ကိုယူပြီး တစ်ခွက်လုံးမော့ချလိုက်သည်။
"ဒါနဲ့ ကိုယ် ညက အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ"
"ဟင်!!အကိုဘာမှ မမှတ်မိတော့ဘူးလား"
အကို့စကားကြောင့် မြမှူး ရင်ထဲ ဒိန်းခနဲဖြစ်သွားရသည်။
"ဟုတ်တယ် ကိုယ်ဘာမှ စဥ်းစားလို့မရတော့ဘူး
ဘီယာဆိုင်မှာ ရဲသွေးနောင်တို့နဲ့ beer ထိုင်သောက်နေတဲ့ အထိပဲ မှတ်မိတော့တယ်.....ကျန်တာဘာမှ မမှတ်မိတော့ဘူး.....အိမ်ကိုဘယ်လိုပြန်ရောက်လာလဲဆိုတာတောင် မသိဘူး"
မြမှူးကတော့ ပထမဆုံးအနမ်းကြောင့် မိုးလင်းတဲ့အထိ အိပ်မရခဲ့ပေမဲ့ အကိုကတော့ ဘာတစ်ခုမှ တောင်မမှတ်မိဘူးဆိုတော့ တကယ်ကိုစိတ်ပျက်လက်ပျက်ဖြစ်မိသွားသည်။ပြောတော့ အမှတ်တရအဖြစ်ဆိုပြီး နမ်းခဲ့ပြီးတော့ အခု အဲ့အမှတ်တရဆိုတာကို မမှတ်မိတဲ့ အကို့ကို နောက်တစ်ခေါက်သာ ဆွဲပြီးနမ်းပစ်လိုက်ချင်သည်။
"အကို့ကို ကိုရဲသွေးနောင်တို့က အိမ်ပြန်လိုက်ပို့ပေးပြီး အခန်းထဲထိ လိုက်ပို့ပေးခဲ့တာလေ
အကိုတကယ်မမှတ်မိတာလား"
"အင်း တကယ်ကို မမှတ်မိတော့တာ"
ပြန်မှတ်မိအောင်လို့ အစဖော်ပေးပြီး နောက်တစ်ခေါက်ထပ်မေးတော့လဲ ဒီအဖြေပဲမို့လို့ မြမှူး
လက်ထဲမှာ ကိုင်ထားတဲ့ သံပုရည်ခွက်နဲ့သာ မှတ်မိအောင် ကောက်ထုပစ်ချင်စိတ်များသာတဖွားဖွားပေါ်လာရတော့သည်။
"မမှတ်မိလဲ စဥ်းစားမနေနဲ့တော့ ခေါင်းပိုကိုက်လိမ့်မယ် ၁၀နာရီထိုးနေပြီ
ရေချိုးလိုက်ဦး....အော်....ပြီးတော့ ကိုရဲသွေးနောင်ဖုန်းလှမ်းဆက်တယ် ဒီနေ့ ဆေးရုံကိုရော ဆေးခန်းကိုရော မလာနဲ့တော့တဲ့ ...ဂျူတီချိန်တွေအကုန်သူအစား၀င်ပေးမယ်တဲ့......အိမ်မှာပဲ အေးအေးဆေးဆေး အနားယူလိုက်ပါတဲ့"
"ဟုတ်လား...အဲ့ဒါဆို ကိုယ်နဲ့မြမှူး အပြင်ကိုလျှောက်လည်ကြရအောင်.....ဒီနေ့လို့ အားလပ်ရက်မျိုးဆိုတာ ရဖို့ ခဲယဥ်းတယ်"
"အကိုက အဆင်ပြေလို့လား....ခေါင်းကိုက်နေတယ်ဆို"
"ရတယ် ကိုယ်က အဆင်ပြေတယ် မြမှူးဖျော်တိုက်တဲ့သံပုရည်ကြောင့် သက်သာသွားပြီ "
"ဟွန့် စကားကတော့ တက်တယ်နော်...
အဲ့ဒါဆိုလဲ ပြီးရော မြမှူးလဲ ရေသွားချိုးလိုက်ဦးမယ်"
"အတူတူချိုးမလား"
"ဘာ!!!!အကို ကတော့......."
