《ကံကြမ္မာစေရာ [OC] (Completed)》Ep_4
Advertisement
Uni
မြမှူး ဆေးခန်းကနေ ပြန်လာတဲ့ အချိန်ကတည်းကစပြီး အမည်မသိရောဂါတစ်မျိုး စွဲကပ်လာလေသည်။ဘာကြောင့်မှန်းမသိ အတွေးထဲမှာ ထိုဆရာ၀န်ရဲ့ အကြည့်တွေကပဲစိုးမိုးနေသည်။
တစ်မိနစ်တောင် သူ့အကြောင်း မတွေးမိတဲ့အချိန် မရှိဖြစ်လာသည်။
"မြမှူး နင် အဲ့ဆရာ၀န်ကို ကြိုက်မိနေတာလား"
အခန်းမှာ တစ်ယောက်ထဲ ဆရာ၀န်ပေးလိုက်တဲ့
ဆေးကို လက်ထဲမှာထည့်ထားရင်း ကိုယ့်ကိုယ်ကိုပြန်မေးမိနေသည်။
အရင်ကဆို ဆေးသောက်ရမှာ သေအောင်ကြောက်တဲ့ မြမှူးလဲ ဒီဆရာ၀န်နဲ့တွေ့မှ ဆရာ၀န်ချောချောလေးကပေးတဲ့ ရှားပါးဆေး ဆိုပြီး
သောက်နေလေရဲ့။ဆရာ၀န်လေး အကြောင်းတွေးရင်း သောက်တဲ့ဆေးမို့ ခါးတယ်လို့တောင် ထင်ပုံမရ။အဖျားက ဆေးထိုးပြီးပြန်လာကတည်းက ကျသွားပြီး နေရထိုင်ရတာလဲ သက်တောင့်သက်သာ ရှိလာသည်။ခက်တာက အဖျားရောဂါပျောက်သွားပေမဲ့ ဆရာ၀န်ကို စွဲလန်းနေတဲ့ ရောဂါက တစ်နေ့တစ်ခြား ပိုပိုတိုးလာလေသည်။
××××××××××××××
တနင်္လာနေ့ရောက်တော့ အဖျားလုံး၀မရှိတော့တာမို့ ပုံမှန်အတိုင်း ကျောင်းသွားရန်ပြင်ဆင်လိုက်သည်။ မြမှူးသည် ဒုတိယနှစ် second semကို တက်နေသည်မို့ H တန်း၀င်ရန်ကြိုးစားနေတာကြောင့် အတန်းချိန်တွေကို အတတ်နိုင်ဆုံး roll callပြည့်ရန် တက်နေခြင်းဖြစ်သည်။
မြမှူးက DU ရှိ အမြင့်ဆုံးမေဂျာတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတကာဆက်ဆံရေးမေဂျာ(IR)
ယူထားသဖြင့် ပိုပြီး ဂရုစိုက်နေရသည်။
××××××××××××
မြမှူး ပုံမှန်အတိုင်း ကားဂိတ်ရှိရာကို လမ်းလျောက်လာခဲ့သည်။ကားဂိတ်ရောက်ရင် ဆေးခန်းကို ဘယ်လိုချောင်းရမလဲ ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ် လျှောက်လာတုန်း
"တီ.......တီ"
အနောက်က ကားဟွန်းသံကြောင့် အတွေးတွေ လွင့်ပြယ်သွားပြီး အနောက်ကိုလှည့်ကြည့်လိုက်သည်။ကြည့်လိုက်တော့ အိမ်စီးကားတစ်စီး။
သေချာလှည့်ကြည့်လိုက်တော့ ကားကမြမှူးဘေးနား မှာရပ်တန့်သွားသည်။ပြီးနောက်ကားမှန်ကိုချပြီး
"မှူး ကိုထူး ဒေါ်လေး ခိုင်းလိုက်လို့ မြို့ထဲကိုသွားမှာ အဲ့ဒါမှူး လမ်းကြုံလိုက်ခဲ့ပါလား "
