《ကံကြမ္မာစေရာ [OC] (Completed)》Ep-2
Advertisement
Uni
အချိန်က ညနေ ၅နာရီ။
ညနေ ၆နာရီမှာ ယမုံနဲ့ ချိန်းထားတာကြောင့်
ဘုန်းမြတ် အပြင်သွားရန် ပြင်ဆင်လိုက်သည်။မီးခိုးရောင်စပို့ရှပ်ကို အနက်ရောင် ဘောင်းဘီတိုနဲ့ တွဲပြီး၀တ်ဆင်လိုက်ထားသည်မှာ ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်ကဲ့သို့ပင်။ ခေါင်းလျှော်ထားတာကြောင့် နဖူးဆီသို့ မညီမညာ တစ်စစီကျနေသော ဆံပင်တို့က်ို
စပရေးဖျန်းကာ ပုံကျအောင်လုပ်လိုက်သည်။ပြီးနောက် စျေးကြီးပေး၀ယ်ထားသော အကောင်းစားနာရီတစ်လုံးကို လက်မှာပတ်လိုက်ပြီး ညှို့အားပြင်းသော ရေမွှေးကိုလက်ကောက်၀တ်နဲ့ လည်ပင်းကို ဖြန်းဆွတ်လိုက်သည်။နောက်ဆုံးအနေနဲ့ စာကြည့်စားပွဲပေါ်တွင် အဆင်သင့်တင်ထားသော အမျိုးသားကိုင် ခေါက်ပိုက်ဆံအိတ်နဲ့ ကားသော့ကိုယူပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။
ဘုန်းမြတ် လှေကားထစ်ဆီမှ တစ်ဆင့်ခြင်း ဆင်းလာရင်း အောက်ထပ်ကို မျက်လုံးဖြင့်ဝေ့ကြည့်ကာ အမေ့ကိုလိုက်ရှာမိလိုက်သည်။ဒါပေမဲ့ မတွေ့ ။အိမ်နောက်ဖေး မီးဖိုချောင်မှ ထွက်လာသော ဒေါ်ကြီးညို ကိုမြင်တော့ လှမ်းမေးလိုက်သည်။
"ကြီးညို အမေ့ကိုတွေ့မိသေးလား"
"ဒီညနေ အစ်မချို City Mart မှာစျေးသွား၀ယ်မယ်လို့တော့ ကြီးညိုကို ပြောထားတယ်သား"
"အဲ့ကိုသွားတာဖြစ်လောက်တယ်"
"သြော်... ဟုတ်ကဲ့ အဲ့ဒါဆို အမေပြန်လာလို့ ကျွန်တော့်ကိုမေးရင် ယမုံ့နဲ့ သွားတွေ့တယ်လို့ ပြောပေးပါဦး ကြီးညို"
"အေး အေး ကြီးညို ပြောပေးမယ်သား"
ဟိုတယ်ခန်း တစ်ခုထဲမှာ ဦးကောင်းမြတ်နဲ့ ယမုံ့တို့ ကုတင်ပေါ်မှာ အ၀တ်ဗလာဖြင့် တစ်ယောက်နဲ့ တစ်ယောက် ဖက်အိပ်နေကြသည်။
"ကိုကြီးးးးးး "
ရုံးပတေသီး ထက် ချွဲပြစ်သောအသံနဲ့ ဦးကောင်းမြတ်ကို ယမုံခေါ်လိုက်သည်။
"ဟင် ဘာပြောမလို့တုန်း ကလေးရဲ့ ပြောလေ
ကိုကြီး နားထောင်နေတယ်"
လက်တစ်ဖက် ယမုံ့ရဲ့ ရင်ဘက်ကို ကိုင်နေရင်း မေးလိုက်သည်။
"ဟိုဟာလေ...."
" ယမုံ သုံးစရာပိုက်ဆံ မရှိတော့ဘူး ကိုကြီးရဲ့"
"အဲ့ဒါ ယမုံ့ကို မုန့်ဖိုးပေးဦး"
ယမုံ့ ဒီညနေ ဘုန်းမြတ်နဲ့ တွေ့ဖို့အတွက် ပိုက်ဆံလိုနေ၍ ဦးကောင်းမြတ်ဆီမှ တောင်းနေခြင်းဖြစ်သည်။
"အော် ဒါများကလေးရယ် အစောကတည်းကပြောပေါ့"
ဦးကောင်းမြတ် ရီကျဲကျဲနဲ့ ကုတင်ဘေးက စားပွဲပေါ်ရှိ ပိုက်ဆံအိတ်ကို လှမ်းယူလိုက်ပြီး အထဲမှ တစ်သောင်းတန် အုပ်လိုက်ကို ယမုံ့ကိုပေးလိုက်သည်။
"ဟီးးးး ဒါ့ကြောင့် ကိုကြီးကို ချစ်နေရတာပေါ့"
"ပြွတ်"
ဦးကောင်းမြတ်ရဲ့ ပါးကို အကြာကြီးဖိနမ်းပစ်လိုက်သည်။အဲ့လို အတတ်တွေကြောင့်
ဦးကောင်းမြတ်ဆီကနေ ချူစားလို့ ရနေခြင်းဖြစ်သည်။
ဦးကောင်းမြတ် နာရီကို တစ်ချက်ကြည့်လိုက်သည်။အချိန်က ညနေ ငါးနာရီခွဲနေပြီ။ညကျရင် မိန်းမနဲ့ သမီးကို အပြင်မှာ ညစာလိုက်၀ယ်ကျွေးမယ်လို့ ကတိပေး၍ အိမ်ပြန်ရတော့မည် ဖြစ်သည်။
"ကလေး ကိုကြီး ပြန်တော့မယ်"
"ကလေးနဲ့ ဆက်နေချင်သေးပေမဲ့ အိမ်ကသမီးကိုဒီနေ့ စောစောပြန်လာမယ်လို့ ကတိပေးထားလို့ ကိုကြီးပြန်မှ ရတော့မယ်"
ဦးကောင်းမြတ်ပြောစကားကြောင့် ယမုံ့ထခုန်မတက်ပျော်သွားသည်။ယမုံလဲ ဘုန်းမြတ်နဲ့ ချိန်းထားတာမို့ ပြင်ဆင်ရဦးမှာကြောင့်
