《ကံကြမ္မာစေရာ [OC] (Completed)》Ep_10
Advertisement
Uni
"ဒေါက် ဒေါက် ဒေါက် ဒေါက်"
ကော်ဖီဆိုင်ထဲကို ဒေါက်ဖိနပ်သံ တညံညံဖြင့် ၀င်လာသူကတော့ တခြားသူမဟုတ် ယမုံပင်ဖြစ်သည်။
"ကိုဘုန်း ရောက်နေတာကြာပြီလား"
ချိန်းထားသော အချိန်ထက်စောရောက်နေသော ဘုန်းမြတ်ကို ယမုံနှုတ်ဆက်စကားဆိုလိုက်သည်။
"မကြာသေးပါဘူး"
အမှန်တကယ်ဆိုရင် ဘုန်းမြတ် စိတ်ထဲမှာ အတွေးပေါင်းစုံနဲ့ စိတ်ညစ်နေကာ ဝေခွဲရခက်နေပေမဲ့ ယမုံရောက်လာသောအခါတွင် အပြုံးတစ်ခုကို လျှင်မြန်စွာ ပြုံးပြလိုက်သည်။
"ယမုံ ဘာသောက်မလဲ မှာလိုက်ဦးလေ"
"အဲ့ဒါဆို black coffeeသောက်မယ်
ကိုဘုန်း ယမုံ့အတွက် မှာပေးပါလား"
"အင်း ကိုယ်သွားမှာလိုက်မယ်"
ဘုန်းမြတ်သွားမှာပြီး မကြာမီမှာပဲ black coffeeတစ်ခွက် ယမုံ့ရှေ့ကို ရောက်လာတော့သည်။
"ဒါနဲ့ ကိုဘုန်း ဘာအရေးတကြီး ပြောစရာရှိလို့လဲ. ......အမှန်ဆို ဒီနေ့ ဆေးရုံကြီးမှာ ဂျူတီကျတဲ့ ရက်မလား"
"ဟုတ်တယ် ကိုယ်ဒီနေ့ ယမုံ့ကို လူချင်းတွေ့ပြီး သေသေချာချာ ပြောစရာစကားတွေရှိလို့ ရဲသွေးနောင်နဲ့ ဂျူတီလဲထားတာ"
ကိုဘုန်းကို ကြည့်ရတာ အတည်ပေါက်ကြီး ပြောစရာရှိတဲ့ ပုံမို့လို့ ယမုံ နည်းနည်းရှိန်သွားသည်။
"ဘာတွေပြောမှာမို့လို့လဲ ကိုဘုန်းရဲ့"
ယမုံ သူအရှေ့မှာချထားသော black coffeeခွက်ကို ယူပြီး တစ်ငုံသောက်လိုက်ကာ ပြုံးပြီးမေးလိုက်သည်။
"ကိုယ်ဒီနေ့ ယမုံ့အကြောင်း မှန်သမျှအကုန် ပွင့်ပွင့်လင်းလင်းသိချင်တယ် ကိုယ်မသိသေးတဲ့အကြောင်းအရာတွေရော........သိဖို့လိုအပ်တဲ့
အကြာင်းအရာတွေကိုရောပေါ့"
"ဟမ်....ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ ကိုဘုန်းရဲ့"
ယမုံ ကိိုယ့်နားကိုယ် မယုံနိုင်တဲ့ ပုံစံနဲ့ ဟက်ခနဲ တစ်ချက်ရီပြီး မေးလိုက်သည်။
"ကိုယ်တို့ နှစ်ယောက်ရှေ့ရေး အတွက်
ဒီလောက်တော့ သိခွင့်ရှိတယ်မလား"
ဘုန်းမြတ်က ယမုံ့မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး ပြောလာသည်မို့ ယမုံ မျက်နှာပိုးသတ်လိုက်ရသည်။
"ဒါပေါ့ ကိုဘုန်းသိချင်တာ မှန်သမျှ ယမုံ အကုန်ပြောပြမယ်.......အင်း......ဘယ်ကစပြောရမလဲဆိုတော့........"