မြမှူး လက်ထဲမှာကိုင်ထားတဲ့ ဗန်းနဲ့ ရိုက်မလို့ ပြင်တော့ အကိုက မျက်စိတစ်ဖက်မှိတ်ပြီး လျှာထုတ်ပြကာ အခန်းထဲပြေး၀င်ပြီး တံခါးပိတ်လိုက်တော့သည်။
Advertisement
မြမှူးကတော့ အပြင်မှာ နှုတ်ခမ်းကိုကိုက်ပြီး
လက်သီးဆုပ်ကာ ဒေါသထွက်နေရတော့သည်။
အကိုကတကယ် သူမြမှူးကို ပြောဖူးတဲ့အတိုင်း ကြုံရင်ကြုံသလို အမြဲ လိုက်စနေတာကြောင့်
မြမှူးမှာ ရီရတဲ့အခါလဲရှိသလို အခုလိုမျိုး ရှက်ပြီး ဒေါသထွက်ရတဲ့အခါလဲရှိလေသည်။
××××××××××
"မြမှူး ဘယ်သွားချင်လဲ"
အကိုက ကားကို အာရုံစိုက်မောင်းနေရာကနေ မြမှူးဘက်လှည့်ကာ မေးလာခြင်းဖြစ်သည်။အကိုနဲ့ နေ့လယ် ၁၂နာရီလောက်ကတည်းက နေ့ခင်းစာစားပြီး ဟိုဟိုဒီဒီလျှောက်သွားနေသည်မှာ အခုဆို ညနေ ၆နာရီတောင်ထိုးနေပြီ ဖြစ်သည်။
"ဘယ်သွားချင်လဲဆိုတော့.......အကို....မြမှူးတို့ ကမ်းနားလမ်းမှာ မုန့်တွေ၀ယ်စားပြီး လမ်းလျှောက်ကြရင် မကောင်းဘူးလား"
"ကောင်းတာပေါ့ မြမှူးရဲ့....အဲ့ဒါဆို ကိုယ်ကမ်းနားလမ်းဘက်ကို မောင်းလိုက်မယ်"
ဆိုပြီး အကိုက ကားကို ဆန့်ကျင်ဘက် လမ်းကို ပြန်ချိုးကွေးလိုက်သည်။
ကမ်းနားလမ်းက ညစျေးကိုရောက်တာနဲ့ စားစရာတွေက မျိုးစုံအောင်တွေ့နေရသည်။အကိုက ကားရပ်စရာနေရာ ရှာပြီး ရပ်နေသဖြင့် မြမှူးက စျေးထိပ်မှာတင် အကို့ကို ရပ်စောင့်နေရင်း လျှောက်ကြည့်နေလိုက်သည်။
"လာ မြမှူး သွားကြမယ်"
ထိုစဥ်အနောက်ကနေ ရုတ်တရက်ရောက်လာပြီး မြမှူးလက်ကိုချက်ချင်းဆွဲကိုင်လိုက်တော့သည်။
"လူတွေအများကြီးပဲ ပြီးတော့ ကားတွေကရှုပ်နေတာ မြမှူးကို စိတ်မချဘူး...
ကိုယ့်လက်ကိုမလွှတ်လိုက်နဲ့ နော်"
အကိုက ပြောပြောဆိုဆိုနဲ့ မြမှူး လက်ချောင်းလေးတွေကြားထဲကို သူ့လက်ချောင်းတွေ နေရာလပ်မရှိထည့်ကာ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး မြမှူးကိုကြည့်ကာပြုံးပြနေသည်။မြမှူးကတော့ အကို့ကြောင့် နှလုံးသားက အရည်ပျော်ပြီးရင်းပျော်ဖြစ်နေသည်။
လေတဖြူးဖြူးတိုက်နေသော ကမ်းနားလမ်းမှာ အကို့လက်ကိုတွဲပြီး လမ်းလျှောက်နေရသည်မှာ မြမှူးအတွက်တော့ အိပ်မက်တစ်ခုလိုပင်ဖြစ်နေသည်။အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ခပ်ချောချော အစ်ကိုကြီးက မြမှူးလက်ကိုတွဲပြီး ပြုံးရင်းလမ်းလျှောက်နေသည်မို့ တစ်ချို့ကောင်မလေးတွေက အားကျနေသည့်အကြည့်တွေနဲ့ မြမှူးကိုကြည့်နေတော့ နည်းနည်းတော့ ဘ၀င်မြင့်ချင်သလိုဖြစ်မိသည်။
"အကို မြမှူး ဟိုဟာစားချင်တယ်"
ကလေးတစ်ယောက်လို စားချင်တာကို လက်ညှိုးထိုးပြီး ပူဆာနေတော့ ဘုန်းမြတ် မြမှူးကိုကြည့်ကာ အသဲယားရပြန်သည်။
"ဟုတ်ပါပြီ....ဒီကအကိုက...ဟောဒီ့က
မှူးလေးစားချင်တာမှန်သမျှ အကုန်၀ယ်ကျွေးပါမယ်ခဗျ"
အကို့က လူကြားထဲမှာ ပြောင်သလိုလို နောက်သလိုလိုနဲ့ အကျယ်ကြီး ပြောနေတော့ မြမှူး အကို့ရင်ဘက်ကို ခပ်ဖွဖွထုပြီး ထိန်းရပြန်သေးသည်။
မြမှူးစားချင်တာ ဘာများလဲလို့ကြည့်တော့ သက်တန့်ရောင် အာတာပူစီဖြစ်နေသည်။တကယ်ကို ပေါက်ပေါက်ရှာရှာ စားတတ်သည် ကလေးမလို့ စိတ်ထဲမှာ ပြောမိလိုက်သည်။
"ဦးလေး ဒီဟာလေး တစ်ခုပေးပါ"
အကိုက အလှဆုံးလို့ ထင်ရတဲ့တစ်ခုကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ရော့"
ဆိုင်ရှင် ဦးလေးကြီးက အကို့လက်ထဲထည့်ပေးလိုက်တာနဲ့ အကို့ကမြမှူး လက်ထဲကိုတန်းပြီး ပေးလိုက်သည်။
မြမှူးက စားချင်တာ လက်ထဲရောက်ပြီဆိုတော့ ပြုံးပျော်ပြီး အကို့ကိုမစောင့်မိပဲ ဆက်လျှောက်နေတော့သည်။ဘုန်းမြတ် ပိုက်ဆံပြန်အမ်းတာ ယူပြီးတော့ လှည့်ကြည့်ရာ မြမှူးက ခပ်ေ၀းဝေးပင်ရောက်နေပြီဖြစ်သည်။လူကအတော်များသဖြင့် ဒီလူကောင်သေးသေးနဲ့ ကလေးမပျောက်သွားမှာစိုးသဖြင့် အမြန်ပြေးလိုက်ရပြန်သည်။
ထိုစဥ် အစားငမ်းပြီး လမ်းလျှောက်နေသောမြမှူး အနားကနေဆော့ရင်း ပြေးသွားသော ကောင်လေးနှစ်ယောက်ကြောင့် ဘေးကိုယိုင်သွားလေသည်။ဒါပေမဲ့ လဲမကျသွားခဲ့.... သရဲလိုပင် ဘယ်ကနေပေါ်လာမှန်းမသိတဲ့ အကိုက မြမှူးခါးကို လှမ်းဖက်က ထိန်းထားလိုက်သဖြင့် လမ်းလယ်ခေါင်မှာ အကိုနဲ့ အကြည်စိုက်နေသလိုဖြစ်နေသည်။
"တွေ့လား အဲ့ဒါကြောင့် ကိုယ့်လက်ကိုမလွှတ်ပါနဲ့လို့ပြောနေရတာ"
"ဟီးဟီးး မြမှူးကမေ့သွားလို့ပါ အကိုရဲ့...
