《ကံကြမ္မာစေရာ [OC] (Completed)》Ep_13
Advertisement
Uni
"အကို မြမှူးမေးနေတယ်လေ အကိုဘယ်လိုလုပ်ရောက်လာတာလဲလို့"
မြမှူးမေးတာကို ပြန်ဖြေဖို့တွေဝေနေသော အကို့ကို လှုပ်နှိုးလိုက်သည်။
"သြော်....ကိုယ်က မြမှူးတို့ကို သတိရလို့အလည်လာတာလေ"
မြမှူးအဖွား နှလုံးအောင့်လို့ ဆေးကုပေးရန် လာတာလို့ ပြောလို့မဖြစ်တာကြောင့် ဘုန်းမြတ်လိမ်ပြောလိုက်ရသည်။
"ဟုတ်လား....ဒါနဲ့ အကို အခုချိန်ဆိုရင် ဖွားဖွားတို့ မြမှူးကို စိတ်ပူနေမယ်ထင်တယ်.....ဆေးသွင်းပြီးတာနဲ့ မြမှူးအိမ်ကိုအချိန်မှီပြန်မှဖြစ်မယ်....ပြီးတော့ မြမှူး ဒီအကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး...မြမှူးရှက်လွန်းလို့ ဒီကိစ္စကို အဖွားကိုလဲ မပြောပြချင်ဘူး....အဲ့ဒါကြောင့် အကို တစ်ယောက်ထဲပဲ ဒီကိစ္စကို သိထားပေးပါနော်........"
"အင်းပါ...မြမှူး စိတ်မပူပါနဲ့ အဖွားကို မြမှူးနဲ့ကိုယ်နဲ့ အပြင်မှာ လျှောက်လည်နေတယ်လို့ဖုန်းဆက်ပြီး ပြောပေးမယ်"
အခုအချိန်မှာ မြမှူးက ပြန်သတိရကာစ ဖြစ်ပြီး
ခန္ဓာကိုယ်က အားအင်မပြည့်သေးတာကြောင့် အဖြစ်မှန်ကိုပြောပြဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါ။ဒါကြောင့် ဘုန်းမြတ် မလိမ်ချင်ဘဲနဲ့ နောက်တစ်ခေါက်ထပ်လိမ်လိုက်ရပြန်သည်။အမှန်က မြမှူးအဖွားက အသက်ရှင်နိုင်နှုန်းနည်းနေသည့်အပြင် ဘုန်းမြတ် ထူးခန့်ကိုပါ ရဲစခန်းမှာအမှုဖွင့်ထားပြီးဖြစ်သည်။
ဘုန်းမြတ် မြမှူးနဲ့ စကားဆက်ပြောနေလျှင် ဒီထက်ပိုပြီး လိမ်စရာတွေ ပေါ်လာမှာစိုးလို့ ထိုနေရာမှ ခနရှောင်ရန် ပြင်လိုက်သည်။
"မြမှူး..... ကိုယ် မြမှူးစားဖို့အတွက် အပြင်မှာ တစ်ခုခုသွား၀ယ်လိုက်ဦးမယ်နော်....မြမှူးတစ်ယောက်ထဲနေရဲရဲ့လား....မနေရဲလို့ရှိရင် ကိုယ်nurseတစ်ယောက်ကို အဖော်နေပေးဖို့ ခေါ်လိုက်မယ်"
"ရတယ် မြမှူးနေရဲတယ်.... အကို သာ ကြာမနေပဲ မြန်မြန်ပြန်လာခဲ့နော်"
"အင်း"
ဘုန်းမြတ် ခေါင်းညိမ့်ကာ အင်း တစ်လုံးထဲသာပြန်ဖြေပြီး အခန်းအပြင်ကိုထွက်လာလိုက်သည်။အခုအချိန်မှာ ဘုန်းမြတ် စိတ်ထဲမှာလေးလံနေပြီး အဖွားတစ်ခုခုမဖြစ်ပါစေနဲ့သာ ဆုတောင်းနေရသည်။အကယ်၍ တစ်ခုခုသာမှားယွင်း သွားခဲ့လျှင် မြမှူးကို နောက်ဆက်တွဲပြဿနာတွေကို ဘယ်လိုရှင်းပြရမလဲ မစဥ်းစားတတ်တော့ပေ။
×××××
အကိုက အပြင်ထွက်သွားပြီမို့ မြမှူး ခနလှဲပြီး အနားယူရန်ပြင်လိုက်သည်။ထိုစဥ်
"ကတောင်"
message၀င်လာသော အသံကြားသဖြင့် မြမှူး ထိုအသံရှိရာကို လိုက်ရှာမိလိုက်တော့ ကုတင်ဘေးရှိ စားပွဲပေါ်မှ လာသောအသံဖြစ်သည်ကို သိလိုက်သည်။ဖုန်းကို ယူကြည့်လိုက်တော့ အကို့ဖုန်းဖြစ်နေသည်။
ပြီးတော့ screenပေါ်မှာ ပေါ်နေသော စာတစ်စောင်.....ပို့ထားသောသူက အမေတဲ့......