"ကိုထူး မှူးကို ကျောင်း၀န်းထဲအထိ လိုက်ပို့ပေးမယ်လေ"
ဆိုပြီး ကိုထူးက ခပ်ပြုံးပြုံးနဲ့ စကားဆိုလာသည်။
"ရတယ် မလိုက်တော့ဘူး လိုင်းကားပဲစီးသွားလိုက်မယ်"
မြမှူး နည်းနည်းလေးတောင် မစဥ်းစားပဲ ချက်ချင်းငြင်းဆိုလိုက်ပြီး လမ်းဆက်လျှောက်လာ လိုက်သည်။
အဲလို့ ပြောတာတောင် အနောက်ကနေ ကားဘီးလိမ့်ရုံလောက် မောင်းပြီး နောက်ကလိုက်လာသည်။
"လာပါ မြမှူးရယ် အခုမှ နေပြန်ကောင်းကစကို
အပင်ပန်းမခံပါနဲ့ "
မြမှူးကို အပျော့ဆွဲလေသံနဲ့ အတင်းလိုက်ခေါ်နေတော့သည်။
"ရတယ် လိုင်းကားကြပ်နေရင် taxiပဲငှားသွားလိုက်မယ်"
"ကိုထူးခန့် သွားစရာရှိတာကိုသာ ဖြောင့်ဖြောင့်တန်းတန်း သွားပါ"
မြမှူး ပြတ်ပြတ်သာသားငြင်းပြီး နားမှာ
နားကြပ် တပ်လိုက်ပြီး ဆက်လျှောက်လာသည်။ပြီးတော့ ကိုထူးခန့်လဲ ကားမောင်းပြီး ထွက်သွားတော့သည်။
ကိုထူးခန့်ကို မြမှူး ကြည့်မရတာတော်တော်ကြာပြီဖြစ်သည်။ ဘေးချင်းကပ်အိမ်ကို ပြောင်းလာတဲ့ နေ့ကတည်းက စပြီး မြမှူး အနေအထိုင်ကျဥ်းကြပ် သလိုခံစားရသည်။လူကို တွေ့တိုင်း ခေါင်းစခြေဆုံး စားမတက် ၀ါးမတက် လိုက်ကြည့်နေတော့သည်။
ပြီးတော့ သူတို့အိမ်အပေါ်ထပ်က သူ့အခန်းနဲ့ မြမှူးအခန်းနဲ့က ပြတင်းပေါက်တံခါးကကြည့်လျှင် လှမ်းမြင်နေရသေးသည်။အရင်ကဆို ညနေစောင်းရင် အခန်းပြတင်းပေါက်ကနေ သီချင်းလေးနားထောင်ပြီး နေ၀င်ဆည်းဆာကို ကြည့်နေကြဖြစ်သည်။အခုတော့ သူတို့အိမ်ပြောင်းလာသည့် ၂နှစ်အတွင်းမှာ မြမှူးရဲ့ အခန်းပြတင်းပေါက်သည် အမြဲပိတ်ပြီး လိုက်ကာချထားရသည်။
သူ့ကြည့်တော့ အသက်က ၂၉နှစ်အရွယ် နှာဘူးကထချင်သေးသည်။အိမ်က ဦးဖိုးထူးနဲ့ တည့်အောင်ပေါင်းပြီး အိမ်ဘေးက ဦးဖိုးထူးအိပ်ခန်းထဲတွင် အကောင်းစားအရက်တွေ ယူယူလာပြီး ခွက်ပုန်းကချလိုက်သေးသည်။သူ့အမေမျက်နှာကြောင့် သည်းခံပြီး မေးထူးခေါ်ပြောလုပ်နေရတာကို အခွင့်အရေးယူပြီး အဘွားဆီ ကို သူ့အမေကိုလွှတ်ပြီး မင်္ဂလာစကား လာလမ်းကြောင်းသေးသည်။အဖွားကလဲ ပညာရှိနည်းနဲ့ အပြတ်ငြင်းလိုက်သည်။ အားလုံးကိုခြုံပြီး သူ့ပုံစံကို ပြောရရင် ဘယ်လိုကြည့်ကြည့်ကို တဏှာရူးရုပ်ပေါက်နေသည်။
××××××××××××