စိတ်မဆိုးနဲ့နော်...ရော့ဒါစားကြည့်ကောင်းတယ်"
မြမှူး အကိုစိတ်ဆိုးမှာစိုး၍ အမြန်အာရုံပြောင်းစေရန် အာတာပူစီကို ပါးစပ်နဲ့ အပြည့် ကိုက်စားလိုက်ပြီး ကျန်တာကို အကို့ဆီကမ်းပေးလိုက်သည်။အကိုကတော့ မျက်မှောင်ကျုံ့ပြီး ကြည့်နေလေရဲ့။
"အဲ့ဒါဆိုမြည်းကြည့်မယ်"
"အွန့်"
ရုတ်တရက်ဆန်သော အကို့အပြုအမူကြောင့် မြမှူး ထိုနေရာမှာတင်အေးခဲသွားသလိုခံစားလိုက်သည်။
အကိုက မြမှူးလှမ်းပေးသော လက်ထဲကမုန့်ကိုမစားပဲ မြမှူး ပါးစပ်မှာပြည့်နေသဖြင့် အပြင်ကို တစ်စနှစ်စထွက်နေသော အာတာပူစီအစ ကိုဖြတ်ခနဲ ဆွဲကိုက်ဖဲ့ပြီး စားလိုက်သောကြောင့်ဖြစ်သည်။လျင်မြန်သော အပြုအမူကြောင့် ဘယ်သူမှ သတိမထားမိလိုက်ပေမဲ့ မြမှူးကတော့ နှလုံးပင်ရပ်ချင်သွားသည်။
"အင်း....ကောင်းတယ် ချိုသားပဲ"
နှုတ်ခမ်းထောင့်ကို လက်မဖြင့်သုတ်ရင်း မြမှူးလက်ကိုကိုင်ကာ ဘာမှမဖြစ်သလို လမ်းဆက်လျှောက်နေသော အကို့နောက်ကို မြမှူး အူကြောင်ကြောင်နဲ့ ဆက်လိုက်လာရသည်။မြမှူး တကယ်သိချင်မိသည် အကို့စိတ်ထဲမှာရော မြမှူးလိုမျိုး စိတ်လှုပ်ရှားမှု ဖြစ်ရဲ့လားဆိုတာကိုပေါ့.....။
×××××××××××××××××××××××××××××××××××
မြမှူးနဲ့ အကိုနဲ့ ဘာညာဘာညာဖြစ်ဖို့က စောသေးတယ်ထင်လို့ သာသာ အဲ့အပိုင်းကို
နည်းနည်းနောက်ဆုတ်ထားပါတယ်😗.....