"အဲ့ဒါဆို ကိုကြီး ပြန်လိုက်တော့လေ"
"ယမုံကတော့ ရေချိုးပြီးမှ အေးဆေးပြန်တော့မယ်"
"ကောင်းပါပြီဗျာ အဲ့ဒါဆိုကိုကြီးပြန်လိုက် ဦးမယ် ကလေးအေးဆေးနေခဲ့ ဟုတ်ပြီလား ဗိုက်ဆာရင်လဲမှာစားထားလိုက် ကိုကြီးရှင်းလိုက်မယ်"
"ကလေး Shopping ထွက်လို့ ပိုက်ဆံလိုရင်လဲ
ကိုကြီးကို စာပို့ထားလိုက် "
"ဟုတ်"
"အဲ့ဒါကြောင့် ကိုကြီးကိုချစ်နေရတာ အာဘွား"
ဦးကောင်းမြတ် အခန်းထဲကထွက်သွားတာနဲ့ သူငယ်ချင်းဖြစ်သူ ရိုစီကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို ရိုစီလား ငါ့ကိုကူညီပါဦး"
"အခုချက်ချင်း xxxxxဟိုတယ်ကို ငါ့အတွက်
အဆင်ပြေမဲ့ အ၀တ်အစားသုံးစုံလောက် ၀ယ်ပြီး လာပို့ပေးစမ်းပါဦး"
"ငါဒိညနေ ကိုဘုန်းနဲ့ ချိန်းထားလို့"
ယမုံ့ဖုန်းဆက်ပြီး ပြောပုံကိုကြည့်တာနဲ့ ရိုစီ အခြေအနေကို ချက်ချင်းသဘောပေါက်သွားသည်။မြွေမြွေချင်း ခြေမြင်တဲ့သဘောပဲပေါ့။
"အိုကေ ငါသဘောပေါက်ပြီ အခုချက်ချင်းလာခဲ့မယ် နင်ရေချိုးပြီး အသင့်ပြင်ထားလိုက်။"
ရိုစီသည် ယမုံဆီက ကပ်ဖားရပ်ဖားလုပ်ကာ စားသောက်နေကြမို့လို့ ယမုံ့ရဲ့ ခိုင်းဖက်သူငယ်ချင်းဖြစ်သည်။ယမုံ့ရဲ့ ရှုပ်ပွေသမျှကိုလဲ အလိုတူအလိုပါ မြှောက်လဲမြှောက်ပေးသည့်အပြင် ပြဿနာတက်ရင်လဲ ကူရှင်းပေးသည်။
စိတ်ချရတဲ့သူငယ်ချင်း ရိုစီ ကကူညီမည် ဖြစ်တာကြောင့် ယမုံ စိတ်အေးလက်အေး ရေချိုးနေလိုက်သည်။ရေချိုးပြီး ထွက်လာတော့ အပြင်ဘက်က တံခါးခေါက်သံကြောင့် ရိုစီမှန်းတန်းသိလိုက်သည်။တံခါးဖွင့်လိုက်တာနဲ့ ရိုစီအထုတ်အပိုးတွေ တစ်သီကြီးနဲ့ အခန်းထဲ၀င်လာသည်။
"ရော့ ဒီမှာ ငါအဆင်ပြေလောက်မယ့်၀တ်စုံတွေ
ရွေးပြီး၀ယ်လာတယ်"
"ဖိနပ်နဲ့ ငါ့make upပစ္စည်းတွေလဲ ယူလာတယ်"
"နင်အဆင်ပြေသလို ကြည့်လုပ်လိုက်တော့"
မောမောပန်းပန်းနဲ့ အသက်ကိုမနည်းရှူပြီးပြောနေသော ရိုစီကိုကြည့်ပြီး ယမုံ အားနာစိတ်တောင်၀င်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် ရိုစီရယ်"
"ငါလဲ အိမ်ပြန်ဖို့ အချိန်မရှိတော့လို့ နင့်ကိုပဲ အကူအညီတောင်းလိုက်ရတာ"
"ရပါတယ် အချင်းချင်းတွေပဲ မလိုပါဘူး"
"ဒါနဲ့ နင် ကိုဘုန်းနဲ့ ဘယ်အချိန် ချိန်းထားတာလဲ "
"ညနေ၆နာရီ ညစာအတူတူစားမလို့လေ"
အကျင်္ီ၀တ်နေရင်း စပ်ဖြဲဖြဲနဲ့ ပြန်ဖြေလိုက်သော ယမုံ့ကို ကြည့်ရင်း ကိုဘုန်းကိုတွေးမိကာ
သနားစိိတ်တော့၀င်မိသည်။ သူ့ခမျာ ယမုံကလွဲရင် ဘယ်မိန်းကလေးမှ စိတ်မ၀င်စားပေမဲ့ ယမုံကတော့ ယောကျာ်းတွေကို silentတွဲနေသည်မှာနည်းတာမဟုတ်။ယောကျာ်းတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်သော ဆေးရှိသလားလို့တောင် မေးရအောင် တွဲသမျှယောကျာ်းတိုင်းကို ထိန်းချုပ်နိုင်သည်။ယမုံက မတွဲခင် ကတည်းက silentတွဲမယ်ဆိုတာကြိုပြောထားတာကို ကျေကျေနပ်နပ်နဲ့ လက်ခံပြီး တွဲခဲ့ကြသူများပင်ဖြစ်သည်။ယမုံ officalချပြထားသော ရည်းစားကတော့ ဆရာ၀န် ဘုန်းမြတ်မင်းသွေး တစ်ယောက်ထဲပဲရှိသည်။
Advertisement
ဘလောက်ထိပွေရှုပ်ရှုပ် ပိရိလွန်းလှသဖြင့် အများအမြင်မှာ သူမဟာ စမတ်ကျတဲ့ မိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။