"တောက်"
ထူးခန့် ကားထဲမှာ အံကိုကြိတ်ပြီး တောက်ခေါက်လိုက်သည်။
"မြမှူးသော်တာ မင်းငါ့ကိုဘယ်လောက် ငြင်းငြင်း ငါမင်းကိုတစ်နေ့ပိုင်ဆိုင်ရအောင်လုပ်ပြမယ်"
တမင်တကာ မြမှူးကျောင်းသွားတဲ့
အချိန်ကိုစောင့်ပြီး အချိန်ကိုက်ထွက်လာကာမှ အငြင်းခံလိုက်ရသဖြင့် ထူးခန့် ရှက်စိတ်ရော ဒေါသရော ပေါင်းပြီး မျက်နှာတစ်ခုလုံး နီကာ ထူပူနေတော့သည်။
မြမှူးသော်တာ ဆိုသော ထိုမိိန်းကလေးကို သူအိမ်ပြောင်းလာတဲ့ နေ့ကတည်းက စပြီး စိတ်၀င်စားခဲ့ခြင်း ဖြစ်သည်။ပထမဆုံး အိမ်ပြောင်းလာတဲ့နေ့က ထူးခန့် သူနေမည့်အခန်းကို ပစ္စည်းကိုချပြီး လေကောင်းလေသန့် ရှုရန် ပြတင်းပေါက်ဖွင့် လိုက်တဲ့အချိန် ဘေးချင်းကပ် အိမ်မှ ဆံပင်ရှည်နဲ့ကောင်မလေး တစ်ယောက် နေ၀င်ချိန်ကိုကြည့်ပြီး ပြုံးနေတဲ့ပုံလေးကို မြင်မြင်ချင်း ရင်ခုန်မိသွားသည်။လိမ္မော်ရောင် နေရောင်အောက်တွင် လေတစ်ချက်တိုက်လိုက်တိုင်း ဆံပင်လေးတွေ လွင့်ကာ လှချင်တိုင်းလှနေတော့သည်။အမေကလဲ မြမှူးကို အမြဲတမ်း ချစ်စရာလေး လို့ တဖွဖွ ပြောနေတော့ အမေ့အတွက်ရော သူ့အတွက်ရော မြမှူးကို မရရအောင်ယူမယ်လို့ ဆုံးဖြတ်ထားသည်။
×××××××××××××
မြမှူး ကားဂိတ်ကို ရောက်ကတည်းက ဆေးခန်းထဲကို မသိမသာ ခိုးခိုးကြည့်နေသည်မှာ အကြိမ်ပေါင်းမနည်းတော့။ဆရာ့ကို မတွေ့တော့ စိတ်ညစ်နေတဲ့ အချိန်မှာပဲ ဂျူတီကုတ်အဖြူလေးကို ဖြတ်ခနဲ တွေ့လိုက်ရ၍ စိတ်ထဲ၀မ်းသာသွားသည်။
ဒါပေမဲ့ သေချာကြည့်လိုက်တော့ မြမှူးရဲ့ ဆရာ၀န်လေးမဟုတ် တခြားဆရာ၀န်တစ်ယောက် ဖြစ်နေသည်။မြမှူးလဲ စိတ်ပျက်လက်ပျက်ဖြစ်နေတုန်း မိုးကလဲ ရွာမလိုဖြစ်လာ၍ YBSကို ဆက်မစောင့်တော့ဘဲ taxiသာငှားစီးလာတော့သည်။
မြမှူး ကျောင်းရောက်တော့ ယွန်းမီကို တွေ့တာနဲ့ တန်းပြီး ကန်တင်းကိုခေါ်လာခဲ့သည်။မြမှူးရဲ့ မျက်နှာအခြေအနေကိုကြည့်ပြီး ယွန်းမီ မြမှူးတစ်ခုခုဖြစ်နေပြီဆိုတာသိလိုက်သည်။
Advertisement
"မြမှူး နင်ဘာဖြစ်နေတာလဲ"
"နေပြန်မကောင်းသေးဘူးလား"
"ဖျားနေသေးရင် ဘာလို့ ကျောင်းကိုလာတာလဲ"
ယွန်းမီကသာ တစ်ခုပြီးတစ်ခုမေးနေတာ မြမှူးဆီက ဘာအဖြေမှ ပြန်မလာ။