Zawgyi
အကိုရဲ့ လိႈင္းတြန္႔သ႑ာန္ ႏႈတ္ခမ္းအစံုက ျမမွဴးႏႈတ္ခမ္းဖ်ားဆီ တျဖည္းျဖည္းခ်င္းကပ္လာတာေၾကာင့္ အကို႔ရဲ့ ၀င္ေလထြက္ေလတိုင္းက ျမမွဴး မ်က္ႏွာကို တိုးေဝ႔ွကာ က်ီစားေနသည္။
အကို႔ေသာက္လာတဲ့ ဝီစကီက အကို႔ကို မူးယစ္ေစရံုသာမက အကို႔ရဲ့ ကိုယ္သင္းနံ႔နဲ႔ ထိုဝီစကီနံ႔ တို႔ေပါင္းစပ္သြားတဲ့ အခါမွာေတာ့ ျမမွဴးကိုပါ မူးယစ္ေစၿပီး အကို႔ဆီက ရုန္းမထြက္ႏိုင္ေအာင္ျပဳစားထားေလသသည္။
ေနာက္ဆံုးမွာေတာ့ အကို႔ နဲ႔ ျမမွဴးဟာ ဒုတိယအႀကိမ္ ႏႈတ္ခမ္းခ်င္း ထိစပ္သြားခဲ့ျပန္သည္။
အကိုက ျမမွဴးပါးကို လက္တစ္ဖက္ျဖင့္ ႏူးညံ့စြာကိုင္ထားၿပီး အျခားတစ္ဖက္က ျမမွဴးခါးကို ဆြဲဖက္လိုက္ကာ အကိုနဲ႔ ပိုနီးကပ္ေစသည္။အကိုက ႏူးညံ့စြာဖိကပ္ထားရမွာ ႏႈတ္ခမ္းကို ခပ္ဖြဖြဟလိုက္ၿပီး ျမမွဴးရဲ့ ေအာက္ႏႈတ္ခမ္းကို ဆြဲစုပ္လိုက္သည္မို႔ ျမမွဴးရင္ထဲမွာ အျမင့္တစ္ေနရာကေန ျပဳတ္က်သြားသလို ရင္ထဲေအးကနဲ ခံစားလိုက္ရသည္။အကိုက တျဖည္းျဖည္း အရိွန္တက္လာၿပီး ျမမွဴးရဲ့ ေအာက္ႏႈတ္ခမ္းေရာ အေပၚႏႈတ္ခမ္းတို႔ကိုေရာ ေနရာလြတ္မရိွေတာ့သည္အထိ စုပ္ယူနမ္းရိႈက္လာေလသည္။ျမမွဴးသည္လဲပဲ အကို႔အထိအေတြ့ေအာက္မွ သာယာေနၿပီး အကိုၪီးေဆာင္ရာေနာက္သာ အလိုက္သင့္ေနေပးေနမိသည္။
Advertisement
အကိုက ျမမွဴးခါးကို ပိုၿပီး တင္းၾကပ္စြာ ဖက္ၿပီးနမ္းေနေလေလ ျမမွဴးကအကို႔အက်ႌကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားေနသည္မွာ လက္ခံုေပၚရိွ ေသြးေၾကာေလးမ်ားပင္ ေထာင္ေနၿပီျဖစ္သည္။
"အြန္႔......အင့္.........."
က်ယ္၀န္းလွေသာ အိမ္ႀကီးထဲမွာ အကို႔နဲ႔ ျမမွဴးတို႔ရဲ့ နမ္းရိႈက္ေနေသာအသံမ်ားသာ ထြက္ေပၚေနသည္။
ထိုစဥ္ ႏႈတ္ခမ္းဖ်ားဆီမွ လစ္ဟာသြားမႈနဲ႔ အတူ ျမမွဴးရဲ့ ပုခံုးထက္ဆီသို႔ ေလးလံေသာအရာတစ္ခု က်ဆင္းလာမႈေၾကာင့္ ျမမွဴး တင္းၾကပ္စြာ မိွတ္ထားေသာ မ်က္လံုးအစံုကို ဖြင့္ၾကည့္လိုက္သည္။
ျမမွဴး ပုခံုးထက္က အရာကေတာ့ တျခားမဟုတ္ အကို႔ ၪီးေခါင္းပင္ျဖစ္သည္။ဘယ္ေလာက္ေတာင္ ေသာက္လာလဲေတာ့ မသိ နမ္းေနရင္းနဲ႔ေတာင္ ကိုယ့္ေခါင္းကိုေတာင္ မထူႏိုင္ပဲ ျမမွဴးပခံုးေပၚသို႔ ငိုက္က်ကာယိုင္လဲေနၿပီျဖစ္သည္။ကိုယ့္ကိုယ္ကိုေတာင္ မႏိုင္ပဲနဲ႔ ျမမွဴး လည္ပင္းကို ကိုင္ကာ ေနာက္တစ္ႀကိမ္ထပ္နမ္းဖို႔ ျပင္ေနသည္မို႔ ျမမွဴး အကို႔လက္ကို ျမမွဴး ပခံုးေပၚတင္ကာ တြဲၿပီး အတင္းအခန္းထဲပို႔ရေတာ့သည္။
ကိုယ္ေတာ္ေခ်ာက ဘယ္ေလာက္ေတာင္ အိပ္ခ်င္ေနလဲမသိ ကုတင္ေပၚတင္ေပးလိုက္တာနဲ႔ တန္းၿပီး အိပ္ေပ်ာ္သြားေတာ့သည္။ျမမွဴးလဲ မိမိအခန္းရိွရာသာျပန္လာၿပီး အိပ္ရန္ျပင္လိုက္သည္။ဒါေပမဲ့ အိပ္မေပ်ာ္ႏိုင္ ။ျမမွဴးရဲ့ ပထမဆံုးအနမ္းကို ျမမွဴး ခ်စ္ရတဲ့သူအကိုက ရယူခဲ့တာမို႔ ျမမွဴး ရင္ေတြ တလ်ွပ္လ်ွပ္ခုန္ေနၿပီး ထိုအခ်ိန္မ်ားကို စဥ္းစားေနမိသျဖင့္ အိပ္မေပ်ာ္ႏိုင္ျဖစ္ေနသည္။အကိုက ျမမွဴးကို တကယ္ရူးေလာက္ေအာင္ ဆြဲေဆာင္ႏိုင္သည္။အကို႔ေၾကာင့္ ျမမွဴး ဒီညေတာ့ အိပ္ေပ်ာ္ႏိုင္မယ္မထင္ေတာ့ပါ။