မှန်ရှေ့မှာ ရေမွှေးဆွတ်နေရင်း ကိုယ့်ကိုယ်ကို ယုံကြည့်မှု အပြည့်ဖြင့် ကြည့်နေသော ယမုံ့ကို ရိုစီ စကားတစ်ခွန်းမေးလိုက်သည်။
"ယမုံ နင် ကိုဘုန်းကို ရှေ့လျောက်ဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ"
ယမုံပြန်ဖြေဖို့ စကားအတွက် ခဏတာစဥ်းစားနေသည်ကို မှန်ထဲကတစ်ဆင့်မြင်လိုက်ရသည်။
အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်ပြီးမှ
"ကိုဘုန်းက ငါ့အတွက်တော့ ၀ှက်ဖဲတစ်ခုပဲ ငါအပြင်မှာ ရှုပ်ပွေလို့၀ရင် ကိုဘုန်းရဲ့မိဘတွေကို ဆန့်ကျင်ပြီး ကိုဘုန်းကိုရအောင်လက်ထပ်မှာ ပြီးရင်တော့ ကျန်တဲ့ဘ၀ကို ဆရာ၀န်ကတော် ဆိုပြီး
သိက္ခာရှိရှိနဲ့ ဖြတ်သန်းတော့မှာ"
မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလာသော ယမုံ့ကိုကြည့်ပြီး ပြန်ပြောစရာ စကားပင်ရှာမတွေ့တော့...။သူကတော့ အေးဆေး ဖိနပ်စီးနေလေရဲ့။
ဒီနေ့ ယမုံ့နဲ့ တွေ့ရမည်ဆို၍ ဘုန်းမြတ်စိတ်ထဲမှာပျော်ရွှင်နေသည်။ယမုံနဲ့ သူနဲ့ မဆုံဖြစ်တာ ၂ပတ်ကျော်နေပြီဖြစ်သည်။ချိန်းထားသောနေရာသို့ ဘုန်းမြတ်ရောက်နေသည်မှာ ၁၀မိနစ်ခန့်ရှိပြီဖြစ်သည်။အပေါ်ထပ် လေဟာပြင်က ထောင့်စွန်းစားပွဲ၀ိုင်းမှာ နေ၀င်ချိန်အလှကို ကြည့်ရင်း ယမုံအလာကို စောင့်နေလိုက်သည်။သိပ်မကြာ နေ၀င်ဆည်းဆာကို ကြည့်နေသော မျက်လုံးများအပေါ်
နွေးထွေးလက်များဖြင့် အုပ်မိုးလာမှူကြောင့် ယမုံရောက်နေပြီဆိုတာသိလိုက်သည်။
ဘုန်းမြတ်လဲ ပြုံးလိုက်ပြီး မျက်လုံးအပေါ်မှာအုပ်မိုးလာသော လက်တွေကို သွေးကြောစိမ်းလေးများ ထောင်နေသော သူ့ရဲ လက်၀ါးကျယ်နဲ့ ပြန်လည် ဆုပ်ကိုင်လိုက်သည်။
"ယမုံ မင်းမှန်း ကိုယ်သိတယ်"
ပြုံးပြီးစကား ဆိုလာသော ဘုန်းမြတ်ကြောင့် ယမုံအနောက်ကနေ ခိုးရီမိလိုက်သည်။
"ကိုဘုန်းကလဲ မသိချင်ယောင်ဆောင်ပြီး တောင်မနေဘူးနော် ယမုံလို့ တန်းဖြေတော့တာပဲ"
ပန်းရောင် နှုတ်ခမ်းနီ ဆိုးထားသော နှုတ်ခမ်းလေးကိုဆူကာ မကျေနပ်တဲ့ ပုံစံနဲ့ ဆိုလာသော ချစ်သူကိုကြည့်တာ ဘုန်းမြတ် အားရပါးရ ရီမိတော့သည်။
"ဟားးး ယမုံကလဲ ကိုယ်ကယမုံကို အရမ်းတွေ့ချင်နေတာကိုး"
"ခနလေးတောင် မစောင့်နိုင်တော့ဘူး "
"အဲ့ဒါကြောင့် ကိုယ်က တန်းပြောလိုက်တာပါ စိတ်မဆိုးနဲ့နော်"
အရှေ့မှာ ဆူပုတ်နေသော ယမုံ့ကိုကြည့်ပြီး ကလေးဆန်လိုက်တာလို့ တွေးမိလိုက်သည်။
ဒီလို ကလေးဆန်တဲ့ သူမကိုမှ အမေက ဘာလို့ အမြင်မကြည်တာလဲ ဆိုတာစဥ်းစားလို့မရ။
"ကဲပါ ယမုံရယ် ကိုယ်တို့ စားစရာတွေ မှာကြမယ်"
"ကိုယ် ဗိုက်အရမ်းဆာနေပြီ "
"မနက်ကတည်းက အလုပ်တွေဆက်တိုက်လုပ်နေရလို့ ထမင်းတောင်သေချာမစားရသေးဘူး"
ဘုန်းမြတ် နှုတ်ခမ်းမဲ့ကာ မျက်နှာငယ်နဲ့ ပြောလိုက်တော့မှ ယမုံလဲဆူပုတ်နေရာမှ ထရီမိတောသည်"
"ကိုဘုန်း ကလေ ဆရာ၀န်တစ်ယောက်ဖြစ်ပြီးတော့ မသိရင် ကလေးကျနေတာပဲ လုပ်ပြနေတာက အသဲယားဖို့ကောင်းအောင်လို့"
"ကိုယ်က အများအတွက်တော့ တည်ငြိမ်ရင့်ကျက်ပေမဲ့ အမေနဲ့ ယမုံ့ရှေ့မှာတော့ နည်းနည်းတော့ ကလေးဆန်ကြည့်တာပေါ့"
မှာထားသော အစားအသောက်တွေရောက်လာတာနဲ့ နှစ်ယောက်စလုံး စတင် စားလိုက်ကြသည်။
အစားစားနေချိန် တိတ်ဆိတ်နေသဖြင့် ယမုံ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ကိုဘုန်း"