အချိန်ဆွဲတဲ့အနေနဲ့ အနည်းငယ် စဥ်းစားနေဟန် ဆောင်လိုက်သည်။ထိုစဥ် ဆိုင်ထဲကို ၀င်လာသော မိန်းမတစ်ယောက်ကြောင့် ယမုံ ကြက်သီးများပင် ထသွားပြီး ခေါင်းမွှေးတွေ ထောင်သွားသလိုပါ ခံစားလိုက်ရသည်။
ယမုံ့စိတ်ထဲမှာ သူထင်သလိုမဖြစ်ပါစေနဲ့ ဒီအတိုင်း တိုက်ဆိုင်တာပဲ ဖြစ်ပါစေလို့ ဆုတောင်းနေပေမဲ့ ဆုတောင်းကတော့ မပြည့်ခဲ့ပါ။ထိုမိန်းမသည် ယမုံတို့ စားပွဲ၀ိုင်းဘေးမှာ မတ်တပ်လာရပ်နေသည်မို့ ယမုံ ဟန်ဆောင်ပြီး ချိုသာစွာပြုံးပြလိုက်သည်။
"အစ်မ coffeeလာသောက်တာလား"
ယမုံ ကအရင် ထိုမိန်းမကို မတ်တပ်ရပ်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။
"ဖြောင်း"
ယမုံ့ရဲ့ နှုတ်ဆက်စကားကို ဘာမှ ပြန်မပြောပဲ သူ့ရဲ့ လက်၀ါးဖြင့်သာ ယမုံ့ပါးကိုနှုတ်ဆက်လိုက်သည်။ ပါးတစ်ခုလုံး ကျိန်းစပ်သွားသဖြင့် ယမုံ ရိုက်ခံလိုက်ရသောပါးတစ်ဖက်ကို ကိုင်ကာ အသက်ကို ၀၀ရှူနေရသည်။ရုတ်တရက်ဆန်သောအဖြစ်အပျက်ကြောင့် ဘုန်းမြတ်လဲ ကြောင်အမ်းအမ်းဖြစ်သွားသည်။
ယမုံ ပါးကိုကိုင်ပြီး ဒေါ်မီမီကို ပြန်ကြည့်လိုက်သည်။
"ဖြောင်း"
နှုတ်ခမ်းကိုမဲ့ပြီး ပြုံးကာ ယမုံ့ရဲ့ လွတ်နေသော တခြားပါးတစ်ဖက်ကို ဒေါ်မီမီ ထပ်ချလိုက်သည်။
"ဒီမှာ ခဗျား ဒါဘာလုပ်တာလဲ"
မိမိရှေ့မှာတင် ချစ်သူဖြစ်သူကို မပြောမဆိုနဲ့ ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည်မို့ ဘုန်းမြတ်သည်းမခံနိုင်တော့ပါ။ နောက်တစ်ချက် ထပ်ရိုက်ရန် ပြင်နေသော ဒေါ်မီမီရဲ့ လက်ကို လှမ်းဆွဲလိုက်ကာ အသံမာမာနဲ့မေးလိုက်သည်။
"ဟက် မင်းကသူနဲ့ ဘယ်လိုပတ်သက်နေလို့
၀င်ပြီး ကာကွယ်ပေးနေရတာလဲ"
"ဒါ ကျွန်တော့် ချစ်သူ ကျွန်တော်နဲ့သက်ဆိုင်တယ် ခဗျားသာ ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ ကိုယ်ထိလက်ရောက်ကျူးလွန်နေတာလဲ"
"ဟားးးဟားးးဟာားးဒါကမင်းချစ်သူဟုတ်လား...
သြော်.......ဒါဆို မင်းသူ့အကြောင်းကို ဘယ်လောက်ထိသိလဲ......မင်းကောင်မက သူများလင်ကို ကြောင်တောင်နှိုက်ပြီး ချူစားနေတဲ့ မယားငယ်မဆိုတာကော သိလား....."