××××××××××××
"အ.....ကြၽတ္..ကြၽတ္"
ဘုန္းျမတ္ အိပ္ယာကေန ထလိုက္တာနဲ႔ ေခါင္းတစ္ခုလံုး မခံမရပ္ႏိုင္ေအာင္ ထိုးကိုက္ေနသည္။
အျမင္အာရံုမ်ားကလဲ ေဝ၀ါးေနၿပီး နားထင္ေၾကာမ်ားတစ္ေလ်ွာက္လံုး တူနဲ႔ထုေနသလို
တဒုန္းဒုန္းျဖစ္ေနသည္။
တင္းေနေသာ ဇက္ေၾကာမ်ား ေျပေလ်ာ့သြားေစရန္ မ်က္လံုးကို တင္းၾကပ္စြာပိတ္လိုက္ၿပီး ေခါင္းကို ဘယ္ညာ ခါလိုက္သည္။
"ေဒါက္....ေဒါက္....ေဒါက္...အကို ႏိုးေနၿပီလား"
အျပင္ဘက္က တံခါးေခါက္သံေၾကာင့္ ဘုန္းျမတ္ တံခါးဆီ ဒယီးဒယိုင္နဲ႔ ေလ်ွာက္သြားလိုက္သည္။
"ေၾသာ္...ျမမွဴး ကိုယ္အခုပဲႏိုးတာ"
"အကိုေခါင္းကိုက္ေနမယ္ထင္လို႔..ျမမွဴး သံပုရာရည္ေဖ်ာ္လာေပးတယ္....ေသာက္လိုက္ၪီး"
ဘုန္းျမတ္ ျမမွဴး လက္ထဲက သံပုရာရည္ခြက္ကိုယူၿပီး တစ္ခြက္လံုးေမာ့ခ်လိုက္သည္။
"ဒါနဲ႔ ကိုယ္ ညက အိမ္ကိုဘယ္လိုျပန္ေရာက္လာတာလဲ"
"ဟင္!!အကိုဘာမွ မမွတ္မိေတာ့ဘူးလား"
အကို႔စကားေၾကာင့္ ျမမွဴး ရင္ထဲ ဒိန္းခနဲျဖစ္သြားရသည္။
"ဟုတ္တယ္ ကိုယ္ဘာမွ စဥ္းစားလို႔မရေတာ့ဘူး
ဘီယာဆိုင္မွာ ရဲေသြးေနာင္တို႔နဲ႔ beer ထိုင္ေသာက္ေနတဲ့ အထိပဲ မွတ္မိေတာ့တယ္.....က်န္တာဘာမွ မမွတ္မိေတာ့ဘူး.....အိမ္ကိုဘယ္လိုျပန္ေရာက္လာလဲဆိုတာေတာင္ မသိဘူး"
ျမမွဴးကေတာ့ ပထမဆံုးအနမ္းေၾကာင့္ မိုးလင္းတဲ့အထိ အိပ္မရခဲ့ေပမဲ့ အကိုကေတာ့ ဘာတစ္ခုမွ ေတာင္မမွတ္မိဘူးဆိုေတာ့ တကယ္ကိုစိတ္ပ်က္လက္ပ်က္ျဖစ္မိသြားသည္။ေျပာေတာ့ အမွတ္တရအျဖစ္ဆိုၿပီး နမ္းခဲ့ၿပီးေတာ့ အခု အဲ့အမွတ္တရဆိုတာကို မမွတ္မိတဲ့ အကို႔ကို ေနာက္တစ္ေခါက္သာ ဆြဲၿပီးနမ္းပစ္လိုက္ခ်င္သည္။
"အကို႔ကို ကိုရဲေသြးေနာင္တို႔က အိမ္ျပန္လိုက္ပို႔ေပးၿပီး အခန္းထဲထိ လိုက္ပို႔ေပးခဲ့တာေလ
အကိုတကယ္မမွတ္မိတာလား"
"အင္း တကယ္ကို မမွတ္မိေတာ့တာ"
ျပန္မွတ္မိေအာင္လို႔ အစေဖာ္ေပးၿပီး ေနာက္တစ္ေခါက္ထပ္ေမးေတာ့လဲ ဒီအေျဖပဲမို႔လို႔ ျမမွဴး
လက္ထဲမွာ ကိုင္ထားတဲ့ သံပုရည္ခြက္နဲ႔သာ မွတ္မိေအာင္ ေကာက္ထုပစ္ခ်င္စိတ္မ်ားသာတဖြားဖြားေပၚလာရေတာ့သည္။
"မမွတ္မိလဲ စဥ္းစားမေနနဲ႔ေတာ့ ေခါင္းပိုကိုက္လိမ့္မယ္ ၁၀နာရီထိုးေနၿပီ
ေရခ်ိဳးလိုက္ၪီး....ေအာ္....ၿပီးေတာ့ ကိုရဲေသြးေနာင္ဖုန္းလွမ္းဆက္တယ္ ဒီေန့ ေဆးရံုကိုေရာ ေဆးခန္းကိုေရာ မလာနဲ႔ေတာ့တဲ့ ...ဂ်ူတီခ်ိန္ေတြအကုန္သူအစား၀င္ေပးမယ္တဲ့......အိမ္မွာပဲ ေအးေအးေဆးေဆး အနားယူလိုက္ပါတဲ့"
"ဟုတ္လား...အဲ့ဒါဆို ကိုယ္နဲ႔ျမမွဴး အျပင္ကိုေလ်ွာက္လည္ၾကရေအာင္.....ဒီေန့လို႔ အားလပ္ရက္မ်ိဳးဆိုတာ ရဖို႔ ခဲယဥ္းတယ္"
"အကိုက အဆင္ေျပလို႔လား....ေခါင္းကိုက္ေနတယ္ဆို"
"ရတယ္ ကိုယ္က အဆင္ေျပတယ္ ျမမွဴးေဖ်ာ္တိုက္တဲ့သံပုရည္ေၾကာင့္ သက္သာသြားၿပီ "
"ဟြန္႔ စကားကေတာ့ တက္တယ္ေနာ္...