"ဟင် ယမုံ ဘာပြောမလို့လဲပြောလေ"
ဘုန်းမြတ် ဘေးနားရှိ ဖန်ခွက်ထဲကရေကိုသောက်ပြီး ယမုံကို မေးငေါ့ပြီး မေးလိုက်သည်။
"ကိုဘုန်း အမေက ယမုံတို့နှစ်ယောက်ကို သဘောတူတယ်တဲ့လား"
ရုတ်တရက်ဆန်သော ယမုံ့အမေးစကားကြောင့် ဘုန်းမြတ် ပြာယာခတ်သွားသည်။ခေါင်းထဲတွင် အစီအစဥ်မကျစွာ ပေါ်လာသောစကားကိုအမြန်ပြောလိုက်သည်။
"အမေက ကိုယ့်တို့ကိစ္စအတွက် စဥ်းစားဦးမယ်လို့ပြောတယ်"
"ယမုံနဲ့ကလဲ တစ်ခေါက်ပဲတွေ့ဖူးတော့ သူလဲ သိပ်အကဲမခတ်ရသေးလို့ ထင်ပါတယ်ကွာ"
"သိပ်စိတ်မပူနဲ့နော် ယမုံ့ဘက်မှာ ကိုယ်အမြဲတမ်းရှိတယ် "
စားပွဲခုံပေါ်တွင် တင်ထားသော ယမုံ့လက်ကို ဆုပ်ကိုင်ရင်း အားပေးစကားပြောလိုက်သည်။
"အင်းပါ ယမုံက ကိုဘုန်းကိုယုံပြီးသားပါ"
ပြုံးပြီး ခေါင်းညိမ့်ပြီး ပြန်ဖြေရှာတဲ့ ယမုံ့ကိုကြည့်ပြီး အမေ့ကို သေချာဖြောင်းဖြရန် ကိစ္စကိုရှေ့တိုးရတော့မည်။
ယမုံကို အိမ်ပြန်ပို့သော လမ်းတွင်ဖြစ်သည်။
"ယမုံ"
ဘုန်းမြတ်ခေါ်လိုက်တဲ့ အသံကြောင့် ကားမှန်ကိုခေါင်းမှီရင်း လိုက်ပါလာသော ယမုံ ဘုန်းမြတ်ရှိရာသို့ လှည့်ကြည့်လိုက်သည်။
နောက်တစ်ပါတ် ယမုံ့ ရုံးပိတ်ရက်ကျရင် ကိုယ်တို့ ဘုရားတူတူသွားရအောင်"
"တကယ်လား"
"ကိုဘုန်း အားတယ်ပေါ့"
"ယမုံနဲ့ အတူတူအပြင်သွားချင်တော့ မအားလဲ အားအောင်လုပ်ရမှာပေါ့"
ကားမောင်းရင်း ပြုံးပြီးပြန်ဖြေလိုက်သည်။
နှစ်ပတ်ခန့်ကြာသော်
ဒီနေ့ စနေနေ့။
ကျောင်းပိတ်ရက်မို့ ယွန်းမီနဲ့ အပြင်သွားရန် ချိန်းထားသည်။မနက် ၁၀နာရီ ကျရင် သူ အိမ်ကိုလာခေါ်မည်ဟု ပြောထားသဖြင့် အဆင်သင့်ပြင်ဆင်ပြီး စောင့်နေလိုက်သည်။ဒီနေ့ ရုပ်ရှင်ကြည့်ပြီး shopping ထွက်မှာမို့ ပေါ့ပေါ့ပါးပါးအကျီ်ကို ၀တ်ထားလိုက်သည်။ဒူးဖုံး လက်တစ်လုံးကြိုး ဂါ၀န်ပန်းရောင်ကို အပေါ် crochetပန်းရောင် ခါးတို လက်ရှည် ထပ်၀တ်ထားသည်။၉နာရီ ၄၅မိနစ် ရောက်နေပြီ ဖြစ်၍ အောက်ထပ်ရှိ ဧည့်ခန်းမှာ စောင့်ရန် အောက်ဆင်းလာခဲ့သည်။ ဧည့်ခန်းမှာ တော့ လမ်းထဲက အန်တီကြီးတစ်ယောက် နဲ့ အဖွား စကားပြောနေသည်ကို လှေကားပေါ်ကနေ လှမ်းတွေ့လိုက်သည်။
"သမီးလေး ဒီနေ့အရမ်းလှနေပါလား အပြင်သွားမလို့ထင်တယ်"
ဧည့်ခန်းထဲမှာ အဖွားနဲ့ စကားပြောနေရင်း မြမှူးဆင်းတာလာ မြင်တော့ အန်တီကြီးက နှုတ်ဆက်စကားဆိုလိုက်သည်။
"ဟုတ်တယ် အန်တီရဲ့"
"ဒီနေ့ သူငယ်ချင်းနဲ့ အပြင်သွားမှာမို့လို့"
ဧည့် ခန်းရှိ ဆိုဖာပေါ်တွင် ၀င်ထိုင်ရင်း ပြန်ဖြေလိုက်သည်။
Advertisement
အန်တီက ထောက်ခံတဲ့ သဘောနဲ့ ရီပြီး ခေါင်းညိမ့်ပြတော့ မြမှူးလဲ ပြန်ရီပြလိုက်သည်။
ပြီးတော့ အဖွားဘက်လှည့်တာ ပြောလက်စစကားဆက်ပြောတော့သည်။
"အခုတလော ဒီရပ်ကွက်ထဲမှာ နာမည်ကြီးနေတာကတော့ လမ်းထိပ်က ဆေးခန်း အကြောင်းပဲ ဒေါ်လေးရဲ့"
အန်တီက အဖွားကို ဒေါ်လေးလို့ ခေါ်နေကြဖြစ်သည်။
"ဟုတ်လား အဲ့ဆေးခန်းက အဲ့လောက်တောင် ဆေးကုတာ ကောင်းတာလား"
အဖွားက သောက်လက်စ လက်ဖက်ခွက်ကို စားပွဲပေါ်ချရင်း မေးလိုက်သည်။
မြမှူးလဲ အဖွားရဲ့ အမေးကို ဘာပြန်ဖြေမလဲဆိုတာ စိတ်၀င်စားစွာနဲ့ စားပွဲပေါ်က မုန့်ပန်းကန်ထဲက မုန့်တစ်ခုကိုယူစားရင်း မျက်လုံးအ၀ိုင်းသားဖြင့် နားထောင်မိလိုက်သည်။