ယွန်းမီလဲ ဘာမှ ဆက်မမေးတော့ပဲ မြမှူးရဲ့ မျက်နှာအခြေအနေကိုသာ စောင့်ကြည့်နေလိုက်သည်။အချိန်နည်းနည်းကြာတော့မှ မြမှူးဆီက အသံထွက်လာသည်။
"ယွန်းမီရေ ငါတော့ရူးသွားပြီထင်တယ်"
အရင်းမရှိ အဖျားမရှိနဲ့ သူ့ကိုမကြည့်ပဲ အဝေးကြီးကို ကြည့်ရင်း ဆိုလာသော မြမှူးစကားကြောင့် ယွန်းမီပါကြောင်သွားသည်။
"ဟဲ့မြမှူး နင်ဘာတွေပြောနေတာလဲ"
"နင်တစ်ခုခုဖြစ်နေတယ်မလား ငါကိုပြော နင်ဘာဖြစ်နေလဲဆိုတာ
"
"အဲ့လိုကြီး ငူငူငိုင်ငိုင်ကြီး ထိုင်မနေနဲ့ "
"နင်ပြောပြမှ ငါလဲ၀ိုင်းပြီး စဥ်းစားပေးလို့ရမှာပေါ့"
ယွန်းမီက မြမှူး ဘာဖြစ်နေတာလဲဆိုတဲ့အကြောင်းအရင်းကို အရမ်းသိချင်နေတဲ့ ပုံစံနဲ့ စကားဆိုလာ၍ မြမှူးလဲ အကြောင်းစုံကိုပြောပြလိုက်သည်။
မြမှူးလဲ သူဖြစ်နေတဲ့ အကြောင်းကို စုံအောင်ပြောပြပြီးပြီဆိုတော့ ယွန်းမီ ဘာအဖြေပေးမလဲဆိုတာကို မျက်လုံးအ၀ိုင်းသားနဲ့ စောင့်နေလေသည်။ယွန်းမီက အတော်အတန်စဥ်းစားကြည့်ပြီးတော့မှ
"မြမှူး နင်သူ့ကိုကြိုက်မိ နေပြီထင်တယ်"
ယွန်းမီဖြေ လာသောအဖြေကြောင့် မြမှူး ပိုသေချာသွားသည်။မှန်ပါသည် မြမှူး ထိုဆရာ၀န်ကိုကြိုက်မိနေပြီ။
"ဟဲ့ ဒါနဲ့သူက ဆရာ၀န်ဆိုတော့ ချောရောချောလား"
ယွန်းမီမှ မြမှူးကြိုက်နေတဲ့သူပုံစံကို သိချင်၍ မေးလိုက်ခြင်းဖြစ်သည်
"မသိဘူး ငါက မျက်လုံးပဲ မြင်လိုက်ရတာကို
မျက်နှာတစ်ခုလုံးကိုမှ မမြင်လိုက်ရတာ"
"အဲ့ဒါဆို နာမည်ရော သိလား "
"နာမညိသိရင် Fbမှာရှာကြည့် လို့ရတယ်လေ"
"နာမည်လဲ မသိဘူး"
"အသက်ရော ဘယ်လောက်လောက် ရှိလဲ ငယ်သေးလား"
"အသက်က ၂၅လောက်တော့ရှိမယ် ထင်တယ်"
ဘာမေးမေး သေချာမသိသော မြမှူးကို ကြည့်ရင်း ယွန်းမီ သက်ပြင်းချမိလိုက်သည်။
ဘယ်သူ့ကိုမှ စွဲစွဲလန်းလန်း မကြိုက်ဘူးသော မြမှူးသည် မျက်နှာတောင် သေချာမမြင်ဖူး နာမည်လဲမသိ တဲ့သူကို ကြိုက်နေမိပြီတဲ့လား လဒမှိုင် မှိုင်နေသော သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ယွန်းမီခေါင်းခါမိလိုက်သည်။
×××××××××××××××××××××