အဲ့ဒါဆိုလဲ ၿပီးေရာ ျမမွဴးလဲ ေရသြားခ်ိဳးလိုက္ၪီးမယ္"
"အတူတူခ်ိဳးမလား"
"ဘာ!!!!အကို ကေတာ့......."
ျမမွဴး လက္ထဲမွာကိုင္ထားတဲ့ ဗန္းနဲ႔ ရိုက္မလို႔ ျပင္ေတာ့ အကိုက မ်က္စိတစ္ဖက္မိွတ္ၿပီး လ်ွာထုတ္ျပကာ အခန္းထဲေျပး၀င္ၿပီး တံခါးပိတ္လိုက္ေတာ့သည္။
ျမမွဴးကေတာ့ အျပင္မွာ ႏႈတ္ခမ္းကိုကိုက္ၿပီး
လက္သီးဆုပ္ကာ ေဒါသထြက္ေနရေတာ့သည္။
အကိုကတကယ္ သူျမမွဴးကို ေျပာဖူးတဲ့အတိုင္း ႀကံဳရင္ႀကံဳသလို အၿမဲ လိုက္စေနတာေၾကာင့္
ျမမွဴးမွာ ရီရတဲ့အခါလဲရိွသလို အခုလိုမ်ိဳး ရွက္ၿပီး ေဒါသထြက္ရတဲ့အခါလဲရိွေလသည္။
××××××××××
"ျမမွဴး ဘယ္သြားခ်င္လဲ"
အကိုက ကားကို အာရံုစိုက္ေမာင္းေနရာကေန ျမမွဴးဘက္လွည့္ကာ ေမးလာျခင္းျဖစ္သည္။အကိုနဲ႔ ေန့လယ္ ၁၂နာရီေလာက္ကတည္းက ေန့ခင္းစာစားၿပီး ဟိုဟိုဒီဒီေလ်ွာက္သြားေနသည္မွာ အခုဆို ညေန ၆နာရီေတာင္ထိုးေနၿပီ ျဖစ္သည္။
"ဘယ္သြားခ်င္လဲဆိုေတာ့.......အကို....ျမမွဴးတို႔ ကမ္းနားလမ္းမွာ မုန္႔ေတြ၀ယ္စားၿပီး လမ္းေလ်ွာက္ၾကရင္ မေကာင္းဘူးလား"
"ေကာင္းတာေပါ့ ျမမွဴးရဲ့....အဲ့ဒါဆို ကိုယ္ကမ္းနားလမ္းဘက္ကို ေမာင္းလိုက္မယ္"
ဆိုၿပီး အကိုက ကားကို ဆန္႔က်င္ဘက္ လမ္းကို ျပန္ခ်ိဳးေကြးလိုက္သည္။
ကမ္းနားလမ္းက ညေစ်းကိုေရာက္တာနဲ႔ စားစရာေတြက မ်ိဳးစံုေအာင္ေတြ့ေနရသည္။အကိုက ကားရပ္စရာေနရာ ရွာၿပီး ရပ္ေနသျဖင့္ ျမမွဴးက ေစ်းထိပ္မွာတင္ အကို႔ကို ရပ္ေစာင့္ေနရင္း ေလ်ွာက္ၾကည့္ေနလိုက္သည္။
"လာ ျမမွဴး သြားၾကမယ္"
ထိုစဥ္အေနာက္ကေန ရုတ္တရက္ေရာက္လာၿပီး ျမမွဴးလက္ကိုခ်က္ခ်င္းဆြဲကိုင္လိုက္ေတာ့သည္။
"လူေတြအမ်ားႀကီးပဲ ၿပီးေတာ့ ကားေတြကရႈပ္ေနတာ ျမမွဴးကို စိတ္မခ်ဘူး...