"ဆေးကုသမှုကောင်းတာတင် ဘယ်ကမလဲ ဒေါ်လေးရဲ့ ဆရာ၀န်လေးတွေကလဲ ငယ်ငယ်ချောချောလေးတွေကြီးပဲ သဘောလေးတွေကလဲ ကောင်းလိုက်တာမှ လွန်ရောပဲ "
"ကျွန်မဖြင့် သမီးမရှိလို့ သမီးရှိရင် သမက်တောင် တော်ချင်တာ ဒေါ်လေးရေ"
ဆိုပြီး အရွှန်းဖောက်တော့ အဖွားရော အန်တီပါ တစ်ဟားဟားနဲ့ ရီကြတော့ မြမှူးလဲ ရောယောင်ပြီး လိုက်ရီလိုက်တော့သည်။စိတ်ထဲမှာတော့ အဲ့လောက်တောင် perfectဖြစ်နိုင် လောက်လို့လား ဆိုပြီး တွေးနေမိသည်။ခနအကြာမှာတော့
ယွန်းမီရောက်လာ၍ နှစ်ယောက် တူတူshopping ခရီးစဥ် ကိုစတင်လိုက်တော့သည်။
shoppingထွက်လာပြီး အပြန်ကားဂိတ်ကိုရောက်တာနဲ့ လေးလံသောခြေထောက်များဖြင့် အိမ်သို့ ဦးတည်လာတော့သည်။လက်ထဲမှာလဲ အထုတ်အပိုးများအပြည့်။ တစ်နေကုန်လျောက်သွားထားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေသည်။
ယွန်းမီ ခေါ်ရာနောက် အလိုက်ကောင်းတာ အပူရှပ်ပြီး ဖျားချင်သလိုဖြစ်နေလေပြီ။
အိမ်ရောက်တာနဲ့ အကျင်္ီီတောင် မလဲနိုင်တော့ပဲ တန်းပြီး အိပ်ပစ်လိုက်သည်။အဖွားက ထမင်းစားဖို့ လာခေါ်တော့လဲ အပြင်မှာစားခဲ့ပြီးပြီလို့သာ ပြန်ဖြေပြီး ဆက်အိပ်နေလိုက်သည်။တစ်ကိုယ်လုံး အရိုက်ခံထားရသလို နာကျင်ကိုက်ခဲနေပြီး ခေါင်းတစ်ခုလုံးလဲ မူးနောက်နေသည်။
မနက်ရောက်သော်
"သမီးရေ မြမှူး "
"ထတော့လေ ၉နာရီထိုးနေပြီ"
အထဲမှ ပြန်ဖြေသံ မကြားသဖြင့် အဖွားစောစိတ်ပူသွားသည်။မနေ့ကလဲ ပြန်လာကတည်းက အခန်းထဲကမထွက်တော့
"နေများမကောင်းဘူး လားမသိဘူး"
တစ်ယောက်ထဲရေရွတ်လိုက်ပြီး ဆက်ခေါ်လိုက်သည်။
"မြမှူးရေ"
အခန်းတံခါးခေါက်ပြီး ဆက်တိုက်ခေါ်တော့ နောက်ဆုံးတော့ အခန်းတံခါးဖွင့်လာတော့သည်။
တံခါးနောက်က မြေးဖြစ်သူရဲ့ မျက်နှာကိုမြင်တာနဲ့ အဖွားစော မျက်လုံးပြူးသွားတော့သည်။
"ဟယ် သမီး နေမကောင်းဘူးလား"
"ဟုတ်တယ် အဘွား ခေါင်းတွေကိုက်ပြီး ကိုယ်လက်တွေနာနေတယ်"
မြမှူး အသံအက်အက်နဲ့ ပြန်ဖြေလိုက်သည်။
"အဲ့ဒါဆို ဘယ်ဖြစ်မလဲ လာလာ နီးနီးနားနား လမ်းထိပ်ကဆေးခန်းသွားပြမယ် "
"ဖိုးထူးရေ ကားအဆင်သင့်ပြင်ထားလိုက်"
အဘွားက စိတ်ပူနေသည့်ပုံနဲ့ ကားအမြန်ပြင်ခိုင်းလိုက်ပြီး ဆေးခန်းပြရန် သွားပြင်ဆင်ဖို့ အောက်ကို ဆင်းသွားသည်။မြမှူးလဲ ဆေးခန်းသွားရန် အတွက် အ၀တ်အစားလဲရန် အခန်းထဲပြန်၀င်လာခဲ့သည်။
ဆေးခန်းရောက်တော့ အရှေ့မှာ တခြားလူနာတွေ ရှိသေးသဖြင့် လူနာတွေ တန်းစီထိုင်နေသော ခုံတန်းလျားမှာ၀င်ထိုင်လိုက်သည်။ခန္ဓာကိုယ်မှ အပူဓာတ်ကြောင့် ပူလောင်နေ၍ လေ၀င်လေထွက်ကောင်းသော ချည်သားအင်္ကျီနဲ့ ဘောင်းဘီရှည် ၀မ်းဆက်ကို၀တ်ထားသည်။
ခနအကြာတွင်ဆရာ၀န် ပုံစံရှိသည့် လူတစ်ယောက် လူနာကြည့်ခန်းထဲကနေ ဆေးကောင်တာ ဘက်ကို ထွက်သွားသည်ကို တွေ့လိုက်သည်။ပြီးနောက် ဆေးကောင်တာမှာ ထိုင်နေသော nurseမှ လှမ်းပေးလိုက်သော စာအုပ်ပေါ်တွင် ဆေးစာရေးပေးနေသည်။
ဆေးစာရေးပေးပြီး လူနာကြည့်တဲ့ အခန်းထဲကို ပြန်လာတဲ့ ဆရာ၀န်ကို တစ်ချက်လှမ်းကြည့်မိပြီး မြမှူး ခနတာ လောကကြီးနဲ့ အဆက်ပြတ်သွား သလိုခံစားလိုက်ရသည်။
"အိုး မိုင် ဂေါ့"