ပို့ထားသောစာကတော့..
"သား မြမှူးအဖွား အခုပဲ ဆုံးသွားပြီ
ဒီအကြောင်းတွေကို မြမှူးကို ချက်ချင်းမပြောနဲ့ဦး......အမေဖုန်းလှမ်းဆက်ရင် မြမှူးကြားသွားမှာစိုးလို့ သားအားမှသာ အမေ့ဆီ လှမ်းဆက်လိုက်တော့...."
မြမှူး ကိုယ့်မျက်လုံးကို မယုံနိုင်၍ မှားဖတ်မိတာလားလို့ အခေါက်ပေါင်းမနည်း ပြန်ပြန်ဖတ်မိနေသည်။သို့သော် စာကတော့ မပြောင်းလဲသွားပါ။မြမှူး ရင်တွေတုန်လာပြီး ဒါဟာအမှန်တရားမဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိသည်။ဖုန်းဆက်ကြည့်ဖို့ ဖုန်းရှာတော့လဲ မတွေ့သလို အကို့ဖုန်းကလဲ Lockက ဖွင့်မရ။ ဒါကြောင့် ဆေးကောင်တာက ဖုန်းနဲ့ ဆက်ဖို့ အပြင်ကိုထွက်ရန်အတွက် မြမှူးလက်မှာ သွင်းထားသော ဆေးထိုးအပ်ကို ဆွဲနှုတ်လိုက်သဖြင့် လက်တစ်လျှောက်သွေးများပင် စီးကျနေပြီဖြစ်သည်။
မြမှူး ကုတင်ပေါ်ကနေ ယိုင်တိုင်တိုင်နဲ့ တံခါးပေါက်ရှိရာကို လျှောက်လာခဲ့သည်။
×××××××××
ဘုန်းမြတ် အပြင်ကိုရောက်တော့ အမေ့ဆီ အခြေအနေလှမ်းမေးရန် လုပ်ကာမှ ဖုန်းကျန်ခဲ့သဖြင့် အခန်းဆီ တဖန်ပြန်လျှောက်လာရသည်။
ဘုန်းမြတ် အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ တံခါးနောက်မှာ ရှိုက်ငိုနေရင်း အပြင်ထွက်ရန် ပြင်နေသော မြမှူးနဲ့ ပက်ပင်းတိုးတော့သည်။ဘုန်းမြတ် ခနလေးအတွင်းမှာ မြမှူးဘာလို့ ဒီလိုဖြစ်သွားတာလဲ မသိဖြစ်နေသည်။
"မြမှူး ဘာဖြစ်နေတာလဲ ...အခုဘယ်သွားမလို့လဲ"
ယိုင်နဲ့နေသော မြမှူးကို ဆွဲကိုင်ပြီး စိတ်ပူတကြီးမေးလိုက်သည်။ဘုန်းမြတ်အမေးကို မြမှူးသည် နှုတ်ခမ်းများတုန်ရီကာငိုနေရင်း မေ့ကြည့်လာသည်။
"အ...အကို မြမှူးကို တစ်ခုခုဖုံးကွယ်ထားတာရှိနေတာလား"
"ကိုယ်က ဘာကို ဖုံးကွယ်ထားလို့လဲ မြမှူးဘာတွေပြောနေတာလဲ..."