ဒီရက်ပိုင်းအတွင်း မနက်ကျောင်းသွားချိန်ဆို မိုးရွာနေ၍ ကျောင်းကို taxiဖြင့်သာ မြမှူးသွားဖြစ်နေသည်။မိုးမရွာ၍ လိုင်းကားစီးသော နေများတွင်လဲ ဆရာ့ကို တွေ့မလားလို့ မျှော်လင့်မိပေမဲ့ တခြားဆရာ၀န်တွေကိုပဲ အမြဲတွေ့နေရသည်။ဘာလိုလိုနဲ့ ဆရာ့ကိုမတွေ့ရသည်မှာ ၁ပတ်တောင် ကျော်နေလေပြီ။
ဒီညနေတော့ မိုးကဖွဲဖွဲလေးပဲ ရွာနေသဖြင့် YBSစီးပြီးသာပြန်လာခဲ့သည်။ကားပေါ်က ဆင်းတော့ ဆေးခန်းထဲကိုငေးကြည့်နေတဲ့အချိန်
"အ"
အော်သံနဲ့အတူ မြမှူး လဲကျသွားခဲ့သည်။ဆေးခန်းကိုငေးနေတာကြောင့် အနောက်ကနေ ဆိုင်ကယ်ကအရှိန်နဲ့ ဖြတ်မောင်းသွားသဖြင့် ပွတ်မိသလိုဖြစ်ကာ ထီးတစ်ခြား လူတစ်ခြား လဲကျသွားခဲ့သည်။
ခြေထောက်ကနာပြီး ရွံ့အနည်းငယ်ပေသွားတာကြောင့် ခြေထောက်ကို ကြည့်နေတုန်း ခေါင်းပေါ်ကိုတစ်ဖွဲဖွဲကျနေသော မိုးစက်တွေ ရပ်တန့်သွားသဖြင့် မော့ကြည့်လိုက်တော့ မြမှူး ကို ထီးဆောင်းပေးထားသော လူတစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူသည် အခြားလူမဟုတ် မြမှူး အတွက်
မစိမ်းသော မျက်လုံးများနဲ့ လူ။မြမှူး အမြဲတမ်းရုန်းမထွက်နိုင်ဖြစ်နေသော ထိုမျက်လုံးများကို ငေးကြည့်နေမိသည်။လောကကြီး ရပ်တန့်သွားသလိုပင် မြမှူး ဘာကိုမှ မမြင်မကြားတော့။
ထိုလူ၏ မျက်လုံး နှာခေါင်း နှုတ်ခမ်းတို့ကို မျက်တောင်တစ်ချက်တောင် မခက်ပဲကြည့်နေမိသည်။ နောက်ဆုံးတော့ မြမှူး ဆရာနဲ့ နောက်တစ်ကြိမ် အနီးကပ်ပြန်ဆုံခဲ့ရပြန်ပြီ။
မြမှူး ဘာဖြစ်သွားလဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ ကြည့်နေသော ဆရာ့မျက်လုံးတွေကို စိုက်ကြည့်မိနေရင်း ရင်ခုန်သံတွေ မြန်လာသည်။မြမှူး ကိုယ့်ကိုယ်ကို ၀န်ခံလိုက်ပါသည် ။
မြမှူး ဆရာ့ကိုချစ်မိနေပြီ။
ထိုစဥ် ဖုန်းထဲတွင် ဖွင့်ထားသောသီချင်းသံ သည် နားကြပ်မှ တစ်ဆင့် နားထဲကို ၀င်ရောက်လာသည်။
"နင်ဆိုတာပြိုင်ဘက်မရှိ××××××တစ်ယောက်ထဲ ငါချစ်သူပါ××××××××ယုံချင်ယုံ မယုံချင်နေ
နင်တစ်နေ့တော့×××××× နားလည်မှာ..........
တကယ်ဆို×××လူမသိ သူမသိ×××××ချစ်ခဲ့ရတဲ့နေ့ပေါင်းများစွာ................
ကံကြမ္မာဟာ တစ်ခါတစ်လေအလွန်ထူးခြားဆန်းကြယ်တာ×××××××××ကြိုတင်မသိသေးဘူး×××××××ဒို့နှစ်ယောက်တစ်နေ့
ပေါင်းနိုင်မလား..........................................."