စိတ်ထဲမှာ တစ်လုံးချင်းဆီပြောမိလိုက်သည်။
အရှည်က ၆ပေ၀န်းကျင်လောက်ရှိပုံရသည်။အောက်က အင်္ကျီကအဖြူရောင် ကိုStyle pantဘောင်းဘီနဲ့ တွဲဖက်၀တ်ဆင်ထားပြီး အပေါ်ကဂျူတီကုတ် ထပ်၀တ်ထားသည်မှာ webtoon ထဲက ကာတွန်းဇာတ်ကောင် အပြင်ကိုခုန်ထွက်လာသည့်အတိုင်းပင်။မျက်နှာကို maskတပ်ထား၍ သေချာမမြင်ရပေမဲ့ စူးရှနေသော မျက်လုံးနဲ့ နက်မှောင်နေသော မျက်ခုံးမှာ ဆွဲဆောင်မှု တော်တော်ရှိသည်။
တစ်ယောက်ပြီးတစ်ယောက် လူနာတွေ ၀င်လိုက်ထွက်လိုက် လုပ်နေပင်မဲ့ သတိမထားမိ မျက်လုံးထဲမှာ အစောကဖြတ်ခနဲ မြင်လိုက်တဲ့ မျက်လုံးတစ်စုံကို ထုတ်မရနိုင်ဖြစ်နေသည်။
"မမြမှူး သော်တာ "
"၀င်လို့ရပါပြီနော်"
ကောင်တာက nurse ရဲ့ တုံကင် နာမည်ခေါ်သံကြားမှ အသိစိတ်တို့ ၀င်လာခဲ့ပြီး လူနာကြည့်ရာအခန်းထဲသို့ အဖွားလက်ကိုတွဲကာ တစ်လှမ်းချင်း ၀င်လာခဲ့သည်။
-------------------------------------------
မနေ့ကညကမှ စရေးခဲ့ပေမဲ့ ၀ိုင်းပြီး supportပေးခဲ့လို့ အများကြီး ကျေးဇူးတင်ပါတယ်🙆
အားလုံးရဲ့ အားပေးမှုကြောင့် အားတွေရှိလာပြီး
အပိုင်းသစ်တွေအမြန်တင်ပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားပါမယ်။ပထမဆုံး ficဖြစ်ပေမဲ့ စိတ်မပျက်စေရအောင် ကြိုးစားသွားပါမယ်❤️
Zawgyi
အခ်ိန္က ညေန ၅နာရီ။
"ဒီညနေ အစ်မချို City Mart မှာဈေးသွားဝယ်မယ်လို့တော့ ကြီးညိုကို ပြောထားတယ်သား"
"သြော်... ဟုတ်ကဲ့ အဲ့ဒါဆို အမေပြန်လာလို့ ကျွန်တော့်ကိုမေးရင် ယမုံ့နဲ့ သွားတွေ့တယ်လို့ ပြောပေးပါဉီး ကြီးညို"
ဟိုတယ်ခန်း တစ်ခုထဲမှာ ဉီးကောင်းမြတ်နဲ့ ယမုံ့တို့ ကုတင်ပေါ်မှာ အ၀တ်ဗလာဖြင့် တစ်ယောက်နဲ့ တစ်ယောက် ဖက်အိပ်နေကြသည်။
"ကိုကြီးးးးးး "
ရုံးပတေသီး ထက် ချွဲပြစ်သောအသံနဲ့ ဉီးကောင်းမြတ်ကို ယမုံခေါ်လိုက်သည်။
"ဟိုဟာလေ...."
"အဲ့ဒါ ယမုံ့ကို မုန့်ဖိုးပေးဉီး"
ယမုံ့ ဒီညနေ ဘုန်းမြတ်နဲ့ တွေ့ဖို့အတွက် ပိုက်ဆံလိုနေ၍ ဉီးကောင်းမြတ်ဆီမှ တောင်းနေခြင်းဖြစ်သည်။
ဉီးကောင်းမြတ် ရီကျဲကျဲနဲ့ ကုတင်ဘေးက စားပွဲပေါ်ရှိ ပိုက်ဆံအိတ်ကို လှမ်းယူလိုက်ပြီး အထဲမှ တစ်သောင်းတန် အုပ်လိုက်ကို ယမုံ့ကိုပေးလိုက်သည်။
"ပြွတ်"
ဉီးကောင်းမြတ်ဆီကနေ ချူစားလို့ ရနေခြင်းဖြစ်သည်။
ဉီးကောင်းမြတ်ပြောစကားကြောင့် ယမုံ့ထခုန်မတက်ပျော်သွားသည်။ယမုံလဲ ဘုန်းမြတ်နဲ့ ချိန်းထားတာမို့ ပြင်ဆင်ရဉီးမှာကြောင့်
"ကောင်းပါပြီဗျာ အဲ့ဒါဆိုကိုကြီးပြန်လိုက် ဉီးမယ် ကလေးအေးဆေးနေခဲ့ ဟုတ်ပြီလား ဗိုက်ဆာရင်လဲမှာစားထားလိုက် ကိုကြီးရှင်းလိုက်မယ်"
"ဟုတ်"
ဉီးကောင်းမြတ် အခန်းထဲကထွက်သွားတာနဲ့ သူငယ်ချင်းဖြစ်သူ ရိုစီကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို ရိုစီလား ငါ့ကိုကူညီပါဉီး"
အဆင်ပြေမဲ့ အ၀တ်အစားသုံးစုံလောက် ၀ယ်ပြီး လာပို့ပေးစမ်းပါဉီး"
ရွေးပြီးဝယ်လာတယ်"
အင်္ကျီဝတ်နေရင်း စပ်ဖြဲဖြဲနဲ့ ပြန်ဖြေလိုက်သော ယမုံ့ကို ကြည့်ရင်း ကိုဘုန်းကိုတွေးမိကာ
Advertisement
- In Serial56 Chapters
Chasing the New Girl - (Complete)