"အဲ့ဒါဆို မြမှူးအဖွား ဆုံးသွားပြီလို့ အကို့အမေက ဘာလို့ပြောတာလဲ"
မြမှူး အသံကုန်ခြစ်ပြီး အော်ပြောလိုက်သည်။
"ဒီမှာ အကိုအမေ့က အကို့ဆီစာပို့ထားတာလေ မြမှူးအဖွားဆုံးသွားပြီလို့.....အဲ့ဒါကြောင့် မြမှူးအတည်ပြုရမယ် အဖွားကဘာလို့ ရုတ်တရက်ကြီး သေသွားရမှာလဲ ....ဒါကမဖြစ်နိုင်တာကြီးကို"
မြမှူး တံခါး၀က အကို့ကိုတွန်းဖယ်ပြီး အပြင်ကိုထွက်ရန် ကြိုးစားနေသည်။
ဘုန်းမြတ် မြမှူးကို သနားလွန်းလို့ ဘာဆက်ပြောရမလဲတောင်မသိတော့ပေ။မြမှူးကို မသိစေချင်ရဲ့ လိမ်ပြောထားတာဖြင့် ၁နာရီတောင်မပြည့်သေးခင် ပေါ်သွားလေပြီဖြစ်သည်။နောက်ဆုံးတော့ အချိန်တန်ရင် သိရမှာချင်းတူတူ အမှန်ကိုသာပြောရန် ဆုံးဖြတ်လိုက်သည်။
"မြမှူး.....ကိုယ့်ကိုသေချာကြည့်...ကိုယ်အားလုံးကိုပြောပြပေးမယ်..အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထား........"
မြမှူးစိတ်ကိုတည်ငြိမ်အောင်ကြိုးစားနေပေမဲ့ ရင်ထဲကလှိုက်တက်လာသောငိုချင် စိတ်ကိုထိန်းလို့မရ။
"အဖွားက ဘုန်းကြီးကျောင်းသွားရင်း လမ်းမှာ
နှလုံးရှော့ခ်ဖြစ်ပြီး ဆေးရုံရောက်သွားတာ...ဆေးရုံရောက်တော့ အချိန်မှီခွဲစိတ်ပေမဲ့ အသက်ကြီးလို့ ခံနိုင်ရည်မရှိတာရော ဆီးချို အရမ်း တက်လာတာရောကြောင့် ခွဲစိတ်မှု မအောင်မြင်ခဲ့တာ....."
ဘုန်းမြတ်ရဲ့ စကားဆုံးတာနဲ့ မြမှူး ခြေထောက်များပင် ခွေပြီးယိုင်နဲ့သွားရသည်။
အားမရှိသဖြင့် ယိုင်နဲ့သွားသော မြမှူးကို ဘုန်းမြတ် လှမ်းဖက်ကာ ပွေ့ချီလိုက်ပြီး ကုတင်ပေါ်တင်လိုက်သည်။ဘုန်းမြတ် မြမှူးကို နောက်ဆုံးအချိန်ထိ အမှန်တရားကို ပြောမထွက်နိုင်ခဲ့ပါ။တစ်ဦးတည်းသော ဆွေမျိုးဖြစ်သူ အဖွားက
သူ့အတွက်ကြောင့် စိတ်ထိခိုက်ပြီး ဆုံးသွားတာသာသိရင် မြမှူး ခံနိုင်ရည်ရှိနိုင်မည်မဟုတ်ကြောင်းသိသည်။ဒါကြောင့် ဘုန်းမြတ် ဒီအဖြစ်မှန်ကို သူအသက်ရှင်နေသ၍ အတတ်နိုင်ဆုံး ဖုံးကွယ်ထားမယ်လို့သာ ဆုံးဖြတ်လိုက်သည်.....။
Advertisement
တစ်ခုအဆင်ပြေသွားသည်က ဒီအဖြစ်မှန်ကို သိသူသည် အမေ နှင့် ဒေါ်ကြီးဝေသာသိသဖြင့် မြမှူးမသိစေရန် နှုတ်ပိတ်ဖို့လွယ်ကူသွားသည်။
မြမှူးကတော့ ဘုန်းမြတ်ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လိုပင် ငိုကြွေးနေသည်။
"ဖွားဖွားက ဆုံးသွားပြီတဲ့လား.....