ဒေါ်မီမီ့စကားကြောင့် ယမုံအရှိုက်ထိသွားကာ မျက်နှာတစ်ခုလုံးနီနေပေမဲ့ ဘုန်းမြတ်ရှေ့မှာတော့ ထိုကိစ္စတွေ မပေါ်စေရန် အတတ်နိုင်ဆုံးဟန်ဆောင်နေလေသည်။
"ဒီမှာ အစ်မ ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားတွေလာပြောနေတာလဲ......ယမုံက အစ်မယောကျာ်းရဲ့ အတွင်းရေးမှူးဖြစ်တာနဲ့ပဲ မယားငယ်ဆိုပြီး စွပ်စွဲလို့ရလား.....အစ်မမှာ ဘာသက်သေရှိလို့ လာပြီးတစ်ဖက်သက်စွပ်စွဲတဲ့အပြင် ကိုယ်ထိလက်ရောက်ပါ စော်ကားနေတာလဲ"
"သက်သေဟုတ်လား.......နင်ကသက်သေလိုချင်တယ်ပေါ့ ရတယ်လေ နင်လိုချင်တာကို ပေးရမှာပေါ့"
ဒေါ်မီမီကတော့ တဖြည်းဖြည်း မိမိအကွက်ထဲကိုယမုံ တန်းတန်းမတ်မတ်ကြီး ရောက်လာသဖြင့်
အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလျက်။
ဘုန်းမြတ်ကတော့ မိန်းမနှစ်ယောက်ရဲ့ ရန်ပွဲအတွင်း ဘာမှ၀င်မပြောပဲ နှုတ်ဆိတ်ပြီးသာ စောင့်ကြည့်နေသည်။
"ဒီမှာကောင်လေး မင်းကိုကြည့်ရတာ ဒီကောင်မအကြောင်း အတွင်းကျကျသေချာမသိသေးတဲ့ပုံပဲ.......အစ်မမင်းကို မောင်နှစ်မချင်းကိုယ်ချင်းစာလို့ ဒီကောင်မအကြောင်းကို ပြောပြရမှာပေါ့...... မင်းလူရွေးမမှားအောင်ပေါ့လေ"
"ဒီမှာ အစ်မ ဘာကိုပြောချင်နေတာလဲ
အစ်မနဲ့ ယမုံ့ကြားမှာ ဘာမကျေနပ်ချက်ရှိလို့
ဒီလိုမျိူး ယမုံ့ကို လူပုံအလယ်မှာ စော်ကားရတာလဲ...ပြီးတော့ အစ်မကိုဘုန်းကို ဘာစကားမှ ပြောစရာအကြောင်းမရှိဘူး"
ယမုံ ဒေါ်မီမီရဲ့ ဆိုလိုရင်းကို သိနေရဲ့ အလျင်အမြန်တားလိုက်သည်။
"အံမယ် သူခိုးကပဲ လူပြန်ဟစ်လို့
သူများလင်ကို ခိုးစားတုန်းက နင်ဒီလိုစောက်သံမထွက်ပါလား........"
ဒေါ်မီမီရဲ့ စကားကြောင့် ဘုန်းမြတ် ယမုံ့ကိုလှမ်းကြည့်လိုက်သည်။။
"အစ်မတစ်ခုခုကို အထင်လွဲနေတာဖြစ်မယ်
ယမုံ့မှာ ချစ်သူရှိတယ် ပြီးတော့ယမုံအဲ့လိုကိစ္စမျိုးတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး"
Advertisement
"အေးပါ နင်ဆက်ငြင်းနိုင်ဥိးမလား ကြည့်ကြသေးတာပေါ့"
ဒေါ်မီမီ သူ့နောက်မှာပါလာသော driverကို မျက်စပစ်ပြလိုက်တော့ ဘုန်းမြတ်ရှေ့မှာ ဓာတ်ပုံတွေ တန်းစီပြီး လာချတော့သည်။
ဘုန်းမြတ် သူ့ရှေ့မှာ တန်းစီပြီး ချထာသော ဓာတ်ပုံများထဲမှ တစ်ပုံကို ယူပြီးကြည့်လိုက်သည်။ယမုံကတော့ ထိုဓာတ်ပုံတွေကို ဆွဲလုနေပေမဲ့ သူ့ထက်ပိုအားသန်သော ဒေါ်မီမီက ဖမ်းချုပ်ထားသဖြင့် မရုန်းနိုင်ဖြစ်နေရသည်။
လက်ထဲကဓာတ်ပုံတွေကို ကြည့်ပြီး ဘုန်းမြတ် ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်ဖြစ်သွားရသည်။သူမထိရက် မကိုင်ရက်နဲ့ တန်ဖိုးထား ချစ်ခဲ့ရသူက သူစိမ်းတစ်ယောက်နဲ့ အ၀တ်တောင်မပါပဲ ပျော်မြူးနေသည်ကို မြင်ရသည်မှာ ဘုန်းမြတ်ရင်ကို အစိမ်းလိုက်ခွဲပြီး အရက်ပြန်လောင်းချလိုက်သလိုပင်။
ဓာတ်ပုံ တစ်ပုံပြီး တစ်ပုံကြည့်တာနဲ့ အမျှ ဘုန်းမြတ် မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်လာပြီး အရာအားလုံးကို ဝေ၀ါးလာသည်။ရင်ထဲမှာ မယုံနိုင်မှုများစွာနဲ့ ယမုံ့ကို လှမ်းကြည့်လိုက်သည်။
"ကိုဘုန်း အဲ့ဒါတွေက အမှန်တွေ မဟုတ်ဘူး ယမုံရှင်းပြပါရစေ အဲ့ဒါ ယမုံ့ကို ချောက်ချချင်လို့ တမင် လုပ်ကြံထားတာ"
ယမုံကတော့ အရှုးတစ်ယောက်လိုပင် အော်ဟစ်နေသည်။
"နင်က အခုချိန်ထိ ၀န်မခံသေးဘူးပေါ့လေ
သူများလင်ကို ကြောင်တောင်နှိုက်တဲ့ မယားငယ်မကများ......ဟင်းးးးဟင်းးး .......နင်ဒါကိုကြည့်ပြီးရင်တော့ နင်ငြင်းလို့မရတော့ပါဘူး"
"ယမုံဒီညနေ အလုပ်ကိစ္စနဲ့ မန္တလေးကို သွားစရာရှိလို့........"