Jolie Watson was used to being invisible at her huge high school in New York but when her parents split up & her Mom moves her back to her tiny hometown in Illinois, she catches the attention of all the boys in school. The fact that she's from New York along with the shocking makeover her Mom gave her to cheer her up about the move makes it impossible to be invisible at her new school. Everyone is curious about her and there's no where to hide. When word spreads around the school that she's a virgin, someone gets the bright idea to create a website taking bets on which of the school's hottest guys will be the first to take her virginity. One of those guys is her extremely hot next door neighbor Austin Fox, who's a sweetheart & the quarterback of the football team. The second one is notorious bad boy Blaze McDaniels, and the third is Chaz Hernandez, the school's biggest player. She is determined that none of them will win. Will she be able to resist the temptation of these guys and figure out who's behind the website and get it taken down? It's hard to know who to trust. Who genuinely likes her and who's just in it to win the money/clout. She's a senior so she only has to survive for 1 year. That should be easy, right?**** Very mature themes & sexual content - 18+ only!Hit #1 in #teengirl - January 5th, 2022Hit #9 in #teenromance out of 93,000 stories. January 5th, 2022Hit #1 in #makeover - March 8th, 2020 and August 7th, 2021Hit #1 in #quarterback - August 8th, 2020Hit #1 in #football - September 27th, 2021
8 253 - In Serial17 Chapters
The Entangled Fates
It is said that angels and devils walk on Earth in human forms. But what if it's not just a myth and they actually are present around us, keeping a low profile. What if it's the boy you bully in school, or the girl who always keeps to herself in class are not humans and waiting to creep into your dreams. What if it's a girl who always tops the class and her brainiac image is actually a part of her superpowers, the bullied boy is keeping chains around his ire, not letting his unstable powers to unleash and the world doesn't lack such beings. Aden and Amara are such two lost souls which are fated to be together. But is it really that simple for them to be together? Or destiny has something else written for them. What will happen if these two finally cross each other's path after walking for decades on Earth. Or is it really the first time they will run into each other?