ကိုယ့္လက္ကိုမလႊတ္လိုက္နဲ႔ ေနာ္"
အကိုက ေျပာေျပာဆိုဆိုနဲ႔ ျမမွဴး လက္ေခ်ာင္းေလးေတြၾကားထဲကို သူ႔လက္ေခ်ာင္းေတြ ေနရာလပ္မရိွထည့္ကာ တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး ျမမွဴးကိုၾကည့္ကာၿပံဳးျပေနသည္။ျမမွဴးကေတာ့ အကို႔ေၾကာင့္ ႏွလံုးသားက အရည္ေပ်ာ္ၿပီးရင္းေပ်ာ္ျဖစ္ေနသည္။
ေလတျဖဴးျဖဴးတိုက္ေနေသာ ကမ္းနားလမ္းမွာ အကို႔လက္ကိုတြဲၿပီး လမ္းေလ်ွာက္ေနရသည္မွာ ျမမွဴးအတြက္ေတာ့ အိပ္မက္တစ္ခုလိုပင္ျဖစ္ေနသည္။အရပ္ရွည္ရွည္ ေထာင္ေထာင္ေမာင္းေမာင္း ခပ္ေခ်ာေခ်ာ အစ္ကိုႀကီးက ျမမွဴးလက္ကိုတြဲၿပီး ၿပံဳးရင္းလမ္းေလ်ွာက္ေနသည္မို႔ တစ္ခ်ိဳ႕ေကာင္မေလးေတြက အားက်ေနသည့္အၾကည့္ေတြနဲ႔ ျမမွဴးကိုၾကည့္ေနေတာ့ နည္းနည္းေတာ့ ဘ၀င္ျမင့္ခ်င္သလိုျဖစ္မိသည္။
"အကို ျမမွဴး ဟိုဟာစားခ်င္တယ္"
ကေလးတစ္ေယာက္လို စားခ်င္တာကို လက္ၫွိုးထိုးၿပီး ပူဆာေနေတာ့ ဘုန္းျမတ္ ျမမွဴးကိုၾကည့္ကာ အသဲယားရျပန္သည္။
"ဟုတ္ပါၿပီ....ဒီကအကိုက...ေဟာဒီ့က
မွဴးေလးစားခ်င္တာမွန္သမ်ွ အကုန္၀ယ္ေကြၽးပါမယ္ခဗ်"
အကို႔က လူၾကားထဲမွာ ေျပာင္သလိုလို ေနာက္သလိုလိုနဲ႔ အက်ယ္ႀကီး ေျပာေနေတာ့ ျမမွဴး အကို႔ရင္ဘက္ကို ခပ္ဖြဖြထုၿပီး ထိန္းရျပန္ေသးသည္။
ျမမွဴးစားခ်င္တာ ဘာမ်ားလဲလို႔ၾကည့္ေတာ့ သက္တန္႔ေရာင္ အာတာပူစီျဖစ္ေနသည္။တကယ္ကို ေပါက္ေပါက္ရွာရွာ စားတတ္သည္ ကေလးမလို႔ စိတ္ထဲမွာ ေျပာမိလိုက္သည္။
"ၪီးေလး ဒီဟာေလး တစ္ခုေပးပါ"
အကိုက အလွဆံုးလို႔ ထင္ရတဲ့တစ္ခုကို လက္ၫွိုးထိုးၿပီး ေျပာလိုက္သည္။
"ေရာ့"
ဆိုင္ရွင္ ၪီးေလးႀကီးက အကို႔လက္ထဲထည့္ေပးလိုက္တာနဲ႔ အကို႔ကျမမွဴး လက္ထဲကိုတန္းၿပီး ေပးလိုက္သည္။
ျမမွဴးက စားခ်င္တာ လက္ထဲေရာက္ၿပီဆိုေတာ့ ၿပံဳးေပ်ာ္ၿပီး အကို႔ကိုမေစာင့္မိပဲ ဆက္ေလ်ွာက္ေနေတာ့သည္။ဘုန္းျမတ္ ပိုက္ဆံျပန္အမ္းတာ ယူၿပီးေတာ့ လွည့္ၾကည့္ရာ ျမမွဴးက ခပ္ေဝးေဝးပင္ေရာက္ေနၿပီျဖစ္သည္။လူကအေတာ္မ်ားသျဖင့္ ဒီလူေကာင္ေသးေသးနဲ႔ ကေလးမေပ်ာက္သြားမွာစိုးသျဖင့္ အျမန္ေျပးလိုက္ရျပန္သည္။
ထိုစဥ္ အစားငမ္းၿပီး လမ္းေလ်ွာက္ေနေသာျမမွဴး အနားကေနေဆာ့ရင္း ေျပးသြားေသာ ေကာင္ေလးႏွစ္ေယာက္ေၾကာင့္ ေဘးကိုယိုင္သြားေလသည္။ဒါေပမဲ့ လဲမက်သြားခဲ့.... သရဲလိုပင္ ဘယ္ကေနေပၚလာမွန္းမသိတဲ့ အကိုက ျမမွဴးခါးကို လွမ္းဖက္က ထိန္းထားလိုက္သျဖင့္ လမ္းလယ္ေခါင္မွာ အကိုနဲ႔ အၾကည္စိုက္ေနသလိုျဖစ္ေနသည္။
"ေတြ့လား အဲ့ဒါေၾကာင့္ ကိုယ့္လက္ကိုမလႊတ္ပါနဲ႔လို႔ေျပာေနရတာ"
"ဟီးဟီးး ျမမွဴးကေမ့သြားလို႔ပါ အကိုရဲ့...