ရင်းနှီးနေသော အသံကြောင့် ဘုန်းမြတ် အသံလာရာကို ကြည့်လိုက်သည်။
TVဖန်သားပြင်ထက်မှာ ပေါ်နေသူမှာ ယမုံဖြစ်သည်ဆိုတာကို ဘုန်းမြတ်သိလိုက်သည်။သူပြောနေသော စကားလုံးများမှာ မကြာသေးခင်ကမှ ဘုန်းမြတ်နဲ့ ဖုန်းပြောစဥ်က ပြောခဲ့သော စကားများဖြစ်သည်။ကားတစ်စီးပေါ်တွင် လျှို့၀ှက်ကင်မရာ တစ်ခုဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်က အနောက်ပိုင်းကိုရောက်လာလေလေ ဘုန်းမြတ် ဆက်မကြည့်နိုင်တောသည်အထိ မြင်ကွင်းတွေက ရွံ့စရာကောင်းအောင် ဆိုးရွားနေသည်။ဘုန်းမြတ်ရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ တသွင်သွင်စီးကျလာကာ ရင်ထဲမှာ မွန်းကြပ်လာသည်။
"မင်း ကိုယ့်အပေါ်ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ
ကိုယ့်မှာ ဘာချို့ယွင်းချက်တွေရှိလို့လဲ....
မင်း......မင်းမို့လို့ကွာ ဒီလိုလုပ်ရက်တွေကို ကိုယ့်နောက်ကွယ်မှာလုပ်ရက်တယ်.......ကိုယ်ကတော့ မင်းနဲ့လက်ထပ်ဖို့ မိဘတွေဆီမှာ အဆူငေါက်ခံပြီး ကြိုးစားနေချိန်မှာ မင်းကတော့ တခြားယောကျာ်းတွေနဲ့ ပျော်ပါးနေတာပေါ့လေ ဟုတ်လား"
နာကျည်းချက်တွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဘုန်းမြတ် ယမုံ့ကို လက်ညှိုးထိုးပြီး ပြောနေပေမဲ့ ယမုံကတော့ လူသေကောင်တစ်ယောက်လိုပင်။
"မင်းလို မိန်းမမျိုးကို တန်ဖိုးထားပြီး ချစ်ခဲ့မိတာကိုက မှားတာ....မင်းမျက်နှာကို လုံး၀မမြင်ချင်တော့တဲ့ အထိကို ရွံမုန်းသွားတာယမုံ.......ဒီလောက်ဆိုရင် ကိုယ်တို့ထပ်ပြီး ပတ်သက်စရာမရှိလောက်တော့ဘူးထင်တယ်"
ဘုန်းမြတ် ပြတ်ပြတ်သားသားပြောပြီး coffeeဆိုင်ထဲထွက်သွားတော့သည်။
ယမုံကတော့ အရှုံးသမားတစ်ယောက်တစ်ယောက်လို အရုပ်ကြိုးပျက် ဒူးထောက်လျက်ကျသွားပြီး ဒေါ်မီမီကတော့ အောင်နိုင်သူတစ်ယောက်အဖြစ် အရှုံးသမား ယမုံကို မဲ့ပြီးကြည့်ကာ ကော်ဖီဆိုင်ထဲကထွက်သွားသည်။
အဖြစ်အပျက် အစအဆုံးကို မြင်လိုက်ရသူ
မြမှူးကတော့ ဘုန်းမြတ်ရသွားခဲ့တဲ့
စိတ်ဒဏ်ရာကို
ဘယ်လိုကုစားပေးရမလဲ တွေးနေလေရဲ့........