ဖွားဖွားကမြမှူးကို တစ်ယောက်ထဲထားခဲ့တာ
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......အကို....အဲ့ဒါဆို မြမှူးဘာဆက်လုပ်ရတော့မှာလဲ
အဖေရော အမေရော မရှိတော့တဲ့ အပြင် ဖွားဖွားကပါ မြမှူးကို ထားသွားခဲ့ပြီတဲ့လား....မဖြစ်ဘူး မြမှူးအခုချက်ချင်းဖွားဖွားဆီသွားရမယ်"
ပါးနှစ်ဖက်မှာ စီးကျနေသော မျက်ရည်များကို လက်နှစ်ဖက်နဲ့ သုတ်လိုက်ပြီး ကုတင်ပေါ်ကဆင်းရန်ပြင်လိုက်သည်။
"မြမှူး....မင်းအခုနေမကောင်းသေးဘူးလေ..ဒီလိုပုံစံနဲ့သွားရင် လဲကျသွားလိမ့်မယ်....အရင်ဆုံး ဒီည ဆေးသွင်းပြီး မနက်ကျမှ ကိုယ်လိုက်ပို့ပေးမယ်နော်...အခုခနလှဲပြီး အနားယူလိုက်ဦး"
ဘုန်းမြတ် မြမှူးကို ချော့ပြီးပြောနေပေမဲ့ မြမှူးကတော့ ထိန်း၍မရပါ။အတင်းရုန်းကန် နေပြီး သောင်းကျန်းနေတာကြောင့် ဘုန်းမြတ် ကုတင်ခေါင်းရင်းရှိ အရေးပေါ်ခလုတ်ကိုနှိပ်လိုက်သည်။
ခလုတ်နှိပ်လိုက်ပြီး မကြာခင်မှာပဲ ဆရာ၀န်နဲ့ nurseအချို့ရောက်လာပြီး မြမှူးကို ၀ိုင်းချုပ်ကာ
စိတ်ငြိမ်ဆေးထိုးလိုက်သည်။ထိုမှသာ အတင်းရုန်းကန်နေသောမြမှူးသည် အားလျော့သွားပြီး ဘုန်းမြတ် ရင်ခွင်ထဲလဲကျကာ သတိမေ့သွားလေသည်။
×××××××××××××××××××××××××××××××××××
ဒီအပိုင်းကိုရေးရတာ သာသာကိုယ်တိုင်တောင် အပြင်မှာ မောပါတယ်။အပြင်မှာတကယ်ဖြစ်နေသလို အတတ်နိုင်ဆုံး ပုံဖော်ပြီး ရေးထားပါတယ်။ဖတ်ရတာ အဆင်မပြေတာရှိရင်လဲ ပြောပြခဲ့ပါဦး....❣️
Zawgyi
"ဟုတ်လား....ဒါနဲ့ အကို အခုချိန်ဆိုရင် ဖွားဖွားတို့ မြမှူးကို စိတ်ပူနေမယ်ထင်တယ်.....ဆေးသွင်းပြီးတာနဲ့ မြမှူးအိမ်ကိုအချိန်မှီပြန်မြှဖစ်မယ်....ပြီးတော့ မြမှူး ဒီအကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး...မြမှူးရှက်လွန်းလို့ ဒီကိစ္စကို အဖွားကိုလဲ မပြောပြချင်ဘူး....အဲ့ဒါကြောင့် အကို တစ်ယောက်ထဲပဲ ဒီကိစ္စကို သိထားပေးပါနော်........"
"မြမှူး..... ကိုယ် မြမှူးစားဖို့အတွက် အပြင်မှာ တစ်ခုခုသွားဝယ်လိုက်ဉီးမယ်နော်....မြမှူးတစ်ယောက်ထဲနေရဲရဲ့လား....မနေရဲလို့ရှိရင် ကိုယ်nurseတစ်ယောက်ကို အဖော်နေပေးဖို့ ခေါ်လိုက်မယ်"
"အင်း"
×××××
"ကတောင်"
ပို့ထားသောစာကတော့..
ဒီအကြောင်းတွေကို မြမှူးကို ချက်ချင်းမပြောနဲ့ဉီး......အမေဖုန်းလှမ်းဆက်ရင် မြမှူးကြားသွားမှာစိုးလို့ သားအားမှသာ အမေ့ဆီ လှမ်းဆက်လိုက်တော့...."