စိတ္မဆိုးနဲ႔ေနာ္...ေရာ့ဒါစားၾကည့္ေကာင္းတယ္"
ျမမွဴး အကိုစိတ္ဆိုးမွာစိုး၍ အျမန္အာရံုေျပာင္းေစရန္ အာတာပူစီကို ပါးစပ္နဲ႔ အျပည့္ ကိုက္စားလိုက္ၿပီး က်န္တာကို အကို႔ဆီကမ္းေပးလိုက္သည္။အကိုကေတာ့ မ်က္ေမွာင္က်ံဳ႔ၿပီး ၾကည့္ေနေလရဲ့။
"အဲ့ဒါဆိုျမည္းၾကည့္မယ္"
"အြန္႔"
ရုတ္တရက္ဆန္ေသာ အကို႔အျပဳအမူေၾကာင့္ ျမမွဴး ထိုေနရာမွာတင္ေအးခဲသြားသလိုခံစားလိုက္သည္။
အကိုက ျမမွဴးလွမ္းေပးေသာ လက္ထဲကမုန္႔ကိုမစားပဲ ျမမွဴး ပါးစပ္မွာျပည့္ေနသျဖင့္ အျပင္ကို တစ္စႏွစ္စထြက္ေနေသာ အာတာပူစီအစ ကိုျဖတ္ခနဲ ဆြဲကိုက္ဖဲ့ၿပီး စားလိုက္ေသာေၾကာင့္ျဖစ္သည္။လ်င္ျမန္ေသာ အျပဳအမူေၾကာင့္ ဘယ္သူမွ သတိမထားမိလိုက္ေပမဲ့ ျမမွဴးကေတာ့ ႏွလံုးပင္ရပ္ခ်င္သြားသည္။
"အင္း....ေကာင္းတယ္ ခ်ိဳသားပဲ"
ႏႈတ္ခမ္းေထာင့္ကို လက္မျဖင့္သုတ္ရင္း ျမမွဴးလက္ကိုကိုင္ကာ ဘာမွမျဖစ္သလို လမ္းဆက္ေလ်ွာက္ေနေသာ အကို႔ေနာက္ကို ျမမွဴး အူေၾကာင္ေၾကာင္နဲ႔ ဆက္လိုက္လာရသည္။ျမမွဴး တကယ္သိခ်င္မိသည္ အကို႔စိတ္ထဲမွာေရာ ျမမွဴးလိုမ်ိဳး စိတ္လႈပ္ရွားမႈ ျဖစ္ရဲ့လားဆိုတာကိုေပါ့.....။
×××××××××××××××××××××××××××××××××××
ျမမွဴးနဲ႔ အကိုနဲ႔ ဘာညာဘာညာျဖစ္ဖို႔က ေစာေသးတယ္ထင္လို႔ သာသာ အဲ့အပိုင္းကို
နည္းနည္းေနာက္ဆုတ္ထားပါတယ္😗.....
Advertisement
- In Serial41 Chapters
Transmigrated as My Best Friend’s Ex
Han Ming'x best friend's ex comes to him, asking him to find his best friend. Han Mingxi suddenly got stung by conscience and decides to do him a favor, and also make some fun of his best. But on their way they meet a car accident. When he wakes up, he finds out that he has transmigrated as his best friend's ex… Welcome to read the whole Transmigrated as My Best Friend’s Ex on Flying Lines.
8 268 - In Serial31 Chapters
ADAM
Book 2 in the Peterson Brothers series.The oldest out of the Peterson brothers, Adam has a knack for opening his mouth and coming out with what he thinks. He is as filthy as they come. Many people call him foul mouthed, dirty bastard, sex mad and huge. Standing at 6'7" tall he towers above everyone, with his womanising ways most avoid him at the station. It's his dreamy eyes and his charming smile is what makes it harder, especially for Bostyn who has already fallen for him. Bostyn Tarrant is quiet and normally a shy woman who Adam teases all the time, not only because he wants her in his bed but because there is something about her that makes her different to all the rest. She just doesn't want to be another notch on his bedpost and relentlessly doesn't give into his charms. When Adam meets and falls for someone else breaking his bad boy ways Bostyn thinks she has missed her chance to be with him. Follow Adam and Bostyn's journey to find out where is ends.
8 142 - In Serial55 Chapters
Il Mio Gattino
Nicole Jackson is a 24 year old waitress at The Star Cafè. She ran away from her abusive parents from California to New York in search for a better life. She hopes to find peace and happiness in the new city.Dante Moretti is a 27 Mafia king. He is known for killing anything or anyone who even thinks of looking his way which is why many people tend to avoid his presence as a whole. He only cares for his family and close friends. Uses women as toys and sees no use in respecting them since it's either they want him because of his looks and money. Deep inside all of that hard exterior he carries, he wishes to find his Queen.He finally meets a curvy yet small girl with curly hair at his Club. Will she be his future Mafia Queen?Why don't you find out[Still to be edited]
8 404 - In Serial41 Chapters
Pokémon: Ultra Guardian
T-Rated. AMOURSHIPPING
8 95 - In Serial12 Chapters
Amethyst Reviews ❦
Looking to gain feedback on your book? Or maybe you want to get your masterpiece out there? Well, look no further - Amethyst Reviews is the perfect place for you!Find out how to get an in-depth, honest review of your book inside ⇨- open [ ]- closed [ ]- closed for catch up [✔︎]*Reviews will be closed for catch up when 10+ unreviewed books are in the queue.
8 204 - In Serial255 Chapters
forbidden
Manik Shah, 26, the son of the richest diamond merchant in India, is dating his best friend's sister.But with fates rolling their dice continuously, his grandfather dies and in his will, he declared Manik the heir to his whole empire, provided that he acts as a guardian to a girl child, Roshni. Manik, on meeting her, realises, she is not exactly a child.Now, he is living in Surat, in close proximity to this girl-who-is-not-a-child, and away from her girlfriend. He is slowly getting attracted to her... But is it right, when she is so young and above all his ward? Hell no! It is forbidden.Now he is in a dilemma, should he keep trying to maintain this relationship with his girlfriend even though they are losing their spark? Or should he get into a forbidden and slightly scandalous one which will, though, make both Manik and Roshni happy?
8 144