××××××××××××××××××××××××××××××××
မနေ့ကမီးပျက်နေတော့ ဖုန်းအားမရှိလို့ updateမပေးနိုင်တာပါ🥺။
ဒီအပိုင်းလေးဖတ်ပြီးရင် ဖတ်ရတာအဆင်ပြေမပြေ commentလေးတွေ မန့်ပေးရင် ပျော်မိမှာပါ။ မြမှူး နားထောင်နေတဲ့ သီချင်းကို မသိတဲ့သူတွေအတွက် သီချင်းလေး တင်ပေးခဲ့တယ်နော်😙
Zawgyi
တစ်မိနစ်တောင် သူ့အကြောင်း မတွေးမိတဲ့အချိန် မရြှိဖစ်လာသည်။
××××××××××××××
Advertisement
××××××××××××
"တီ.......တီ"
အပင်ပန်းမခံပါနဲ့ "
××××××××××××
"တောက်"
×××××××××××××
"
"နာမည်လဲ မသိဘူး"
×××××××××××××××××××××
"အ"
ခြေထောက်ကနာပြီး ရွံ့အနည်းငယ်ပေသွားတာကြောင့် ခြေထောက်ကို ကြည့်နေတုန်း ခေါင်းပေါ်ကိုတစ်ဖွဲဖွဲကျနေသော မိုးစက်တွေ ရပ်တန့်သွားသဖြင့် မော့ကြည့်လိုက်တော့ မြမှူး ကို ထီးဆောင်းပေးထားသော လူတစ်ဉီးကို တွေ့လိုက်ရသည်။
ပေါင်းနိုင်မလား..........................................."
××××××××××××××××××××××××××××××××
Advertisement
- In Serial37 Chapters
His Little Mischief
They say opposites attract.But what happens when a rogue and an Alpha who both crave chaos end up being mates?It seems like Moon Goddess has made her first mistake.______I tilt my head, scrutinizing him. He did the same. A frown tugs on my lips. He did the same. "Copycat," I breathed out. A smile reaches his face and his eyes twinkle with curiosity. His stares bore into me as he eyes me up and down, pride swelling in his chest. He opens his mouth to speak, "Pleased to meet you, mi amor." "It's a pleasure to meet you, too, mate."______I'm definitely not a professional writer or any of that sort so mistakes in terms of grammar and plotholes will be inevitable
8 163 - In Serial61 Chapters
Cry For Me
Camryn has always been the outcast. The fact that she was adopted as a baby labels her as some sort of freak, but in reality she's the same as everyone else if not better. She's lived a pretty lonely social life but will that all change when a bad boy with good intentions moves in next door? How long will they be able to stay just friends?
8 600 - In Serial30 Chapters
Only You Always
Miss Edwina Sharma finds herself without a husband by the end of the 1814 season and she could not be happier-truly, she is happy. She now knows that if she were to ever marry, it will only be for true love like the one shared by her sister, Kate, and her husband, Lord Anthony Bridgerton. Dr. Lucas Blakeley hasn't the time to find a wife, though, clinically, he knows a wife would solve many of his problems, including someone to keep his bed warm at night. However, when he receives an unexpected letter, he knows his life will be forever changed and he will need to re-enter the world of glitz and glamour that he left behind years ago. Netflix's Bridgerton fanfiction. Takes place immediately after the events of Bridgerton Season 2.
8 145 - In Serial75 Chapters
Set Apart
Shawn Hunter, Cory Matthews, Cristina Carrillo.The most inseparable group of people you'll ever know. They've known each other for basically their whole lives. Cristina knows Shawn as her best friend. And Shawn thinks the same of her....until he doesn't. {Shawn Hunter fan fiction}Started: March 7, 2020Completed: September 11, 2020
8 105 - In Serial115 Chapters
Lucky
Violet Richards and her best friend Daisy win a trip to go ghost hunting with Sam and Colby. What will happen while they are there? I genuinely don't know but I hope you enjoy it anyways
8 114 - In Serial45 Chapters
Chasing Rain ✓
Rain Carter unintentionally brought her little heaven to hell.Damien Black intentionally brought his hell upon the little heaven.But as we know hell and heaven can't stick together for long and when the underworld is involved, well happiness is a mirage and the only thing that is destined to come is death. ~*~Damien had scars on his body but his past was forgotten and Rain had scars in her heart with a past to relive. ~*~Meet Rain Carter, a caring single mother to her beautiful mute daughter Amber. She already has a fiancé whom she plans to marry maybe not out of love but for her daughter. But all her plans came crashing down when her daughter is in the operation chamber and the father's bone marrow is required.Meet Damien Black also known as a beast of a man, a ruthless billionaire tycoon and the king of underworld. He has no plans of settling down. But when the same woman who he had slapped four years ago comes back to his office, on her knees, begging to give her daughter his bone marrow. All his plans come crashing down. Now Damien is more than shocked when his DNA matches with Amber's. Now wanting his woman and daughter back. We need to see how far the beast can go. ~*~When you think the story has ended that is the place it will all start again from.
8 240