×××××××××××××××××××××××××××××××××××
မနက်ဖြန်မှ တင်ပေးမယ်လို့ပြောထားပေမဲ့ ဒီညမှ updateမပေးဖြစ်ရင် သာသာအိပ်ပျော်မယ်မထင်လို့ upပေးလိုက်ပါပြီနော်
ဒီနေ့အပိုင်းက နည်းနည်းတိုသွားတာတော့
သည်းခံပေးပါလို့ ပြောချင်ပါတယ်
Zawgyi
"မကြာသေးပါဘူး"
"ယမုံ ဘာသောက်မလဲ မှာလိုက်ဉီးလေ"
ယမုံ ကိုယ့်နားကိုယ် မယုံနိုင်တဲ့ ပုံစံနဲ့ ဟက်ခနဲ တစ်ချက်ရီပြီး မေးလိုက်သည်။
Advertisement
"ဖြောင်း"
"ဖြောင်း"
"ဟားးးဟားးးဟားးဒါကမင်းချစ်သူဟုတ်လား...
ဒီလိုမျိုး ယမုံ့ကို လူပုံအလယ်မှာ စော်ကားရတာလဲ...ပြီးတော့ အစ်မကိုဘုန်းကို ဘာစကားမှ ပြောစရာအကြောင်းမရှိဘူး"
"အေးပါ နင်ဆက်ငြင်းနိုင်ဉိးမလား ကြည့်ကြသေးတာပေါ့"
စိတ်ဒဏ်ရာကို
×××××××××××××××××××××××××××××××××××
Advertisement
- In Serial109 Chapters
Common Sense of a Warrior
I was born to a Marquess military family; my father is a hero of the country. Motivated by my mother’s death one night in a burglary, I too resolved to study the blade. My aim was to join the army just like my father, and to avoid repeating my mother’s tragedy. Unexpectedly, despite my gender, my swordsmanship grew strong… However, my ambition ended when I learned that women could not enroll into the army. Furthermore, although I hadn’t received even a single lesson in proper etiquette, I suddenly had my engagement set with a Ducal House that had churned out prime ministers for generations…
8 390 - In Serial75 Chapters
Love Death Cemetery
Lug is a young and anxious man, he doesn't have a passion, nor a goal in life, all he wants is to be left alone. His dream comes true when he finds a job as a cemetery caretaker. But when he gains the ability to see ghosts, the quiet life he dreamed of gives way to chaos. A new chapter every two days!
8 191 - In Serial35 Chapters
Ahsoka x reader The Mandilorian Sith
I am Y/n a Mandilorian, I am the apprentice of General Grevious not really a Sith but a amazing combat teacher plus building robots and other things too. I had to learn about the force from Count Dooku also do other training with him too. And lastly I have fun hanging out with Ventress having fun and training. I got my own somewhat Mandilorian armor that I decorated myself. My first mission is today with General Grevious, I wonder how it will go?Everything goes to rightful owners!
8 197 - In Serial33 Chapters
Forever Yours
She was a giver.Always poured too much of love.Never realizing watering a rock doesn't make it soft.Emma is your regular teenage-not! She's keeping her head low in her own house , keeping her mouth shut for the sanity of her mother.She's trying to escape and luck just couldn't be more cruel than Maximus!
8 231 - In Serial70 Chapters
Angel In Devil's hell √
His love became her biggest curse in the world. She thought when somebody is in love, the other person's happiness matters the most to that person but her innocence became her biggest enemy.He was the young age owner of Khurana companies owning the wealth earned by his father and chachu. The person he loves and respects the most in the world is his chachi.He was the reason why people started fearing Khuranas. His brain worked like a devil with his devilish looks. His dark eyes observe the littlest details in his surroundings. He earned the name of the devil for himself.She was the definition of an angel with her innocence and beauty. Her heart is pure as an angel and her brain innocent as a child. She was the heart of her family. She never believed in darkness and attracted the devil himself towards her. The devil never wants a single male to look at her the way, he looks at her.He never thought he could ever feel love ever in his life but everything changed when his eyes fall on her. His obsession, his possession, his soulmate, his angel, his babydoll.
8 129 - In Serial100 Chapters
Husband, Be A Gentleman
Pei Jin is a black bellied prince. To outsiders he is a kind gentleman and always calm. Yan Shi Ning is a wolf in sheep's clothing. To outsiders she is a gentle bred young lady and always docile. Pei Jin and Yan Shi Ning are the perfect couple but behind closed doors... "Wife, you're an expert liar.""Husband, it's because you taught me well."*****Author: Su Xing YueNot mine, only for offline readingAll 81 chapters uploadedMore Info on https://novelplanet.com/Novel/Husband-Be-A-Gentleman
8 110