×××××××××
"မြမှူး....မင်းအခုနေမကောင်းသေးဘူးလေ..ဒီလိုပုံစံနဲ့သွားရင် လဲကျသွားလိမ့်မယ်....အရင်ဆုံး ဒီည ဆေးသွင်းပြီး မနက်ကျမှ ကိုယ်လိုက်ပို့ပေးမယ်နော်...အခုခနလှဲပြီး အနားယူလိုက်ဉီး"
×××××××××××××××××××××××××××××××××××
Advertisement
- In Serial62 Chapters
Masked
A white wolf was a special breed. A witch was respected but also not very common. So imagine the surprise when one girl holds both in one body. Rumors and myths were made about her but no one knew for certain if she existed.Stories claimed that her mother, Rose Taylor, who was a witch was mated to an Alpha werewolf where they had four children. Three of which didn't bear the gift of witchcraft, but their daughter did. The family denied all allegations and nobody was the wiser. But what if I told you she did exist? That her name was Emerald Taylor, she was nineteen years old, and she was deprived of seeing her wolf and being in fresh air for nine years. Her parents died trying to keep her safe one night and her brothers never forgiving her for it, so their revenge? Locked her away like Princess Fiona to never be seen or heard from again. Only to be viewed when she received her daily beating from none other than her own brothers and being fed by the maid that has been serving her for years. The maid is the only person who truly understood her and cared for her. When enough was enough and she finally escaped to only become a rogue who could be sensed entering any territory. What's a witch/white wolf to do? To be masked of course.
8 433 - In Serial28 Chapters
The Alpha is My Mate
Paisley Darkwood has been dreaming about one thing her whole life...finding her mate. Oh yeah! I forgot to mention, Paisley is a werewolf. But she's not just any female wolf, she's the daughter of Alarik Darkwood, one of the most powerful Alphas in the world who is very protective of his family and pack.Paisley is hoping her mate will be kind, smart, caring, and brave. Little did she know the person she hates most will be the person she's destined to love.
8 185 - In Serial28 Chapters
His Majesty's Personal Trainer
As if the life of an orphan was not hard enough already, Baek Yoo Na receives the unfortunate news that instantly puts a stop to all her ambitions and dreams. A drunken night stroll to the Han river turns into a bizarre adventure - she is mistakenly summoned to another dimension where she actually has a chance to pursue her dreams. Will she now be able to live the life she always wanted?
8 219 - In Serial9 Chapters
Foolish (TomHolland x Reader)
Tom Holland, the movie star you watched grow up from a two year old kindergartener to the aspiring actor he is now. It was always you and Tom until Harrison came in and the trio never split. From cheating in tests to going to the same university, you always stuck together but you tended stay away from the spot lights and celebrity life.When Tom came back from his press tour for your birthday and decided to spend the week with you before going back, a stupid game of spin the bottle seemed to have made you and Tom realise your buried feelings for each other.。。。。。At that moment, neither of you or Tom hesitated to turn to each other with drunk and slurry grins and started leaning in. Yes, it was the first time you kissed each other but neither of you realised it or cared. As Tom's hand cupped your cheek, you let yourself lean into his touch and lean closer to his lips. At that moment, Tom didn't think it was anything serious until it was already too late and your lips touched.His feelings hit him like a truck with a ton of bricks- enough to sober him up. The feeling of butterflies in his stomach and his heart and body aching to be closer to the girl he called his best friend. It felt so right to him and his feelings started surfacing and it felt like heaven but he felt so guilty and all his senses blocked the whistles, hollers and cheers from everyone else and focused on you and he wanted to stay beside you forever. As more than friends.
8 82 - In Serial164 Chapters
The Billionaire's Rebellious Bride
Elena will do anything to save her terminally ill mother from dying. She has no choice but to plead for help from her wealthy ruthless grandfather, who brutally disowned her mother for marrying a poor man.Her grandfather agreed to help. In one cruel condition - she has to marry the powerful Greek tycoon, Adonis Stavrakos.Adonis is breathtaking in every way - gorgeous as sin and has a devastating effect on women.BUT Elena hates him. He's as cruel and ruthless as her grandfather. His rules are the laws, and must be obeyed.His strict order. The bride must wear white...Driven with contempt, she rebelled and walked down the aisle in all BLACK - like attending her own funeral. *****Another redhead beauty that will give many headaches to our sexy billionaire hero.Let's have fun together, as we witness Adonis and Elena's journey in finding true love.
8 414 - In Serial75 Chapters
His [COMPLETED]
Cali's life turned upside down when her new next door neighbour Kyle Knight came crashing in to her life. He was possessive, easily jealous and misunderstood. He was sensitive, loving and kind and everything Cali needed in her hectic life.Even when things went rough around the edges, Cali knew she had someone to soften them up; her leather jacket wearing "bad boy" who might not seem that bad after all.•THIS STORY WAS WRITTEN WHEN I WAS AROUND 13/14 SO DON'T HATE. ONE DAY I WILL REWRITE IT. I STILL HOPE YOU ENJOY. :) •
8 246