8 72 - In Serial23 Chapters
Being Realized
Ash Ketchum, a Stock Market supervisor in Phoenix, got a call from his school professor, Professor Oak, and invites him to be the part of the student reunion in Seattle. Ash could finally meet his destiny and childhood best friend-cum crush, Serena. Serena on the other hand took Ash as her best friend, not realizing her feelings towards him. But then something occurred which shook Ash.Could Serena realize her feelings towards Ash and can Ash make Serena an important page in his diary of life?All is written in the Diary of LifeI DON'T OWN ANY CHARECTERS IN THE SERIES.
8 181 - In Serial46 Chapters
His Cheetah | Soulmate/Hybrid | Jimin x Reader✔
At last, it was your turn to meet Jimin. The double heartbeats of your nearing soulmate was pounding harder than ever. You then moved your legs and stood in front of the man. You tried to keep your fangirling inside of your head and avoided eye contact with him. "Don't be afraid," he softly said. You take a big deep breath and slowly lift your head. The moment your eyes meet his gaze, an unimaginable feeling rushed in like a tidal wave. The feeling was so incredible, nothing how you would have ever thought it would've. Your breath catches in your throat. Your heartbeat exceeds its normal amount. The only thing you can do is stare; Jimin the exact same way. And at that moment, you smelled something you would have never noticed before. . . Park Jimin is a hybrid.*** In which Y/N L/N is a Cheetah hybrid and meets her soulmate Park Jimin at a fan meet.***Started: April 25, 2020Ended: August 29, 2020***#1 in 박지민 out of 256 stories.#1 in 지민 out of 271 stories. (OMG)#1 in j-hope out of 10K stories. (AHH)#1 in PARKJIMIN out of 41.5K stories. (HOLY SHIIIIIIIIIIIIT plz pardon my French)#1 in 방탄소년단 out of 3.2K stories.#1 in RM out of 27.6K stories.#1 in fanfiction out of ONE POINT FOUR MILLION stories. (WHAT THE ACTUAL FLYING F WORD GUYS AHHHHHHHHH!!!!!)#1 in fanfic out of ONE MILLION stories.#1 in Bangtan out of 61.2K stories. (AAAAAAAAACK)#1 in jungkook out of 190K stories. (EEEEEK)#2 in namjoon out of 69.3K stories. (YAYYYYY)#1 in hybrid out of 14.1K stories. (REEEEEEE)#2 in bangtansonyeondan out of 292K stories. (🤯)#2 in bts out of 292K stories. (🤯🤯)#2 in bangtanboys out of 292K stories. (🤯🤯🤯)#1 in soulmate out of 15.3K stories. (😮)#1 in Jimin out of 130K stories. (AHHHH)***Cover by @KimGits
8 124 - In Serial4 Chapters
His Drunk Girl
He smells like alcohol and that's my favorite.
8 174 - In Serial38 Chapters
The Mischievous Mrs. Maxfield
***The wrong girl is sometimes The Right One.*** Charlotte Samuels thought she'd be stuck waiting tables at Marlow's until all her debts are paid off-in about ten thousand years or so. She definitely didn't expect a marriage proposal from the arrogant Brandon Maxfield who was blackmailed by his father to make her his wife if he didn't want his least favorite cousin to run Maxfield Industries. Charlotte's instinct was to say HELL NO! but she's stumped by a few obstacles: 1.) His old man Martin Maxfield is dear to her heart and has been recently deteriorating in health. 2.) She gets a million dollars if she stays married to Brandon for a year. 3.) She would rather like the opportunity to teach the attractive but awfully rude man a few lessons he didn't think he needed from a 'teenage gold-digger' which was his term of endearment for her on their first date-er, business meeting. So what's a girl got to do, right? Sure, she's young and a little rough around the edges but there's something her would-be husband didn't know about her yet-she's nothing like he ever expected. Thrust into the glitzy world a standard-issue Mrs. Maxfield would fit perfectly and rule with impeccable social grace, Charlotte will either have to force herself into the mold or break free of it, risking what little she has left for everything that she can gain.*** Copyright © 2014 by Nina Tippett. All rights reserved. No part of this document may be reproduced or transmitted in any form or by any means, electronic, mechanical, photocopying, recording, or otherwise, without prior written permission of Nina Tippett. This is a work of fiction. All of the characters, organizations, and events portrayed in this novel are either products of the author's imagination or are used fictitiously. Images, music and videos used in the cover art and any of the multimedia content posted in this story are the sole property of their respective owners.
8 350